ဟုတ်ကဲ့အထက်မြန်မာပြည်ကနေ
နိုင်ငံခြားသွားဖို့ပတ်စပို့စ်လုပ်ရန်မှာအရင်ကလို ရန်ကုန်မြို့ထိတ
ကူးတကသွားနေစရာမလိုတော့ပါဘူးဇူလိုင် ပထမပတ်အတွင်းမှာပဲ မန္တလေးမြို့
မန္တလေးတောင်ခြေကု သိုလ်တော်ဘုရားတောင်ဘက်မှာ မနလ
ပတ်စပို့စ်ရုံးဖွင့်ထားပြီးပါပြီ ဒီနေ့ကိုရီးယားကို သွားအ လုပ်လုပ်မဲ့
ကျွန်တော့်ရွာက သူငယ်ချင်းငါးယောက်အတွက်
နိုင်ငံကူးလက်မှတ်သွားလုပ်ခဲ့ပါတယ် လက်မှတ်လုပ်သူအရမ်းများတော့
တစ်နေ့ကုန်သွားတဲ့ထိစောင့်လိုက်ရတယ်။
အဲမှာ သွားလုပ်ရင်းနဲ့ ကျွန်တော်ဒီပို့စ်လေးရေးရရင်ကောင်းမယ်လို့စိတ်ကူးမိတာနဲ့ဓါတ်ပုံတွေ ရိုက် ယူလာခဲ့ပါတယ် ရေးမယ်ဆိုတာကအခြားကိစ္စမဟုတ်ပါဘူး နိုင်ငံခြားသွားဖို့နိုင်ငံကူးလက်မှတ် လာလုပ်မယ်ဆိုရင် ဘာတွေလိုအပ်တယ် ဘယ်လိုလုပ်ရတယ်ဆိုတာ မသိသေးသူများ သွားလုပ် ရင် ပိုအဆင်ပြေအောင် လုပ်ရမယ့် ယူရမယ့်အချက်အလက်တွေကိုတင်ပြပေးမလို့ပါလူလည်လုပ်ရေးတာတော့မဟုတ်ပါဘူး အချို့က သွားသာသွားရမှာ ဘာတွေလိုအပ်တယ်ဆိုတာမသိတော့ ပတ်စပို့စ်ရုံးရောက်မှအချက်အလက်မပြည့်စုံတာတို့ ယောင်ချာချာ
ဖြစ်နေတာ တို့ဖြစ်နေတတ်လို့ စေတနာနဲ့ တင်ပြပေးခြင်းဖြစ်ပါတယ် ။
ဒါကတော့မန္တလေး နိုင်ငံကူလက်မှတ်လုပ်ပေးတဲ့ မနလ ရုံးပါ
ဒါလေးကတော့ လိုအပ်မဲ့အချက်အလက်တွေပါ
၁။ ။ပထမဦးဆုံးအ၀င်ပေါက်က၀င်ပြီဆိုတာနဲ့ လုံရေးမှာမှတ်ပုံတင်ပြရပါတယ်
၂။ ။နောက် ပုံစံထုတ်ယူရန်ဆိုတဲ့နေရာမှာ ပုံစံထုတ်ယူရပါမယ် ပုံစံထုတ်ယူခ ကျပ်နှစ်ထောင်ဖြစ်ပါတယ်
၃။ ။ပုံစံထုတ်ယူပြီးရင် ဓါတ်ပုံတိုက်မှာ ဓါတ်ပုံရိုက်ဖို့ ဘောင်ချာဖြတ်ရပါမယ် ကျပ်ငွေ ငါးထောင်ကျပါတယ်
၎။ ။ပြီးတာနဲ့ ဓါတ်ပုံတိုက်မှာ ဓါတ်ပုံရိုက်ရပါတယ်
၅။ ဓါတ်ပုံရိုက်ပြီးပြီဆိုရင်ဘဏ်မှာ ငွေနှစ်သောင်းသွင်းဖို့ဘဏ်မှချလံ ယူရပါမယ် ချလံ တစ်စုံ ငါးဆယ်ကျပ်ပေးရ
ပါတယ် ချလံမှာ လိုအပ်တဲ့အချက်အလက်တွေဖြည့်ပြီးရင် ဘဏ်ကိုငွေနှစ်သောင်းကျပ်သွင်းရပါတယ်
၆။ ။ပြီးရင် ထုတ်ယူထားတဲ့ပုံစံစာရွက်များကို လိုက်ဖြည့်ရပါမယ်။
၇။ ။နောက် အစောကရိုက်ထားတဲ့ ဓါတ်ပုံတိုက်မှာ ဓါတ်ပုံရွေးပြီး ကပ်ရပါမယ်။
၈။ ။ပြီးတာနဲ့ လ၀ကရုံးမှာ မှန်ကန်ကြောင်းစစ်ဆေးရပါမယ် စစ်ဆေးတဲ့နေရာမှာ မှတ်ပုံတင် မူရင်း မိတ္တူ နှစ်
