စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မေတ္တာသည်သာ

"တပည့်တော်တို့ သုံးပါးဟာ ခန္ဓာကိုယ်ကွဲနေပေမဲ့ စိတ်ကတော့ တစ်စိတ်တည်း ၊ တစ်သားတည်း၊ တထေရာတည်းပါဘုရား"
လူတို့သည် "ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ"ဆိုသကဲ့သို့ မိမိဘ၀ ရပ်တည်နိုင်ရေးအတွက် တစ်ဥိးကိုတစ်ဦး အမှီပြုကာ နေထိုင်ကြရ၏. ထို့ကြောင့် မည်သည့် နေရာ၌ပင်ဖြစ်စေ တူညီရာ တူညီရာ ပေါင်းစု၍ နေကြရလေ၏။ အိမ်၌နေလျှင် မိသားစုနှင့်၊ ရပ်ရွာထဲ၌နေလျှင် ရပ်ရွာသူ ရပ်ရွာသားများနှင့်၊ ကျောင်းနေလျှင် ကျောင်းသူ၊ ကျောင်းသားများနှင့်၊ လုပ်ငန်းခွင်ဝင်လျှင်လည်း လုပ်ဖော် ကိုင်ဖက်များနှင့် အတူနေ ကြရသည်သာ ဖြစ်၏။
လူသည် မည်မျှပင် အရည်အချင်းရှိရှိ၊ မည်မျှပင် စွမ်းအားကြီးမားကြီးမား တစ်ယောက် တည်း နေ၍ မရပေ။ အောက်ထစ်ဆုံး မိသားနှင့် အတူနေရသည်သာ ဖြစ်၏။ ထိုတွင် မိသားစုနှင့် နေလျှင် မိသားစုစိတ်ဓာတ် ရှိရမည်ဖြစ်၏။ ထိုအတူပင် ရပ်ရွာ၌ နေလျှင် ရပ်ရွာ စိတ်ဓာ်၊ ကျောင်းနေလျှင် ကျောင်သား စိတ်ဓာတ်၊ လုပ်ငန်းခွင်ဝင်လျှင် လုပ်ငန်းဖော် စိတ်ဓာတ်၊ ရှိကြရမည် ဖြစ်၏။

လူတိုင်းလူတိုင်း ထိုကဲ့သို့သော စိတ်ဓာတ်မျိုးရှိလျှင် ချွတ်ချော်မှု၊ တိမ်းစောင်းမှု ကိစ္စ များမှ တစ်ပါး မည်သည့်ပြဿနာမျှ ရှိမည်မဟုတ်ပေ။ အေးအေးချမ်းချမ်း နေထိုင်ကြရမည်သာ ဖြစ်၏။ ထိုစိတ်ဓာတ်များ ကင်းမဲ့လျှင်မူ နေရာတိုင်းတွင် ပြဿနာများနှင့် လုံးထွေး သတ်ပုတ် နေကြရမည်သာ ဖြစ်၏။
ပြဿနာများနှင့် လုံးထွေးနေရသောနေရာများသည်လည်း ငြိမ်းငြိမ်းချမ်းချမ်း ရှိတော့ မည် မဟုတ်ပေ။ ငြိမ်းငြိမ်းချမ်းချမ်း မရှိလျှင် မိသားစုသည် မိသားနှင့် တူတော့မည် မဟုတ်။ ထိုကဲ့သို့ပင် ရပ်၇ွာသည်လည်း ရပ်ရွာနှင့် တူတော့မည် မဟုတ်ပေ။ ကျောင်းသည်လည်း ကျောင်းနှင့် တူတော့မည် မဟုတ်၊ လုပန်ငန်းခွင်သည်လည်း လုပ်ငန်းခွင်နှင့် တူတော့မည် မဟုတ်ပေ။

