ပြက္ခဒိန်များကို များသောအားဖြင့် သောရ(အံသာ)ရက် (၃၆၀)နှင့် ညီမျှသည့် ၃၆၅ ရက်၊ ၁၅နာရီ၊ ၃၁ဗီဇနာ၊ ၃၁ခရာ၊ ၂၄၀ိခရာ၊ (၃၆၅.၂၅) ရှိသော သာဝနရက်ကို တနှစ်စာ တနှစ်စာတွက် အပိုင်းအခြားထား၍ ကမ္ဘာ့နိုင်ငံအသီးသီး လူမျိုးအသီးသီးတို့က စီစဉ်တွက်ချက် ထုတ်ဝေကြပါသည်။
ဤအချက်ကတော့ ကမ္ဘာ့ ပြက္ခဒိန်များ တူညီသောအချက်ပင် ဖြစ်ပါသည်။ တူညီသည်ဟု ဆိုကြသော်လည်း နှစ်၏ အတိုင်းအတာပမာဏသာ တူညီသည်။ နှစ်၏ အစအဆုံး သတ်မှတ်ရာကာလကား မတူညီကြပါ။
ဥပမာ- ယခုခေတ် ကမ္ဘာသုံး အင်္ဂလိပ် ပြက္ခဒိန်ဟုခေါ်သော (ဂရက်ဂိုရီယမ်) အနောက်တိုင်း ပြက္ခဒိန်၌ သာယန (အယနအံသာနှောပြီး) တနင်္ဂနွေဂြိုဟ် (နေ) ဒက္ခိဏယဉ် (တောင်ဘက်လမ်း)အဆုံး ဓနုရာသီမှ ဥတ္တရာယဉ် (မြောက်ဘက်လမ်းအစ)သို့ ကူးပြောင်းသောနေ့တွင် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်စကြပါသည်။
အိန္ဒိယ ပြက္ခဒိန်များ၌ကား နိရာယန (အာယနအံသာမပါသော) ဖုဋတနင်္ဂနွေဂြိုဟ် ဒက္ခိဏဂေါလ (ရာသီစက်ဝန်း၏ တောင်ဘက်ခြင်းအဆုံး)မှ ဥတ္တရဂေါလ (ရာသီစက်ဝန်း၏ မြောက်ဘက်ခြမ်းအစ)သို့အ၀င် မိန်ရာသီမှ မိဿရာသီသို့ ကူးပြောင်းသောနေ့တွင် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ စတင်ကြပါသည်။
၎င်းနှစ်ကို အစအဆုံးသတ်မှတ်ရာ မိဿဝိသုဝ သင်္ကြန်ဟု ခေါ်ကြပါသည်။
မြန်မာ ပြက္ခဒိန်တို့၌ကား မဓျ တနင်္ဂနွေဂြိုဟ် ဒက္ခိဏဂေါလမှ ဥတ္တရဂေါလသို့အ၀င် မိန်ရာသီမှ မိဿရာသီသို့ ကူးပြောင်းသောနေ့တွင် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ စကြပါသည်။
အိန္ဒိနှင့် မြန်မာပြက္ခဒိန်တို့ နှစ်၏ အစနှင့်အဆုံးသတ်မှတ်ရာ ကာလ တူညီကြပါလျက် တနင်္ဂနွေဂြိုဟ် ဖုဋ၊ မဓျ နှစ်မျိုးကွဲပြားနေသည်မှာ မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံအပေါ် လက်တစ်လုံးခြား အသာယူပြီး ကွန့်လိုက် ညွန့်လိုက်ခြင်းပင် ဖြစ်ပါသည်။ ကွန့်ပုံညွန့်ပုံတို့ကို ရှင်းလင်းတွက်ပြနေလျှင် ကျယ်ဝန်းသွားလိမ့်မည်။ ဒါ့ကြောင့် ဒီနေရာ ဒီမျှနဲ့ဘဲ တစခမ်းရပ်ကြပါစို့။
