တစ်ခါတုန်းက သူဌေးတစ်ယောက်အိမ်ကို သူတောင်းစားတစ်ယောက် ရောက်လာပါတယ်၊ သူဌေးကြီးကို အသင့်တွေ့တာနဲ့ “သူဌေးကြီးချင်ဗျာ ထမင်းကျန်ဟင်းကျန်လေးများရှ
“ရှေးကကောင်းလို့ အခုကောင်းပါသည်
အခုကောင်းရင် နောင်ကောင်းပါလိမ့်မည်။
ရှေးကမကောင်းလို့ အခုမကောင်းပါသည်၊
အခုမကောင်းရင် နောက်မကောင်းပါလိမ့်မည်။”
လို့ ဆိုပြီး ကန်တော့လိုက်ပါတယ်။
သူတောင်းစားက ကန်တော့ပြီး ပြန်ဆင်းမယ်အလုပ်ရော သူဌေးကြီးက “ ဟဲ အစေပါး လာစမ်း၊ ဟိုပြင်ထား တဲ့ ထမင်းဝိုင်းထဲက တစ်ယောက်စာလုံလုံလောက်လောက်
ရှေးက ကုသိုလ်ကောင်းမှုတွေ မပြုခဲ့လို့ အခုဘ၀ မကောင်းဖြစ်နေတယ်၊ အခုဘ၀ ကုသိုလ်ကောင်းမှု ဆက်မပြုဘူးဆိုရင် နောင်ဘ၀လည်း ဆက်မကောင်းဦးမှာဘဲ။ရှေးက ကုသိုလ်ကောင်းမှု ပြုခဲ့လို့ အခု ဘ၀ ကောင်းနေတယ်၊ အခုဘ၀ ကုသိုလ်ကောင်းမှု ဆက်မပြုဘူးဆိုရင် နောက်ဘ၀ မကောင်းဘဲ ဖြစ်နေ လိမ့်မယ်။ရှေးက ကုသိုလ်ကောင်းမှု မပြုခဲ့လို့ အခုဘ၀မကောင်းဘူး၊ ဘာဖြစ်လဲ၊ အခုဘ၀ ကုသိုလ်ကောင်း မှုတွေ ဆင့်ကာဆင့်ကာ ပြုနေရင် နောင်ဘ၀ ကောင်းမှာပဲ။
စိတ်နေစိတ်ထားဘက်က လှည့်တွေးမယ်ဆိုရင်လည်း ရှေးဘ၀က စိတ်ထားကောင်းခဲ့ လို့ အခု ဘ၀ကောင်းနေ တယ်၊ အခုဘ၀ စိတ်ထားကောင်းရင် နောင်ဘ၀လည်း ဆက်ကောင်းဦးမှာပဲ။
ရှေးဘ၀ က စိတ်ထားမကောင်းခဲ့လို့ အခုဘ၀ မကောင်းဖြစ်နေတယ်၊ အခုဘ၀ စိတ်ထားမကောင်း ရင် နောင် ဘ၀လည်း မကောင်းဦးမှာဘဲ ရှေးဘ၀က စိတ်ထားကောင်းခဲ့လို့ အခုဘ၀ ကောင်းနေတယ်၊ အခုဘ၀ စိတ်ထားမကောင်းရင် နောက်ဘ၀ မကောင်းဘဲဖြစ်နေလိုမ့်မယ်။ေ
ဥပမာ---ကိုယ့်ပတ်ဝန်းကျင်မှ
တကယ်တော့ သူတစ်ပါးရဲ့ကံကို ကိုယ်က အားကျရမှာပါ မနာလိုရမှာ မဟုတ်ပါဘူး။ မနာလိုတဲ့ စိတ်ဖြစ်နေ တာကကို ကိုယ့်ရဲ့ အတွေးအခေါ် မှားနေတာပါပဲ။ ကိုယ့်ထက်သာတဲ့သူ နဲ့ တွေ့တဲ့ အခါ နှလုံး သွင်း မှန်ဖို့ သိပ် အရေးကြီးပါတယ်။ နှလုံးသွင်း မှားရင်နစ်သထက် နစ်သွားပါလိမ့်မယ် ။ နှလုံးသွင်းမှန် ဖို့ကတော့ သိပ်ပြီး မခက်လှပါဘူး အထက်က လင်္ကာလေးကို ပြန်အာရုံပြု လိုက်ရုံပါပဲ။
