ငယ်ငယ်တုန်းက ကျောင်းပိတ်ရက်တွေဆို သူငယ်ချင်းတွေနဲ့ ချိန်းပြီး ရွာနောက်က စမ်းချောင်းထဲမှာ ငါးသွားမျှားလေ့ရှိတယ်။ လယ်ကွင်းပြင်တွေ ဖြတ်ပြီး သွားရတဲ့အတွက် စမ်းချောင်းနားရောက်တာနဲ့ အရင်ဆုံး လုပ်ရတဲ့ အလုပ်ကတော့ ခြေထောက်မှာ တွဲလောင်း တွဲလောင်း ကပ်တွယ်နေတဲ့ လက်သန်းသာသာလောက်ရှိ မျှော့ကြီးတွေကို ခွါပစ်ရတဲ့အလုပ်ပဲ။ အသဲယားအူယားတတ်တဲ့လူတွေဆို ကြည့်တောင် မကြည့်ရဲကြဘူး။ မိုးတွင်းကာလဆို အဆိုးဆုံး။ မိုးကျတာနဲ့ လယ်ကွင်းတွေထဲ အများဆုံးပေါက်နေတဲ့ အကောင်ပလောင်တွေကတော့ မျှော့တွေပါပဲ။ မိန်းကလေးတွေ ဘယ်သူမှ မသွားရဲကြဘူး။ မျှော့အတွယ်ခံရမှာစိုးလို့ တဲ့။ ကျုပ်တို့ ကောင်လေးတွေကတော့ တီတွေ မျှော့တွေ မပြောနဲ့ တစ်ခါတစ်လေ မြွေတွေတောင် ဖမ်းပြီး အိပ်ထောင့်ထဲ ထည့်ထားလိုက်သေးတယ်။ ကြောက်ရမှန်းမသိ၊ လန့်ရမှန်းမသိပေါ့။
တစ်ခါတစ်လေ ခြေထောက်မှာတွယ်ကပ်သွေးစုပ်
ဆရာဝန်တစ်ယောက်ကပြောတယ် “မျှော့တွေဟာ ရောဂါအားလုံးလောက်နီးပါးကို
မော်စကိုမြို့ပြင်တစ်နေရာမှ
မျှော့ပါရဂူကြီးတွေ အဆိုအရ မျှော့တစ်ကောင်မှာ မေးရိုးသုံးခုပါပြီး သွားအချောင်းပေါင်း ကိုးဆယ် ပါသတဲ့။ ကမ္ဘာပေါ်မှာ သွားအများဆုံး သတ္တ၀ါတစ်မျိုးဖြစ်မယ် ထင်တယ်။ မျှော့သတ္တ၀ါရဲ့ အသုံးကျမှုကဘာလဲဆိုရင် အာရုံမခံစားနိုင်မှုကို ဖြစ်စေတဲ့ သဘာဝအလျောက်ဖြစ်ပေါ်လာတဲ့ သွေးခဲမှုတွေကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုတယ်။ သွေးခဲ့မှုကြောင့် ကိုယ်ခန္ဓာတစ်ခုလုံးလေးလံထို
အသက် (၃၅) နှစ်အရွယ်ရှိပြီဖြစ်တဲ့ Irina Eliseyeva ကတော့ သူမရဲ့ အလှကို ထိမ်းသိမ်းတဲ့နေရာမှာ မျှော့တွေကို အသုံးပြုတယ်လို့ ဆိုပါတယ်။ သူပြောတာက “ဒီကောင်လေးတွေဟာ ကျမကို အစဉ်အလှတိုးစေရုံမက ကျမရဲ့ အသားအရေကိုလည်း ပိုမိုကျမ်းမာစိုပြေစေပါတယ်
မျှော့မွေးမြူရေးဌာက ကုမ္ပဏီမန်နေဂျာတစ်ယောက်ဖြစ်
hyperactivity လို့ခေါ်တဲ့ ဂနာမငြိမ်ရောဂါခံစားနေရတဲ့ အသက် (၇)နှစ်အရွယ် ကလေးငယ်တစ်ယောက်ကို သူ့ဆရာဝန်က မျှော့တွေကို အသုံးပြုပြီး ဆေးကုသပေးခဲ့ပါတယ်။ အဲဒီဆရာဝန်ကပဲ အထက်က စကားကို ပြောကြားခဲ့တာပါ။
အဲဒီတော့ ကျနော်တို့ အသဲယားအူယားဖြစ်ပြီး ကြောက်လန့်နေတဲ့ မျှော့ကောင်တွေဟာ တကယ်တော့ လူသားတွေရဲ့ ကျမ်းမာရေးဘက်မှာရော၊ အလှဖန်တီးတဲ့နေရာမှာပါ အသုံးကျလှကြောင်း ကြုံကြိုက်တုန်း တင်ပြပေးလိုက်ပါတယ်။ ဒီတစ်ခါ ခြေထောက်မှာ မျှော့အတွယ်ခံရရင်တော့ တွယ်ချင်သလောက်တွယ် မခွါတော့ဘူး။ အမျိုးသမီးတွေကိုလည်း အကြံပေး ရဦးမယ်။ လှပနုပျိုမှုတွေနဲ့ ကိုယ့်ဘ၀ကို ထာဝစဉ်ထိန်းသိမ်းထားချင်သပဆ
အလင်းတန်း
https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351
No comments:
Post a Comment