အပူကြောင့် ကြွက်တက်တာ အားကုန်ခန်းနွမ်းလျတာတွေမှတ
လူနာကိုအေးတဲ့နေရာ ထား ၍ ခြေထောက်ကို ၁ ပေအမြင့်တွင်မြှောက်ထားပါ။ အေးတဲ့အဝတ်နဲ့ တစ်ကိုယ်လုံးရေပတ်တိုက်ပြီ
ဓာတ်ဆား ရည်ကို ၁၅ မိနစ်လျှင် ဖန်ခွက်တစ်ခွက်ဝင်အောင် တိုက်ပေးပါ။ ကြွက်တက်ခြင်းပြေလျော့အောင်
ဆေး အရက် ကဖင်း ပါဝင်သော အရည်များ မတိုက်ရ။ အော့အန်ပါက ပါးစပ်မှမတိုက်ပါနှင့်။
လူနာ တောက်လျှောက်သတိလစ်လျှင် အပူချိန် ၁၀၂ °F အောက်မကျလျှင် ရှေးဦးပြုစုနည်းများဖြင့် မထူးခြားလျှင် အရေးပေါ်ဆေးရုံသို့ ချက်ချင်းပို့ ပါ။
ပူပိုက်သောရာသီမှာ အဝတ်ပွပွ အရောင်ဖျော့ဖျော့ဝတ်ပါ။ အရိပ်ထဲနေပါ။ ကိုယ်လက်လှုပ်ရှား ပြင်းပြင်းထန်ထန်မလုပ်သင့်။
ခုလိုပူပြင်းတဲ့ရာသီအတွက် သိထားသင့်တာမို့  ဖတ် ပြီး မိမိ ဝန်းကျင်ရှိ လူသားအများကို ပြန်လည်ဝေမျှပေးစေချင်ပါသည်
Dr.Min Khant Mon (သိလိုရာမေး online ဆေးခန်း) မှ ကောက်နုတ်တင်ပြပါသည်။
No comments:
Post a Comment