စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘေးအန္တရာယ်ကင်းဝေးအောင်~ (စားသောက်နေထိုင်လိုက်နာရမည့်အချက်များ)

               

(၁) မလတ်ဆတ်သော အစားအစာများက အာဟာရမဖြစ်စေတဲ့အပြင် ဗိုက်နာ၊၀မ်းပျက်၊၀မ်းလျော၊မူးဝေ၊ အော့အန်၊အစာအဆိပ်သင့်ရောဂါတွေပါ ဖြစ်စေနိုင် တာကြောင့် သန့် ရှင်းလတ်ဆတ်သော သား၊ ငါးတို့ ကိုသာ ရွေးချယ်စားသုံးပါ။

(၂) အသား၊ ငါး နှင့် ပင်လယ်စာများကို အသားတုံးသေးသေး ညီညီတုံး၍ ကျက်ေ အာင် ချက်ပြုတ် ပါ။

(၃) အဆိပ်ရှိသောမှို၊ အဆိပ်ရှိသောငါး၊ ပင်လယ်စာ Sea foods အချို့ တို့ မှာ သဘာဝအလျောက် အဆိပ်များပါဝင်နေကြ၍ သတိပြုဆင်ခြင်စွာ စားသုံးပါ။

(၄)မှိုတက်နေသောငရုပ်သီးခြောက်၊ငရုပ်သီးမှုန့် ၊ပဲမှုန့် ၊ ကောက်ပဲသီးနှံများ၊ အသီးအရွက်များ နှင့် ပိုးသတ်ဆေးလွန်ကဲစွာ သုံးထားသော ကောက်ပဲသီးနှံများ၊ ဟင်းသီးဟင်းရွက်များကြောင့် အစာအဆိပ်သင့်နိုင်ပါတယ်။

(၅) သဘာဝနည်းဖြင့် စိုက်ပျိုးထားသော အော်ဂဲနစ်ဟင်းသီးဟင်းရွက် နှင့် သစ်သီး ၀လံများကိုသာစားသုံးပါ။ မျိုးရိုးဗီဇပြုပြင်ထား တဲ့ ထွက်တိုးသီးနှံဆေးဝါး များ နှင့် ပိုး သတ်ဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ အတွက် အသီးအနှံဆေးကြော သည့် ဆပ်ပြာ ရည်ဖြင့် ဦးစွာဆေးကြောသန့် စင်ပြီးမှ ချက်ပြုတ်စားသုံးပါ။ အထူး သဖြင့် အခွံပါဝါး စားရတဲ့ ခရမ်းချဉ်၊ စပျစ်၊ စတော်ဘယ်ရီများ နှင့်  ပဲသီး အမျိုး မျိုး၊ ဂေါ်ဖီထုပ်ပါ မကျန် ဟင်းသီးဟင်းရွက်အားလုံးကို ရေစင်စင် မဆေးကြော ဘဲမစားပါနှင့်။

(၆) အစားအသောက်တွေမှာ သုံးခွင့်မပြုထားသော ချည်ထည်ဆိုးဆေးတို့ လို၊ အရောင်တင်ဆေးများကို စားသုံးမိတဲ့အခါ၊ အစာအဆိပ်သင့်ရောဂါ၊ ၀မ်းလျှော ၀မ်းပျက် ၀မ်းကိုက်ရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ သန်ကောင်ရောဂါ တို့ ဖြစ်စေ နိုင် ပါတယ်။ ဒါ့ပြင် ကုသရန်ခက်ခဲတဲ့ ကင်ဆာရောဂါအမျိုးမျိုးဖြစ်စေ နိုင်ပြီး၊ အသက်အန္တရာယ်နှင့် ကြုံရတတ်ပါတယ်။

(၇) နွားနို့ ၊ ကျွဲနို့ ၊ ဆိတ်နို့ စတဲ့ နို့ များကို အစိမ်းမသောက်ပါနှင့်။ မကျက်သေးတဲ့ နို့ တွေကို သောက်သုံးမိတဲ့အခါမှာလည်း အစာအိမ် နှင့် အူများကိုပိုးဝင်စေပြီး ၀မ်းဖော၊ ၀မ်းရောင်၊ လေပွခြင်း နှင့် အူတီဘီရောဂါများ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နို့ များကို ဆူပွက်နေအောင် ကျိုချက်ပြီးမှသောက်ပါ။

(၈) ထမင်းစားနေစဉ် ရေ နှင့် ရေခဲရေတို့  (လုံးဝ) မသောက်ပါနှင့်။ ထမင်းလုပ် မနင်အောင် ဟင်းချို၊ ချည်ရည်ဟင်း၊ စွတ်ပြုတ် စသည့်အရည်ပူပူသောက်ပါ။ (သို့ မဟုတ်) ရေနွေးကြမ်းသောက်၍ စားပါ။ ထမင်းစားပြီးနောက် အနည်းဆုံး နာရီဝက်ခန့် ကြာမှ ရေအေးသောက်ပါ။

(၉) ဖြစ်နိုင်ရင် ချက်ပြုတ်ပြီးအစားအစာတို့ ကို ပူပူနွေးနွေးစားသုံးပါ။ အကယ်၍ချက်ပြုတ်ပြီးအစာများကိုချက်ချင်းမစားသုံးဖြစ် သေးပါက၊ ရေခဲသေတ္တာထဲမှာ စံနစ်တကျသိမ်းဆည်းပါ။ (သို့ မဟုတ်) မီးဖိုပေါ် အပူပေး၍ တည်ထားပါ။ (အခန်း အပူချိန် ၂-နာရီ ထက်ပို၍ မထားပါနှင့်)

(၁၀) နေ့ ဖို့ ညစာခွဲချန်၍ သိမ်းဆည်းထားသောအစားအစာများ ကို ကောင်းစွာပြန် လည်ချက်ပြုတ်ပြီးမှစားပါ။

(၁၁) ချက်ပြုတ်ပြီး အစာများနှင့် မချက်ရသေးတဲ့ အသားစိမ်း၊ ငါးစိမ်းများကို မထိမိ၊ မရောနှောမိအောင် ဂရုစိုက်၍ ခပ်ဝေးဝေး ခွဲထားပေးပါ။

*** ဆက်လက် ဖော်ပြပါမည် ***

2-03-2014 နေ့ ထုတ် ပြည်ထောင်စုနေ့ စဉ် သတင်းစာ (စာမျက်နှာ ၂၁) မှာပါ တဲ့ဆောင်းပါးလေး ပါ။ FB မိတ်ဆွေများ ကျမ္မာသုတရစေဖို့ အ တွက် စေ တနာ များစွာဖြင့်.မျှဝေလိုက် ရပါ တယ်ရှင်။ (ဆောင်းပါးရှင်....ပေါက်ပေါက်)

<<လူသားပီသစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

credit to promise.pauk fb

နှင်းဆီဖူးလေးများ-Love BUDS


https://www.facebook.com/MyawadyNews/photos/a.35104

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...