အထက်ဖော်ပြပါ အခြေခံသဘောနှင့် ဆန့်ကျင်ဝေးကွာမသွားစေဘဲ နည်းအမျိုးမျိုး အညွန့်၊ အတက်၊ အခက်၊ အလက်တွေ ဝေေ၀ဆာဆာနှင့် စီစဉ်ကြပုံကတော့ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်ယဉ်ကျေးမှု အခေါ်အဝေါ် အမှတ်အသား၊ မိမိတို့ ကိုးကွယ်ရာ ဘာသာတရား၏ အယူအဆများလည်း ပြက္ခဒိန်တွင် အကြုံးဝင် ပါရှိသွားလေအောင် ကြံဆ၍ (ကိန်းခန်းဆင်၍) ထည့်သွင်းတွက်ချက် ဖော်ပြခြင်းပင် ဖြစ်ကြပါသည်။
ရှေးဦးစွာ ကြံဆတီထွင် စီရင်ကြသော ပညာရှင်တို့၏ လုပ်ငန်းတာဝန်ကား ကြီးများကျယ်ဝန်းလှပေသည်။ အလွန်သိမ်မွေ့ နက်ရှိုင်းခက်ခဲသော ပညာအရာဖြစ်၍ အယုတ်အလွန် အပိုအလို မည်သည့် ပြက္ခဒိန်မှာမဆို ရှိနေကြပါသည်။
ထို့ကြောင့်လည်း နောက်နောင်ပညာရှင်တို့က အချိန်ကာလအားလျော်စွာ ပြောင်းလဲဖြည့်စွက် နှုတ်ပယ်ပြင်ဆင်မှု တို့ကို ပြုလုပ်နေကြပါသည်။
ပြက္ခဒိန်အချင်းချင်း ညှိနှိုင်းစီစစ်ကြပါဦးစို့ . ..
ဂရက်ဂိုရီယမ်ခေါ် အနောက်တိုင်း ပြက္ခဒိန်တို့၌ ကမ္ဘာ့ ပြက္ခဒိန်အမျိုးမျိုးတို့တွင
လအမည်တို့ကိုလည်း ခေါ်စရာအမည်ရှိလျှင် ပြီးရောဆိုသည့်သဘောဖြင့် မင်းအမည်၊ နတ်အမည်တို့ကို စွဲ၍
၁။ ဇန်န၀ါရီလ
၂။ ဖေဖော်ဝါရီလ
၃။ မတ်လ
၎။ ဧပြီလ
စသောအမည်တို့ကို မှည့်ခဲ့၏။
ထိုလတို့၏ ရက်အရေအတွက်ကိုလည်း ၁၂ လရှိ၍ တနှစ်ပြည့်က အံသာသောရရက် ၃၆၀ နှင့်ညီမျှသည့် သာဝန (နေထွက်နေ၀င်) ၃၆၅ ရက်၊ ၁၅နာရီ၊ ၃၁ဗီဇနာ၊ ၃၁ခရာ၊ ၂၄၀ိခရာ၊ (၃၆၅.၂၅) ခန့်ရှိရန် ၃၀(သို့)၃၁ ရက်၊ ၂၈(သို့)၂၉ရက် သတ်မှတ်ခဲ့၏။
ထိုသို့သတ်မှတ်ကြသော်လည်း နှစ်၏အစ အဆုံးနှင့် လ၏ အစ အဆုံးတို့ တတိုင်းတည်း တဖြတ်တည်း တူညီပြတ်ဆုံးမသွားကြဘဲ ဒီဇင်ဘာ ၂၂ ရက်မှာ သာယနတနင်္ဂနွေဂြိုဟ် ဒက္ခိဏာယဉ်အဆုံး ဓနုရာသီမှ ဥတ္တရာယဉ်အစ မကာရရာသီသို့ ပြောင်းပြီး နှစ်ကုန်ဆုံးသွားသော်လည်း ရက်အလို ၉ ရက်ကျန်ပါသေးသည်။