ထို့ကြောင့် နေရာတိုင်းနေရာတိုင်း၌ ပြဿနားနှင့် ကင်းဝေးပြီး ငြိမ်းငြိမ်းချမ်းချမ်းနေထိုင် နိုင်ရန် ကိုယ်စီကိုယ်စီတွင် ဆိုင်ရာဆိုင်ရာ စိတ်ဓာတ်ကောင်းများ ထားရှိရန် လိုအပ်လှပေ၏။ ယင်းစိတ်ဓာတ်တို့ ရင်ထဲနှလုံးသားထဲ အစဉ်အမြဲ တည်နေစေရန် အတွက် အခြေခံ လက်ကိုင် ထားရမည့် တရားကလည်း အရန်သင့်ပင်။ ယင်းကား အခြားမဟုတ် မေတ္တာတရား ပင်ဖြစ်၏။
ရှေးယခင်က လူတော်ကောင်းကြိးများတို့မှာ အများအားဖြင့် မေတ္တာတရားဖြင့်သာ နေထိုင်ခဲ့ကြ၏ ။ ထို့ကြောင့် ထိုသူတို့၏ ဘ၀မှာ ပြဿနာများနှင့် ကင်းဝေးကာ အစဉ်ထာဝရ ငြိမ်းချမ်းနေသည်သာ ဖြစ်၏။ ယင်းနှင့်စပ်၍ ဘုရားရှင် လက်ထက်က မေတ္တာတရားဖြင့် နေထိုင်ခဲ့ကြသော ရဟန်းတော်သုံးပါးကို ပြဆိုချင်ပါသည်။

နို့နှင့်ရေ ရောနှောထားသလို
ဘုရားရှင်လက်ထက်တော်အခါက တစ်ဦးနှင့်တစ်ဦး အလွန်လေးစားချစ်ခင်ကြသော ရဟန်းတော်သုံးပါး ရှိလေ၏။ ထိုရဟန်းတော်တို့ကား အရှင်အနုရုဒ္ဓါ၊ အရှင်နန္ဒိယနှင့် အရှင် ကိမိလတို့ ဖြစ်၏။ ထိုရဟန်းတော်သုံးတို့သည် ပါစိန၀ံသဟုခေါ်ဆိုသော အရှေ့ဝါးတောအရပ်၌ အတူတကွ သီတင်းသုံးနေထိုင်ကြ၏။ တစ်နေ့တွင် ထိုအရှင်တို့ သီတင်းသုံးနေထိုင်ရာ အရှေ့ဝါးတောအရပ်သို့ ဘုရားရှင် ကြွလာတော်မူ၏။

ဘုရားရှင်ကြွလာသည်ကို ပထမဦးဆုံးမြင်သူကား အရှင်အနုရုဒ္ဓါ ဖြစ်၏။ အရှင်အနုရုဒ္ဓါ သည် အချင်းချင်း စိတ်ဝမ်းမကွဲစေလို။ ထိုပြင် သူတို့ညီညီညွတ်ညွတ် နေထိုင်ကြသည် ကို လည်း ဘုရားရှင် သိမြင်စေလို၏။ ထို့ကြောင့် သူတစ်ပါတည်း သွားရောက်၍ ခရီးဦးကြိုမှုမပြု ပေ။ အတူနေ ရဟန်းတော် နှစ်ပါးကို သွားခေါ်ပြီးမှ ဘုရားရှင်ကို ခရီးဥိးကြိုဆိုမှု ပြုလေ၏။ အမှု ကြီးငယ်များကိုလည်း သုံးပါးစုံညီ ပြုလုပ်ဆောင်ရွက်ပေးကြ၏။
ဘုရားရှင်သည် ထိုရဟန်းတော်တို့နှင့် ပဋိသန္တာရစကားပြောကြးလေ၏. ယင်းနောက် အကြီးဆုံးဖြစ်သော အရှင်အနုရုဒ္ဓါအား…….
"ချစ်သားအနုရုဒ္ဓါ… ချစ်သားတို့ဟာ ညီညီညွတ်ညွတ် ရှိကြရဲ့လား၊ အတူတူ သီတင်း သုံးနေထိုင်ရတာ ၀မ်းမြောက်ဝမ်းသာကော ဖြစ်ကြရဲ့လား၊ တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်ဘက် စကား မပြောကြားဘဲ နို့နဲ့ရေ ရောထားသလို တစ်စိတ်တစ်ဝမ်းတည်းကော ဖြစ်ကြရဲ့လား။" ဟု မေးတော်မူရာ အရှင်အနုရုဒ္ဓါက.
အရှင်အနုရုဒ္ဓါက မှန်ပါ…တပည့်တော်တို့ဟာ အရှင်ဘုရားမေးတော်မူတဲ့အတိုင်း နေထိုင်ကျင့် သုံးကြပါတယ်ဘုရား"။ ဟု ပြန်လည်လျှောက်ထားကြလေ၏။ ထိုအခါ ဘုရားရှင် က " ဒီလိုဆိုရင် ဘယ်လိုများ နေထိုင်ကြပါသလဲ?" ဟု ဆက်လက်မေးမြန်းရာ --- အရှင်အနုရုဒ္ဓါက-- " မြတ်စွာဘုရား…. တပည့်တော်တို့ရဲ့ စိတ်ထဲမှာ "'ဒီလို သီတင်းသုံးဖော် တွေနဲ့ အတူနေရတာ သိပ်အရတော်တာပဲ။ ငါရဟန်းအဖြစ်ကိုလည်း ကောင်းစွာရတာပဲ"လို့ အောက်မေ့ မိပါတယ်ဘုရား။ တပည့်တော်ဟာ သူတို့ရဲ့ ရှေ့မှာပဲဖြစ်ဖြစ် သူတို့ရဲ့ ကွယ်ရာမှာပဲ ဖြစ်ဖြစ် သူတို့အပေါ်မှာ မေတ္တာကာယကံ၊ မေတ္တာဝစီကံ၊ မေတ္တာမနောကံတို့နဲ့ ရှေးရှု၍သာ နေပါတယ်ဘုရား။ တပည့်တော်တို့ရဲ့ စိတ်ဆန္ဒကို ရှေ့တန်းမတင်ဘဲ သူတို့ရဲ့ စိတ်အလိုကျ အတိုင်းသာ နေထိုင်ပါတယ်ဘုရား။ တပည့်တော်ုတို့ သုံးပါးဟာ ခန္ဓာကိုယ် ကွဲနေပေမဲ့ စိတ်ကတော့ တစ်စိတ်တည်း တသားတည်း တထေရာတည်းပါဘုရား" ဟု ပြန်လည် လျှောက်ကြားလေ၏။
တစ်ဖန် ဘုရားရှင်က အရှင်နန္ဒိယနှင့် အရှင်ကိမိလတို့ကို မေးမြန်ရာ ထိုရဟန်း တော်နှစ်ပါးကလေည်း အရှင်အနုရုဒ္ဓါကဲ့သို့ပင် ဖြေကြားလျှောက်ထားကြလေ၏။

