မိန်းမတစ်ယောက်မှာ “ကောင်းခြင်း(၅)ဖြာ” နှင့်အတူပါရှိရမည့် “အင်အား(၅)ဖြာ”
မိန်းမတစ်ယောက်မှာ ကောင်းခြင်းငါးဖြာ ရှိရုံနဲ့တော့
မိန်းမတစ်ယောက်မှာ
ကောင်းခြင်း(၅) ဖြာ ရှိရမယ်လို့ ဆိုတယ် ။ အဲသည်ကောင်းခြင်း ငါးဖြာနဲ့
ပြည်စုံမှသာ မိန်းမ ပီသမယ်လို့ ယူဆကြတယ် ။ အဲဒါ မှန်သင့်သလောက်တော့
မှန်ပါတယ် ။ အပြည့် အဝတော့ မမှန်ပါဘူး ။ လိုတဲ့အရာ ရှိပါသေးတယ် ။
မိန်းမတစ်ယောက်ရဲ့ ကောင်းခြင်းငါးဖြာဆိုတာကတော့ …….
●ဆံပင်ရဲ ကောင်းခြင်း
●အသားရဲ့ကောင်းခြင်း
●အရေရဲ့ ကောင်းခြင်း
●အရိုးရဲ့ ကောင်းခြင်း
●အရွယ်ရဲ့ ကောင်းခြင်း
` အဲသည်ကောင်းခြင်း ငါးဖြာ ရှိရုံနဲ့ မိန်းမကောင်း မိန်းမမြတ် ဖြစ်မလား မဖြစ်နိုင်သေး ပါဘူး။
`
မိန်းမကောင်း မိန်းမမြတ် ဖြစ်ဖို့ အခြားအကြောင်းတရားများစွာ ရှိပါသေးတယ် ။
လောကမှာ ရုပ်တရား ကောင်းရုံနဲ မပြီသေးတဲ့ အကြောင်းတွေ များစွာရှိပါသေးတယ်
ဆိုတာကို သိဖို့ လိုအပ်ပါတယ် ။
ဒါဟာ အရေးကြီးတဲ့ အချက်တစ်ချက် ဆိုတာကို လူတော်တော်များများ သတိ မထာမိကြပါဘူး ။
မိန်းမကောင်းဖြစ်ဖို့ ဆိုတာ ရုပ်ချောရုံ အပြင်ပန်းလှရုံနဲ့တင် မဟုတ်ပဲ စိတ်သဘော တရားလည်းကောင်းရပါမယ် ။
သဘောကတော့ အကာရော အနှစ်ပါ ကောင်းရမယ် ဆိုတဲ့ သဘောပါ ။ သာမည ဖြစ်တာရော ၊ အဓိက ဖြစ်တာပါ ကောင်းရမယ် ဆိုတဲ့ သဘောပါ ။
အသားအရေတွေ
၊ အရိုးတွေ အရွယ်တွေ ကောင်းပြီး လှပ ပြေပြစ် ချောမော နေပြီး စိတ်နှလုံး
ကောင်း မရှိရင် ဘာလုပ်မလဲ ။ အပြင်ပန်းလှပြီး အတွင်းက သုံးမရတဲ့ ကျီးအာသီး ။
ပေါက်ပန်းပွင့် ပဲ ဖြစ်မယ် ။ နှင်းဆီမ ၊ စံပယ်မလေး မဖြစ်နိုင်ဘူးလေ ။
` ကောင်းခြင်းငါးဖြာနဲ့ အတူ ပူးတွဲ ရှိရမှာက အင်အားငါးဖြာရယ်ပါ
အားငါးဖြာက ဘာတွေလဲ
● ရူပဗလံဆိုတဲ့ အဆင်းအင်အား
● ဘောဂဗလံဆိုတဲ့ ပစ္စည်းဥစ္စာ အင်အား
● ဉာတိဗလံဆိုတဲ့ ဆွေမျိုးအင်အား
● ပုတ္တဗလံဆိုတဲ့ သာသမီးအင်အား
● သီလဗလံ ဆိုတဲ့ အကျင့်သီလ အင်အားပါပဲ ။
ကောင်းဖြင်းငါးဖြာနဲ့
အတူ အဲသည်အားငါးဖြာ ရှိမှသာ မိန်းမကောင်း ၊ မိန်းမမြတ် ပီသမှာ ဖြစ်ပါတယ် ။
အရေးကြီးဆုံးကတော့ အားငါးဖြာတဲမှာ သီလဗလံဆိုတဲ့ အကျင့် သီလအားပါပဲ ။
သီလကပ်မှ မိန်းမမြတ် ဖြစ်ပါတယ် ။
သူငယ်ချင်းတွေ အားလုံး အားငါးဖြာနဲ့ ပြည့်စုံသူများ ပိုင်သူဆိုင်သူများဖြစ်နိုင်ကြပါစေ။
အင်းတော်ရှမ်း
No comments:
Post a Comment