ထိုသို့ ရက်ကျန်ပါလျက်လည်း ဒီဇင်ဘာရက်ကစ၍ နှစ်သစ်မစဘဲ ဇန်န၀ါရီလ ၁ ရက်ကစ၍ နှစ်သစ်ပြက္ခဒိန်ကို စ၍ထားပါသည်။
ဒီမျှသာမက တဖြည်းဖြည်း ရက်မကိုက်ညီဖြစ်လာပြန်သဖြင်
ဒါတောင်မှ သူတို့ပြက္ခဒိန်ကို သူတို့ အပြစ်ကင်းပြီး ပြင်ဆင်ရန်မလိုဟု သဘောမထားကြပါ။ ထို့ကြောင့် အမေရိကန်နိုင်ငံက ၁၉၄၆ ခုနှစ် ကမ္ဘာ့ ၁၄ နိုင်ငံအစိုးရတို့နှင့် တိုင်ပင်၍ အောက်ပါအတိုင်း ပြင်ဆင်ကြပြန်ပါသည်။
၁။ ဇန်န၀ါရီလ ၃၁ ရက်
၂။ ဖေဖော်ဝါရီလ ၃၀ ရက်
၃။ မတ်လ ၃၀ ရက်
၎။ ဧပြီလ ၃၁ ရက်
၅။ မေလ ၃၀ ရက်
၆။ ဇွန်လ ၃၀ ရက်
၇။ ဇူလိုင်လ ၃၁ ရက်
၈။ သြဂုတ်လ ၃၀ ရက်
၉။ စက်တင်ဘာလ ၃၀ ရက်
၁၀။ အောက်တိုဘာလ ၃၁ ရက်
၁၁။ နိုဝင်ဘာလ ၃၀ ရက်
၁၂။ ဒီဇင်ဘာလ ၃၀ ရက်
ပေါင်း ၃၆၄ ရက်ထားသည်။ သို့သော်လည်း အများကမလိုက်နာကြသဖြင့် ၎င်းပြင်ဆင်ချက် မတွင်ကျယ်ပါ။
အိန္ဒိယပြက္ခဒိန်များ၌ နေ့-နက္ခတ်-ယုဂ်-တိထီ-ကရိုဏ်
နှစ်ကို သောရ(အံသာ)နှစ်၊ စန္ဒရ (တိထီ)နှစ်ဟု နှစ်မျိုးထားပါသည်။ တနှစ်တနှစ်မှာ စန္ဒရတိထီနှစ်က သောရ အံသာနှစ်ထက် ၁၁ ၁/၆ (၁၁ရက် ၄နာရီ)ရက်ခန့် ပိုပါသည်။
ဤသို့ အစီအစဉ်ဖြင့် ပိုလာခဲ့ရာ ၂နှစ်၊ ၈လ၊ ၁၆ရက်၊ ၄နာရီခန့် ရှိသောအခါ ရက်ပေါင်း ၃၀ (တစ်လ) တိထီပိုလာသဖြင့် အကြမ်းစား (မဓျ) လထပ်ကိန်း ကြုံလာပါသည်။
ထိုသို့ကြုံလာသော်လည်း ယခုခေတ် အိန္ဒိယ ပြက္ခဒိန်တို့က ထိုကြုံလာရာ အချိန်နှင့် အကိုက်အညီ လမထပ်သေးဘဲ တစ်လအတွင်း တနင်္ဂနွေဂြိုဟ် တစ်ရာသီမှ တစ်ရာသီသို့ မပြောင်း (အဓိမာသ်လက္ခဏာပေါ်လာ)သော လကျမှ ကျရောက်ရာလကို ၂လပြု၍ ထပ်ကြပါသည်။
ထိုအဓိမာသ် လက္ခဏာပေါ်လာရာ ကာလပမာဏကား အဓိမာသ် တကြိမ်ကျပြီးနောက် ၂နှစ်၃လနှင့် ၃နှစ်အကြား များသောအားဖြင့် တန်ခူး၊ ကဆုန်၊ နယုန်၊ ၀ါဆို၊ ၀ါခေါင်၊ တော်သလင်း၊ သီတင်းကျွတ်လအထိ (၇)လ။