အထက်ပါ ရဟန်းတော်သုံးပါး၏ စည်စည်းလုံးလုံး ညီညီညွတ်ွတ် နေထိုင်ကြပုံမှာ လေးစားဖွယ်ရာ ဖြစ်၏။ အားကျစရာလည်း စြဖ်၏။ အတုယူစရာလည်း ကောင်လှ၏။ ထိုအရှင် သုံးပါးမှာ တစ်အူတုံဆင်း ညီရင်းအစ်ကိုများ မဟုတ်ကြ။ သို့ပါသော်လည်း တစ်ပါးနှင့် တစ်ပါး လေးစား ချစ်ခင်ကြသည်မှာ ညီရင်းအစ်ကိုများ ထက်ပင် သာလွန်ပေ၏။ ဤသည်မှာ မေတ္တာ တရားဖြင့် နေထိုင်ကြ ခြင်းကြော့်သာ ဖြစ်၏။

လူ့လောကထဲ၌ မိသားစုအတွင်း၌ ဖြစ်စေ၊ ရပ်ရွာအတွင်း၌ဖြစ်စေ၊ ကျောင်း၌့ဖြစ်စေ၊ လုပ်ငန်းခွင်၌ဖြစ်စေ မည်ည့်နေရာ၌မဆို အတူနေပြီး ပြဿနာ များနှင့် လုံးထွေးနေကြသော ပုဂ္ဂိုလ်များ ရှိပေ၏။ ထိုပုဂ္ဂိုလ်တို့မှာ အတူနေကြပြီး အဘယ်ကြောင့် ပြဿနာများနှင့် လုံးထွေး နေကြပါသနည်း၊ ပြောရလျှင် တစ်ဦးနှင့် တစ်ဦး မေတ္တာတရား ခေါင်းပါးကြသော ကြောင့်ပင် ဖြစ်၏။
ထိုပုဂ္ဂိုလ်တို့သည် အရှင်အနုရုဒ္ဓါတို့ကဲ့သို့ တစ်ဥိးနှင့်တစ်ဦး မေတ္တာကာယကံ၊ မေတ္တာဝစိကံ၊ မေတ္တာမနေကံတို့ဖြင့်သာ နေထိုင်ကြလျှင် အတူနေပုဂ္ဂိုလ်အချင်းချင်း ပြဿနာဖြစ်ရန် အကြောင်း မရှိပေ။
ဤနေရာ၌ မေတ္တာကာကံ ဆိုသည်မှာ တစ်ဦး၏ လုပ်ကိုင်ဆောင်ရွက်၇မည့် လုပ်ငန်း ကိစ္စကို တစ်ဦးက ရိုင်းပင်း ကူညီကာ ပြုလုပ်ဆောင်ရွက် ပေးခြင်းမျိုး ဖြစ်၏။