ခု လုံးနဲ့ အိမ်ထောင်စု ဇယားလဲ မူရင်းမိတ္တူ နှစ်ခုလုံးပါရပါမယ် မိတ္တူ မပါရင် မိတ္တူကူးစက်ပါရုံးအတွင်းရှိလို့ကူး
ဖို့လွယ်ပေမယ့် မူရင်းတွေပါမလာရင်တော့ လုံးဝ မရပါဘူး
၉။ ။အားလုံးမှန်ကန်ကြောင်းစစ်ဆေးပြီးသွားရင်အမျိုးသားများက အမျိုးသားပုံစံလက်ခံဌာန အမျိုးသမီးများက
အမျိုးသမီးပုံစံလက်ခံဌာန တို့မှာ ဖြည့်ထားတဲ့ပုံစံအားလုံးအပ်ရပါမယ်။ အပ်ပြီး ခဏစောင့်ပါကိုယ့်အလှည့်
ကျတာနဲ့ ခေါ်ပါမယ် ခေါ်ပြီး ကွန်ပျူတာထဲမှာ မိမိရဲ့ ဘယ်ဘက်လက်မ လက်ဗွေ နဲ့ ညာဘက်လက်မှတ်
လက်ဗွေ နှိပ်ယူပါမယ် ။ပြီး ကိုယ်တိုင်ထိုးမြဲလက်မှတ်ကိုလဲ ထိုးပေးရပါမယ်။
ပုံစံစာရွက်လေးအတွက်လိုအပ်တဲ့အချက်တွေဖြည့်ပြီးတာနဲ့ ထုတ်ပေးတဲ့စာရွက်ကလေးကိုယူပြီး မှန်မမှန်စစ်ရပါ
မယ် ပြီးတာနဲ့ ကျန်တဲ့စာရွက်စာတန်းပုံစံများအကုန်ချန်ထားခဲ့ပြီး နောက်ဆုံးကွန်ပျူတာနဲ့ထုတ်ပေးလိုက်တဲ့စာ
ရွက်လေးကိုပဲယူလာခဲ့ရပါမယ်။
၁၀။ ။ ယူလာတဲ့စာရွက်လေးကိုပြပြီး မိမိနေတဲ့ မြို့နယ်အခွန်ရုံးမှာ ပုံစံ ၁၇ သွားလုပ်ရပါမယ်။
၁၁။ ။ ပုံစံ ၁၇ ရလာလျှင် မန္တလေး ၆၅လမ်း ၊ ၂၂x၂၃ လမ်းကြားမှာရှိတဲ့ရုံးမှာ ပုံစံ ၁၇ ကိုပြပြီး ပုံစံ ၁၉ လုပ်
ရပါမယ်။
ရလာပြီဆိုရင်ရုံးကိုတစ်ခါသွားပြပါ ဒါဆို ပတ်စပို့စ်လုပ်ခြင်းကိစ္စပြီးပါပြီ ကျန်တဲ့နောက်ပိုင်းလုပ်စရာ
တွေ ပတ်စပို့စ်ကျမကျတွေကတော့ ရုံးကပဲဆက်လက်ပြောပြပေးပါလိမ့်မယ်ဒီလောက်ဆိုရင်အားလုံးအတွက်
အဆင်ပြေမယ်ထင်ပါတယ် ။ အောက်မှာ ဖြည့်ရမယ့်ပုံစံလေးတွေကြည့်လိုက်ပါဦး
ဒါကတော့ဘဏ်မှာ ငွေသွင်းဖို့ ချလံဖြည့် တဲ့ပုံစံလေးပါ
ဒါကပုံစံစာရွက်တွေသွင်းတဲ့နေရာလေးပါ
ဒါကတော့ နောက်ဆုံးသူတို့ပေးလိုက်မဲ့ စာရွက်လေးဖြစ်ပါတယ်
အထဲကိုဝင်လိုက်တာနဲ့ မိတ္တူ ကူးရန်နေရာ ဓါတ်ပုံတိုက် လ၀က ရုံး ဘဏ် ပုံစံသွင်းရန်နေရာတွေကိုအစဉ်တိုင်းတွေ့ရှိရမှာဖြစ်ပါ
တယ် ။ အားလုံးအဆင်ပြေပါစေဗျာ ။ နိုင်ငံခြားကို အလည်ပဲဖြစ်ဖြစ်အလုပ်ပဲဖြစ်ဖြစ်သွားမယ်ဆိုရင် ပတ်စပို့စ်လုပ်ဖို့အတွေ့အကြုံမ
ရှိသူများအဆင်ပြေစွာ လုပ်နိုင်ဖို့ဒီပို့စ်လေးကအထောက်အကူပြုရင်ကျေနပ်ပါပြီ။
အားလုံးကိုချစ်ခင်လေးစားလျှက်....
ပီတိ(ပေကြီး)

No comments:
Post a Comment