ရံခါ အနည်းငယ် တပေါင်းလမှ သီတင်းကျွတ်လအထိ (၈)လ ဖြစ်ပါသည်။
အကယ်၍ တန်ခူးလမှာ အဓိမာသ်လက္ခဏာပေါ်လာလျှင် တန်ခူး- တန်ခူး ၂လ၊ ကဆုန်လမှာ အဓိမာသ် လက္ခဏာပေါ်လာလျှင် ကဆုန်- ကဆုန်စသည်ဖြင့် ၂လ ထပ်ကြပါသည်။
ဝေါဟာရ သာဝနရက်ကို မသုံးဘဲ တိထီရက်ကိုသာ သုံးသောကြောင့် သူတို့ပြက္ခဒိန်မှာ ရက်ထပ် ရက်ငင်မရှိပါ။ လတို့၏ အမည်ကိုလည်း ထိုထိုလတို့၏ လပြည့်စန်းယှဉ်နက္ခတ်ကို အစွဲပြုပြီး စဲတြ(စိကြ)၊ ၀ဲဂါခ(၀ိသာခါ) စသည်မည့်ခေါ် ထားပါသည်။ ထိုသို့ မှည့်ခေါ်ထားသော်လည်း အစဉ်အမြဲ ယှဉ်တွဲ ကိုက်ညီမနေ၊ များသောအားဖြင့် ကိုက်ညီတတ်သောကြောင့် မှည့်ခေါ်ခြင်း ဖြစ်ပါသည်။
တစ်လ၏ အဆုံးကို တိထီ (၃၀)ဖြင့် ပိုင်းခြားရာ ထိုတိထီရက်မှာလည်း နေထွက်၊ နေ၀င် (သာဝန)ရက်ကဲ့သို့ အချိန်ကာလမှန်၊ နာရီမှန် ပြောင်းရွှေ့ခြင်းမရှိသဖြင့်
ဥပမာ . .
မြန်မာပြက္ခဒိန် ၁၃၄၀ ပြည့်နှစ် တပို့တွဲလဆန်း ၁၅ရက်၊ လပြည့်နေ့(သာဝကသန္နိပါတ)နေ့မ
အိန္ဒိယပြည်ပြက္ခဒိန်တို့ကလည်
အိန္ဒိယပြက္ခဒိန်စီစစ်ချက် ပြီး၏။
မြန်မာပြက္ခဒိန် တန်ခူးလဆန်း (၁)ရက်မှာ အိန္ဒိယပြက္ခဒိန်တို့က တပေါင်းလကွယ် တိထီ ၃၀လုံးပြည့်၍ တန်ခူးလဆန်း ၂ရက်မှာ အိန္ဒိယပြက္ခဒိန်တို့က တိထီ ၁-လုံး (တစ်ရက်)ကိုကျော်လွန်၍ လဆန်းတိထီ
၂-ရက်ဖြစ်သဖြင့် မြန်မာနှင့်အိန္ဒိယပြက္ခဒိန်တ
အဲဒီလို ကမောက္ကမဖြစ်ခြင်းကြောင့် အိန္ဒိယပြက္ခဒိန်များကို မှားသည်ဟု မဆိုရ။ ကမောက္ကမ မဖြစ်မနေ ဖြစ်ကိုဖြစ်ရမည့်အကြောင်း အခြေအနေကြောင့် ဖြစ်ရပါသည်။
မြန်မာနိုင်ငံ ပြက္ခဒိန်များတွင် အဲဒီလို ကမောက္ကမ တွေ့မြင်ရလျှင် မြန်မာ့ ပြက္ခဒိန်ဆရာတွေ ဦးနှောက်ပျက်နေပြီလားဟု ဆိုကောင်းဆိုကြပေလိမ့်မည် ဖြစ်သည်။
မူစလင်ပြက္ခဒိန်များစီစဉ်ပုံ
ဟိဇရီ ခေါ်သော မူစလင်ပြက္ခဒိန်များ၌ကား တိထီရက် ၃၆၀ နှင့်ညီမျှသော သာဝနရက် ၃၅၄ ၁/၆ ခန့်ဖြင့် စန္ဒရမာသနှစ်ကို သတ်မှတ်ကြပါသည်။ (သောရမာနနှစ်ကို မယူပါ)