မေတ္တာဝစိကံဆိုသည်မှာ တစ်ဦးနှင့်တစ်ဦး ယဉ်ယဉ်ကျေးကျေး ညင်ညင်သာသာ ယာ ယာ သာယာဖွယ်ဖြစ်သော စကားတို့ဖြင့် ပြောဆိုဆက်ဆံခြင်း၊ အကျိုးဖြစ်ထွန်းနိုင်းရာ ကိစ္စတို့ ကို ဆွေးနွေးညှိနှိုင်းခြင်း၊ အကြံပေးခြင်း၊ ရှေ့၌ဖြစ်စေ၊ ကွယ်ရာ၌ဖြစ်စေ၊ တစ်ဦး၏ ဂုဏ်သိက္ခာ ကျဆင်းနိုင်မည့် အကြောင်းတို့ကို တစ်ဦးက မပြောဘဲ ဂုဏ်သိက္ခာရှိစေနိုင်မည့် အကြောင်းတို့ ကိုသာ ပြောဆိုခြင်း စသည်တို့ ဖြစ်၏။မေတ္တာမနောကံဆိုသည်မျာ တစ်ဦး၏ အကျိုးပျက်စီးရာ ပျက်စီးကြောင်းကို တစ်ဦးက မကြံစည်ဘဲ တစ်ဦးနှင့် တစ်ဦး ကျန်းမာ ချမ်းသာစေလိုသော မေတ္တာစိတ်များဖြင့် နေထိုင် ခြင်းမျိုး ဖြစ်၏။
ထိုမေတ္တာများဖြင့်သာ နေထိုင်ကြလျှင် မိသားစုစိတ်ဓာတ်၊ ကျောင်းစိတ်ဓာတ်စသော ဆိုင်ရာဆိုင်ရာ စိတ်ဓာတ်ကောင်းများ ပေါက်ဖွာလာမည် ဖြစ်၏။ ထိုစိတ်ဓာတ်ကောင်းများ ပေါက်ဖွားလာလျှင် တစ်ဦးအပေါ် တစ်ဦး အနိုင်အထက်ပြုခြင်း၊ အကောက်ကြံခြင်း၊
အခွင့် အရေးယူခြင်းမျိုးများ ရှိတော့မည် မဟုတ်။

အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစားစသည့် ယုတ်ညံ့သိမ်ဖျင်းသော စိတ်ဓာတ် များလည်း ကွယ်ပျောက်သွားမည်သာ ဖြစ်၏။ ချွတ်ချော်မှု၊ တိမ်းစောင်းမှုများဖြစ်သည့်တိုင် မေတ္တာဖြင့် သည်းခံ ခွင့်လွှတ်နိုင်မည် ဖြစ်၏။ မီးထွန်းရှာလျှင်ပင် ပြဿနာကို တွေ့နိုင်တော့ မည် မဟုတ်ပေ။
ထိုအခြေအနေများ ဆိုက်ရောက်လာလျှင် မိသားစုသည် လည်းကောင်း၊ ရပ်ရွာ၊ ကျောင်းနှင့် လုပ်ငန်းခွင် တို့သည်လည်းကောင်း သာယာအေးချမ်း လှပပြီး ဖွဲ့ဖြိုး တိုးတက် လာမည်မှာ မလွဲဧကန်ပင်။ လူသားတိုင်း မေတ္တာတရားဖြင့် နေထိုင်နိုင်ကြပါစေ။
အရှင်ကောဏ္ဍည
သာသနာ့တက္ကသိုလ်
မှတ်ချက်။မေတ္တာဥယျာဉ်ဆိုဒ်မှကူးယူတင်ပြသည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...