(၁) ကျွန်မအသက်က ၂၆ နှစ်ပါ။ ကလေးက ၂ လလောက်ရှိပြီ။ မိခင်နို့နဲ့ နို့မုန့်နှစ်မျိုးတိုက်ပါတ
ကျွန်မ တခါမှ အဲ့လိုမခံစားရဖူးဘူး ကလေးက နို့မစို့တတ်သေးတာလားဆရာ။ ညာဘက် နို့ဖျားနားက အညိုရောင်အကွင်း နို့သီးခေါင်းပတ်လည်က ရောင်နေသေးတယ်။ အမေက နို့တမျိုးတည်းတိုက်မှ နို့က ထွက်လာလိမ့်မယ် ပြောတယ်။ အခု ကလေး၂ လလောက်ရှိမှ နို့ထွက်လာအောင် နို့မှုန့်ဖြတ်လိုက်ရင် ဖြစ်ပါ့မလားဆရာ။ နို့မှုန့်မတိုက်ပဲနဲ့ ကလေးကို မလောက်မငှထားပြီး နို့ပေးစို့ရင် နို့တွေများလာမလားဆရာ။ ကျွန်မက မိခင်နို့ပဲ တိုက်ချင်လို့ပါ။ အစားအစာလဲ ကောင်းကောင်းစားပါတယ်။ ဟိုအရင် ကိုယ်ဝန်ဆောင်တုန်းကလောက် မစားနိုင်တော့ဘူး အဲ့ဒါကြောင့် နို့ထွက်နည်းတာလားလဲမသိဘူး။
(၂) ကလေးမွေးပြီးလို့ နို့ထွက်အောင်လုပ်ရတာအရမ်းန
ပုံမှန်ကိုယ်ဝန်၊ ပုံမှန်ကလေးမွေးဖွါးခြင်းတေ
နို့ထွက်နည်းတာကို ပြုပြင်နည်း
နို့ကိုစို့ပေးတဲ့ လှုံ့ဆော်မှုရှိမှ နို့ထွက်စေတယ်။ ကလေးကမွေးကင်းစအသားဝါ ဖြစ်နေရင် နို့စို့ချင်စိတ် နည်းနေမယ်။ ကလေးကကောင်းကောင်းမစို့တတ်တ
မိခင်ကလည်းအစားအစာ ပြည့်စုံလုံလောက်အောင်စားပါ
လူ့ကိုယ်ထဲမှာ Prolactin (ပရိုလက်တင်) ဟော်မုန်းအလုံအလောက် ရှိနေရင် နို့ကောင်းကောင်းထွက်မယ်။ သူနည်းရင် နို့နည်းမယ်။ Prolactin-inhibiting factors (Dopamine) ကနေထိန်းပေးနေတယ်။ ဒါကြောင့် ဒီဓါတ်ကို ချေဖျက်တာ လုပ်ပေးနိုင်ရင် နို့ထွက်မှန်စေမယ်။ ဒါပေမဲ့ အမျိုးသမီးတိုင်းကိုသုံးမရြ
(ပရိုလက်တင်) ကို (LTH) လို့လဲခေါ်တယ်။ (ပစ်ကျူထရီ) ခေါ်တဲ့ ဦးနှောက်ထဲက နေရာကနေ ထုတ်ပေးတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ၁ဝ-၂ဝ ဆအထိတိုးလားတယ်။ (ပရိုလက်တင်) အနည်း-အများ ဆေးစစ်နည်းရှိတယ်။
• နို့ထွက်နည်းခြင်း၊
• ယောက်ျား-မိန်းမလိင်စိတ် နည်းနေခြင်း၊
• ပန်းသေ-ပန်းညှိုးဖြစ်နေခြင်
• ကလေးမရဖြစ်နေခြင်း၊
• ရာသီမမှန်-မလာခြင်းတွေအတွက်
ပုံမှန်ဆိုရင် -
• ယောက်ျားမှာ 2 - 18 ng/mL
• ကိုယ်ဝန်မဆောင် မိန်းမမှာ 2 - 29 ng/mL
• ကိုယ်ဝန်ဆောင်မှာ 10 - 209 ng/mL ရှိရတယ်။
နို့ထွက်များစေမဲ့ဆေးတွေလဲသ
• အမေရိကားမှာသုံးတတ်တဲ့ Reglan (Metoclopramide) ဆေးကကလေးတွေ လေအန်တာ၊ မအေတွေ အအန် သက်သာစေတာအတွက် သုံးတယ်။ နို့ထွက်များအောင် မအေကိုတခါသောက် 10mg ကိုတနေ့ ၂ ကြိမ်၊ ၁-၂ ပတ် သောက်ပါ။ ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးကစိတ်ဓါတ်
• ကနေဒါမှာသုံးတတ်တဲ့ Domperidone (Motilium, Motilidone) ဆေးကဘေးထွက်-ဆိုးကျိုးသိပ်မ
• Sulpiride (Dolmatil, Sulparex, Sulpitil, Eglonyl, Equemote) ဆေးကအမှန်ဆိုရင် Schizophrenia စိတ်ရောဂါကိုသုံးတာ ဖြစ်တယ်။
• တိုင်းရင်း (ဟာဗယ်) ဆေးနည်းတွေလဲရှိတယ်။ Fenugreek capsules တခါသောက် ၃ တောင့်၊ တနေ့ ၃ ကြိမ်၊ ၁ဝ ရက် သောက်ပါ။ နောက်ပိုင်း ၂ တောင့်၊ ၁ဝ ရက်သောက်ပါ။ တနေ့ ၃ ကြိမ်၊ နောက်ပိုင်း ၁ တောင့်၊ တနေ့ ၃ ကြိမ်၊ ၁ဝ ရက် သောက်ပါ။ ဆေးသောက်ပြီး ၃ ရက်အတွင်းသိသာလာမယ်။ ဘေးထွက်-ဆိုးကျိုးကတော့ ချွေးထွက်တာ၊ စွန့်ထုတ်တာတွေ များမယ်။ Maple syrup အနံ့တမျိုးရမယ်။ ဆီးချိုရှိနေရင်၊ ပန်းနာရှိရင် မပေးဘူး။
• Blessed Thistle တခါသောက် ၂-၃ ပြား၊ တနေ့ ၃ ကြိမ်။
• Red Raspberry tea ဖြစ်ဖြစ်၊ ဆေးတောင့်ဖြစ်ဖြစ် သောက်ပါ။
• Oatmeal အုတ်စပါး (ကွေကာအုတ်) စားသုံးပါ။
• Yeast tablets တခါသောက် ၂-၃ ပြား၊ တနေ့ ၃ ကြိမ်သောက်ပါ။
• မင်္ဂလာသတင်းစဉ်မှာဖတ်ရတယ်။ "နွားအမြီး၊ မီးဖုတ် ခြစ်ထုတ်ပြီးအတုံးလေးတွေတုံ
• Diet for a healthy breastfeeding mom နို့တိုက်မိခင်တွေ ဘာတွေ စားသင့်သလဲ
http://
• Hyperprolactinaemia နို့ထွက်-ဟော်မုန်းများခြင်
http://
• Nipple Crack and Fissure နို့တိုက်မိခင် နို့ထိပ်ကွဲနေခြင်း
http://
Dr. တင့်ဆွေ
၈-၅-၂ဝ၁၂
၁-၃-၂ဝ၁၄
https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.35
No comments:
Post a Comment