လများကိုလည်း ၂၉-ရက်- ၃၀-ရက် ဖြင့် ပိုင်းခြား၍ ၁၂-လ သတ်မှတ်ကြပါသည်။ သို့သော် မည်သည့်လ ၂၉-ရက်၊ မည်သည့်လ ၃၀-ရက်ဟု အမှတ်အသားမမြဲပါ။
ထို့ကြောင့် ၂၉-ရက် ရှိသောလ၊ ၃၀-ရက်ရှိသောလ ဟု အစဉ်အတိုင်းမသွားဘဲ ရံခါ ၂၉-၂၉-ရက်၊ ရံခါ ၃၀-၃၀-ရက် ဟုသွားပါသည်။
၎င်းပြက္ခဒိန်မှာ လထပ်လည်း မရှိပါ။ လထပ်မရှိသော်လည်း မိုဟရ်ရမ် ခေါ်သော နှစ်ဦးလသည် ၃-နှစ်လျှင် တစ်ကြိမ် အိန္ဒိယပြက္ခဒိန်၊ မြန်မာပြက္ခဒိန်တို့ထက် တစ်လစောလာပါသည်။ နှစ်ပေါင်း ၃၂-နှစ်၊ ၃၃-နှစ်ကြာသောအခါ တနှစ်တိုးပြီး အစဉ်အတိုင်း ၃၃-နှစ်၊ ၃၄-နှစ် ဖြစ်လာပါသည်။ လ-မထပ်ဘဲ နှစ်ထပ်ပြီး ၃၂-နှစ် ၃၂-နှစ်ကြာမှ သောရမာသနှစ်နှင့် စန္ဒြမာသတို့ တူညီအောင် ညှိလိုက်သော သဘောပင်ဖြစ်ပါသည်။
တရုတ်ပြက္ခဒိန်နှင့် ဂျူးပြက္ခဒိန်များ စီစဉ်ပုံ
တရုတ်ပြက္ခဒိန်နှင့် ဂျူးပြက္ခဒိန်များမှာလည်း မူစလင်ပြက္ခဒိန်ကဲ့သို့ပင် နှစ်-လ တို့ကို သတ်မှတ်ကြပါသည်။ သို့သော် ၂-နှစ်၊ ၈-လ၊ ၁၇- ၁/၈ ခန့်ရက်လောက်ရှိက သောရမာသနှစ်နှင့် စန္ဒြမာသနှစ်တို့ မညီညွတ်ဘဲ စန္ဒြမာသနှစ်က သောရမာသနှစ်ထက် ရက်ပေါင်း ၃၀- (တစ်လ) အရေအတွက် ပိုလာသဖြင့် လထပ်ကိန်း ကြုံလာ၍ သောရမာသနှစ်နှင့် စန္ဒြမာသနှစ် ၂မျိုးညီညွတ်စေရန် လထပ်ကြရပါသည်။ မည်သို့တွက်၍ မည်သည့်လကို ထပ်သည်ဟုတော့ မသိပါ။
ဖါရသီပြက္ခဒိန်များစီစဉ်ပုံ
ဖါရသီပြက္ခဒိန်များမှာ တစ်လ-သာဝနရက် ၃၀၊ ၁၂-လ သာဝနရက် ၃၆၀-အတိထား၍ နှစ်ကို သတ်မှတ်ကြပါသည်။ သောရမာသနှစ်လည်း မမှီ၊ စန္ဒြမာသနှစ်လည်းမက ခြားကျနေပါသည်။
ထို့ကြောင့် သောရမာသနှစ်နှင့် ကိုက်ညီစေရန် တနှစ် ၅ ၁/၆ ရက်ခန့် လိုနေ တိုးပေးရပါသည်။ ထိုတိုးသောရက်ကို ဂါထာဂံဗရ ဟု ခေါ်ဆိုပါသည်။
ခရစ် ၁၈၄၉-ခုနှစ် ဧပြီလတွင် ပြင်သစ်နိုင်ငံ ပြက္ခဒိန်အဖွဲ့က တစ်လမှာ ၂၈-ရက် အညီအမျှ ၁၃-လထား၍ တနှစ် ၃၆၄-ရက် သတ်မှတ်ကြပါသည်။
