မနက်က
သင်္ဃန်းကျွန်းစံပြဈေးဘက်ကို ခဏသွားတော့ ဘတ်စ်ကားပေါ်မှာ
မြေမျိုခံရသူတွေအကြောင်းကို ဖွဲ့ဖွဲ့နွဲ့နွဲပြောပြီးတော့
လိုက်ရောင်းတောကိုတွေ့ခဲ့ရတော့ တစ်ခါတုန်းက မြေမျိုမမျိုဆိုတာသိချင်လို့
လက်တွေ့စမ်းသပ်သူတစ်ယောက်ကို သတိရမိသွားတယ်။
သူ့နာမည်က
မင်းဦးတဲ့။ သူက စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုင်ခရိုင် ကျွန်းလှမြို့နယ်
ကျွဲတဲကျေးရွာအုပ်စုမှာ နေထိုင်ပါတယ်။ သူတို့ရွာလေးက အရှေ့တောင်အာရှမှာ
အကြီးဆုံးဖြစ်တဲ့ သဖန်းဆိပ်ရေလှောင်တမံကြီးရဲ့ ထိပ်မှာ၇ှိပါတယ်။
အင်မတန်သာယာလှပတဲ့
ရွာကလေးရယ်ပါ။ ဆင်းရဲချမ်းသာမေ၇ွး အိမ်ခြံမြေဟာ ပေးတစ်ရာပတ်လည်အတိပါပဲ။
ပိုလဲမရှိကြဘူး လိုလဲမရှိကြပါဘူး။ တောင်ကုန်းထိပ်မှာရှိတဲ့ ရွာကလေးမို့
ရှမ်းပြည်နယ်က တောရွာကလေးအတိုင်း စိမ်းစိုသာယာပြီးတော့
စိတ်ကြည်နူးစရာလေးပါ။ ရွာလေးရဲ့ဘေးဘက်လေးတန်က အင်တောကြီးထဲမှာ
သစ်ခွပန်းတွေနဲ့ အခြားတောပန်းတွေ လိုက်ခူးလို့ရပါတယ်။ ခါတို့ ဂျိုးတို့ တောငှက်တွေလဲ အင်မတန်ပေါများပါတယ်။ နေ့လည်တိုင်ဆိုရင် ခါတွန်သံ့  ဂျိုးကူသံတွေနဲ့ အင်မတန်ကြည်နူးဖွယ်ကောင်းပါတယ်။
ဒီလိုပတ်ဝန်းကျင်မှာ
အင်မတန်ကို ယုတ်မာဆိုးဝါးကြမ်းတမ်းသောင်းကျန်း မိုက်ကန်းလွန်းတဲ့
သူတစ်ယောက်ရှိပါတယ်။ သူကမင်းဦးပါ။ သူက မိဘကိုစော်ကားရင်
မြေမျိုတယ်ဆိုတာကို မယုံပါဘူးတဲ့။ လက်တွေ့စမ်းသပ်ပြမယ်ဆိုပြီးတော့
မိဘတွေကို နေ့စဉ်ဆဲလားဆိုလား ရိုက်လားနှက်လားလုပ်ပါတယ်။ တစ်ခါတစ်ခါဆိုရင်
အဖေလုပ်သူကို ရန်ရှာပြီးတော့ နပန်းလုံးပါတယ်။
တစ်ခါကဆိုရင်
မိဘနှစ်ပါးက သူအိပ်ရာကုဋင်ပေါ်ထိုင်နေတာကို ရာဇကုဋင်ပေါ်
ခွေးနှစ်ကောင်တက်ထိုင်နေတယ်လို့ ပြောပါတယ်။ သူအမြဲပြောတဲ့ စကားတစ်ခွန်း
ငါ့ကိုမြေမျိုစရာမလိုဘူး နည်းနည်းလေးအက်တာနဲ့ကို ငါကခြေထောက်ကို
ထိုးထည့်ပေးလိုက်မှာတဲ့။
မင်းဦးဘယ်လောက်
ယုတ်မာသောင်းကျန်းဆိုးဝါးသလဲဆိုတာ ကျွဲတဲတစ်ရွာလုံးအသိရယ်ပါ။
တစ်ချို့အကြောင်းအရာတွေဆိုရင် ရဟန်းတစ်ပါးအနေနဲ့ ရေးပြလို့တောင်
မသင့်တော်ပါဘူး။
တစ်နေ့တော့ အမေလုပ်သူက တောထဲမှာ
ညအိပ်ပြီးတော့ တောင်ယာလုပ်တဲ့ သူ့အဖေဆီကို ဆန်သွားပို့ပေးဆိုပြီးတော့
မင်းဦးကိုခိုင်းလိုက်ပါတယ်။ ခဏနေတော့ မင်းဦးရွာထဲဘက်ကို
အူးယားဖားယားပြန်ပြေးလာပါတယ်။ သူ့ကို လူအုပ်ကြီးက လိုက်ရိုက်နေတယ်။
သူ့ကိုကူညီကြပါဆိုပြီးတော့ ပါးစပ်ကလဲအော်နေပါတယ်။ ဒါပေမယ် ရွာထဲကလူတွေရဲ့
မျက်စိထဲမှာတော့ ဘယ်သူ့ကိုမှမမြင်ရပါဘူး။ လူအုပ်ထားလို့
ခွေးတစ်ကောင်ကြောင်တစ်မြီးတောင် သူ့နောက်မလိုက်ပါဘူး။
မင်းဦးဟာ
ပါးစပ်ကအော်ရင်းနဲ့ တစ်မိုင်ကျော်ရှည်လျားတဲ့ ရွာကို အရှေ့ထိပ်အနောက်ထိပ်
ငါးခေါက်လောက် အော်ရင်းဟစ်ရင်းပြေးလွှားပြီးတော့ အမောဆို့ပြိးတော့
သေသွားခဲ့ပါတယ်။
မြေမမျိုပေမယ့် အသေဆိုးနဲ့ သေဆုံးခဲ့ရတာပါ။ လားရောက်ရာဂတိကလဲ မကောင်းဘူးဆိုတာ အမူအရာကိုကြည့်ပြီတော့ သေချာပါတယ်။
အခုခေတ်မှာ မြေမမျိုးဘူးဆိုတာက မျိုရမယ့်သူတွေသိပ်များနေလို့ မမျိုးနိုင်တော့လို့ မမျိုတာလို့ ဦးဇင်းကတော့ ယူဆထင်မြင်မိပါတယ်။
သေချာတာကတော့ “မပြစ်မှားသင့် မပြစ်မှားထိုက်တဲ့ ပုဂ္ဂိုလ်များကို ပြစ်မှားတဲ့သူတွေဟာ အသေဆိုးနဲ့ သေဆုံးကြရတယ်”ဆိုတာပါပဲ။
လူမိုက်တွေ နောင်တရတဲ့အခါမှာ အချိန်ကလွန်နေပါပြီ။
.............................................................................မိုးသု(မန္တလေး)
မူရင်း= မြေမြိုသလားလို့ လက်တွေ့စမ်းသပ်သူ..
လေးစားစွာဖြင့် .... မောင်မြင့်
No comments:
Post a Comment