“သြော့့်  သူက ရှေးက ကောင်းခဲ့လို့ အခုကောင်းနေတာ၊ ငါက ရှေးက မကောင်းခဲ့လို့ အခုမကောင်းနေ တာ၊ သူလိုကောင်းအောင် အခုဘ၀မှာတော့ ကောင်းအောင်ပဲနေမယ်” လို့ နှလုံးသွင်းပြီး နေသွားဖို့ပါပဲ။ လူဆိုတာ တစ်ဦးတစ်ယောက်တည်းနဲ့ ရပ်တည်လို့ မရတာဆိုတော့ ပတ်ဝန်းကျင်တိုတာတော့ သေတဲ့ အထိ ရှိနေမှာပါပဲ၊ ပတ်ဝန်းကျင်ရှိနေတဲ့အတွက် ပတ်ဝန်းကျင်ကို အမှီပြုပြီး ခံစားချက်မျိုးစုံတော့ ၀င်လာနေ မှာပဲ၊ ကောင်းတဲ့ခံစားချက်ဝင်လာရင်
ပတ်ဝန်းကျင် အမှီပြုပြီး ခံစားချက်ဝင်လာရင် နှလုံးသွင်းမှန်ဖို့ သိပ် အရေးကြီးပါတယ်။ နှလုံးသွင်းမှားသွား ရင် ဒီ ပစ္စုပ္ပန်ဘ၀တင်မကဘဲ နောင်သံသရာ အထိ အကျိုးယုတ်မှုတွေ လိုက်သွားတတ်ပါတယ်၊ လိုက်သွား တဲ့ သာဓကတွေလည်းအများကြီးပါ။ လူဆိုတာ သူ့ကံနဲ့သူ၊ ကိုယ့်ကံနဲ့ကိုယ်ပါ၊ ကိုယ်ကပညာအတွေ့အကြုံ သူထက်သာချင်သာမယ်၊ ကံကျတော့ သူ့ထက် သာချင်မှသာမှာပါ၊ ဒီကံရဲ့ သဘာဝကို ကိုယ်က
ကောင်းကောင်း လက်ခံနိုင်ရမယ်၊ လက်ခံပြီး သူရဲ့ကံကို အဖြစ်မတင်မိစေဘဲ ကိုယ့်ရဲ့ ကံကိုပဲ အပြစ် တင်ပြီး“ငါ အတိတ်ဘ၀က ကောင်းမှုကံ နည်းခဲ့လို့ အခုဘ၀ မကောင်းတာဘဲ၊ ဒီဘ၀မှာတော့ ကုသိုလ်
ကောင်းမှုတွေ ဆင့်ကာဆင့်ကာ ပြုနေမှာပဲ” ဆိုပြီးကုသိုလ်ကောင်းမှုတွေ ပြုပြုပေးဖို့ပါ။ ဘာပဲပြောပြော ကိုယ့်ထက်သာတဲ့တစ်ယောက်ယောက
ရှေးကကောင်းလို့ အခုကောင်းပါသည်၊
အခုကောင်းရင် နောင်ကောင်းပါလိမ့်မည်။
ရှေးကမကောင်းလို့ အခုမကောင်းပါသည်၊
ခုမကောင်းရင် နောင်မကောင်းပါလိမ့်မည်။
ကျမ်းကိုး- ရဝေနွယ်(အင်းမ)
No comments:
Post a Comment