သောရမာသနှစ်နှင့် နှစ်စဉ် ၁ ၁/၄ ကွာခြားပါသည်။ ကိုက်ညီအောင် မည်သို့ ပြုပြင်သည်ကို မသိပါ။ ပြုပြင်ရမှာတော့ ဧကန်ဖြစ်ပါသည်။
မြန်မာနိုင်ငံပြက္ခဒိန်စီစဉ်
မြန်မာနိုင်ငံ ပြက္ခဒိန်များကား သူရိယသိဒ္ဓန္တစသော တွက်ရိုးကျမ်းများကို မှီငြမ်း၍ အိန္ဒိယပြက္ခဒိန်များမှ ဆက်သက်လာပါသည်။ ဆင်းသက်လာကြသည် ဆိုသော်လည်း ပြက္ခဒိန်ချင်း တတိုင်းတဖြတ်တည်း တပုံစံတည်းတော့ မကျပါ။
အိန္ဒိယပြက္ခဒိန်များက သောရမာသနှစ်ဖြင့် နှစ်ကို အဆုံးသတ်သလို မြန်မာပြက္ခဒိန်တို့ကလည်း သောရမာသနှစ်ဖြင့်ပင် အဆုံးသတ်ကြပါသည်။ နေ့စဉ်တိထီ- နက္ခတ်များကိုလည်း အိန္ဒိယပြက္ခဒိန်များကဲ့သို့ပ
(ဘယ်ဘုရား၊ ဘယ်တန်ခိုးရှင်မှလည်း ကိုက်ညီအောင် ပြုပြင်ဘန်ဆင်းလို့ မရပါ။ အကြောင်းကတော့ တိုတိုဘဲပြောရလျင် မကိုက်ညီကောင်း၊ မကိုက်ညီနိုင်သောအရာ ဖြစ်၍ မကိုက်ညီခြင်း ဖြစ်ပါသည်။)
ဒါတောင် ၀ါဆိုလပြည့်နေ့မှာ ပြုဗ္ဗာသဠ် (သို့မဟုတ်) ဥတ္တရာသဠ် နက္ခတ်နှင့် စန်းမယှဉ်လျှင် ဘုရားဟောကျမ်းဂန်နှင့် မညီညွတ်ဘူးဆိုပြီး မြန်မာပြက္ခဒိန်ဆရာတို့ ရှေ့က အကြိမ်ကြိမ် အငြင်းပွားခဲ့ကြပါသည်။ ယခုလည်း ၀ါဆိုလအတွက် အတော်ရေးပေး စဉ်းစားရပါသေးသည်။
အိန္ဒိယပြက္ခဒိန်များတွင် လထပ်ရှိသလို မြန်မာပြက္ခဒိန်များတွင်လည်း
မြန်မာပြက္ခဒိန် လထပ်ပုံအကျဉ်းချုပ်ကား
သက္ကရာဇ် ၁၂၁၇-ခုနှစ် မတိုင်မီ ရှေးနှစ်ပေါင်းများစွာက ဗြဟ္မသိဒ္ဓ န္တကျမ်းလာ သက္ကရာဇ်ကို ၁၉-ခုစား၍ ၂-ခု(စမ္မာဓိမာသ်)၊ ၅-ခု(ပဉ္စာဓိမာသ်)၊ ၈-ခု(ဗသျှုဓိမာသ်)၊ ၁၀-ခု(ဒသာဓိမာသ်)၊ ၁၃-ခု(ကေရသာဓိမာသ်)၊ ၁၆-ခု(သောဠသာဓိမာသ်)၊ ၁၈-ခု(အဌာရသာဓိမာသ်) ဖြစ်သောနှစ်မှာ ၀ါလထပ်ခဲ့ကြပါသည်။
