
ပေါ့ပေါ့ပါးပါး သေးသေး သွယ်သွယ်ပဲ ပြုလုပ်ထားပါတယ်။ ရေကိုသာ Fuel Cell အဖြစ် အသုံးပြုပြီး စွမ်းအားထုတ်ပေးခြင်း ဖြစ်လို့ iPhone မှတင် မဟုတ်ပါဘူး USB နဲ့ အားဖြည့်သွင်းတဲ့ မည်သည် Digital ပစ္စည်းမဆို ဒီ Charger နဲ့ အားပြန်သွင်းနိုင်ပါတယ်။
အံ့သြဖွယ်ရာ တီထွင်မှုဖြစ်ပြီး ရေခံခွက်ငယ်လေးထဲကို ရေအနည်းငယ်ထည့်၊ USB ကြိုးနဲ့ iPhone ကိုသွယ်ပေးလိုက်ရုံဖြင့် အားသွင်းနေပါပြီ။ အားသာချက် အရှိဆုံးကတော့ USB ကြိုးသုံးသော ကြိုက်တဲ့ Device ကို အားသွင်းလို့ရပါတယ်။
Powerpukk လို့အမည်ရတဲ့ အောက်ခံခွက်မှာ Sodium Silicide ထည်သွင်းထားပြီး ရေနှင့် ထိတွေ့သောအခါ
ဓါတ်ပြုပြီး Hydrogen gas ထုတ်ပေးပါတယ်။ ထိုမှတစ်ဆင့် စွမ်းအင် အဖြစ် ပြောင်းလဲပြီး အားသွင်းယူနိုင်ပါတယ်။
PowerTrekk ကို မေလ (သို့) ဇွန်လ တွင် ဈေးကွက်တွင်း ရောက်လာနိုင်မှာ ဖြစ်ပြီး ရောင်းဈေးမှာ $200 နှင့် $250 ကြားဖြစ်ပါလိမ့်မယ်။ အောက်ခံခွက်ကိုလဲ $4 ဖြင့် အသစ်လဲလှယ်နိုင်ပါတယ်။
No comments:
Post a Comment