ထိုနည်းစနစ်ဖြင့် ၀ါလ အစဉ်သဖြင့် ထပ်ခဲ့ရာ မင်းတုန်းမင်း လက်ထက်တွင် ၁၂၁၇-ခုနှစ်အတွက် ၀ါထပ်သင့်-မသင့် အငြင်းပွါးခဲ့ကြရာ ညောင်ကန် ဆရာတော်ဘုရားကြီးက ၁၉-ခုစားကြွင်းဖြင့် ၀ါထပ်နည်းကိုပယ်၍ ရက်လွန်ပြို ရှေ့လေးပိုင်း၊ နောက်ရှစ်ပိုင်း စနစ်ဖြင့် ၁၂၁၇-ခုနှစ် ၀ါလထပ်ရန် ဆုံးဖြတ်တော်မူသည်။
၎င်းစနစ်ကိုပင် အခိုင်အမာယူ၍ နောက်ပညာရှိတို့ အစဉ်သဖြင့် ၀ါထပ်ခဲ့ကြပါသည်။ ၎င်းစနစ်သည်လည်း သန့်ရှင်းစင်ကြယ်မှု နည်းသေးသဖြင့် အငြင်းအခုံမကင်း ရှိနေရာ တဖန် အငြင်းအခုံကင်းအောင် ကောင်းနိုင်သမျှ ကောင်းအောင် အိန္ဒိယပြက္ခဒိန်များကဲ့သို့ အဓိမာသ် လက္ခဏာပေါ်လာ (ဖုဋာဓိမာသ်ပြို)ရာ နှစ်မှသာ လထပ်ရမည်ဟု ဆုံးဖြတ်၍ ညောင်ကန်ဆရာတော်၏ ရှေ့လေးပိုင်း၊ နောက်ရှစ်ပိုင်း စနစ်ကို ရုပ်သိမ်းခဲ့ပါသည်။
အဓိမာသ်လက္ခဏာပေါ် (ဖုဋာဓိမာသ်ပြို)ရာမှာသာ လထပ်သောစနစ်ဖြင့် ၁၃၂၆-ခုနှစ်ကစ၍ ၀ါလထပ်ခဲ့ကြပါသည်။
(မဓျပြိုသဖြင့် ၀ါလထပ်ခြင်းကို ပယ်ဖျက်၍ ဖုဋာဓိမာသ်ဖြင့်သာ (ဖုဋာဓိမာပြို)ဖြင့်သာ ၀ါလထပ်ရန် ဆုံးဖြစ်၍ ၁၃၂၆-ခုနှစ်ကစ၍ ယနေ့တိုင် ဖုဋာဓိမာသ်ဖြင့် ၀ါလထပ်ခဲ့ကြပါသည်။)
ဖုဋာဓိမာသ် လက္ခဏာပေါ်ရာ နှစ်မှာလထပ်သော်လည်း ထိုနှစ် ဖုဋာဓိမာသ် လက္ခဏာပေါ်နိုင်သည့် ၇-လ သို့မဟုတ် ၈-လတွင် ကျရာလတွင် လမထပ်ဘဲ ၀ိနည်းဒေသနာတော်နှင့် မဆန့်ကျင်စေရန် မြန်မာပြက္ခဒိန်များက ၀ါဆိုလမှာသာ ၀ါဆို ၂-လ လထပ်ကြပါသည်။
မြန်မာနိုင်ငံတွင် သာသနာတော် မကွယ်သေးသ၍ ဤနည်းထက်ကောင်းသော လထပ်နည်းကို နောက်ထပ်ရှာကြံ၍ ရနိုင်မည်မထင်ပါ။
အိန္ဒိယနှင့်မြန်မာပြက္ခဒိန်တ
အိန္ဒိယပြက္ခဒိန်တို့က နေ့စဉ် တိထီရက်ကိုသာသုံး၍ ဝေါဟာရ သာဝနရက်ကို မသုံးပါ။ မြန်မာပြက္ခဒိန်များက ကျား-မ မဟူ ကလေးသူငယ်ပါမကျန် မိမိတို့ မွေးလ- မွေးရက်မှ စဿ လိုသမျှ အချိန်အခါကို လွယ်ကူစွာ မြန်မာလို မှတ်သားနိုင်ရန် လည်းကောင်း၊ ရဟန်းတော်များ ဥပုသ် ပ၀ါရဏာအတွက် အမှတ်အသား လွယ်ကူရန်လည်းကောင်း ဝေါဟာရ(သာဝန)ရက်ရော တိထီရက်ပါ ၂-မျိုးလုံးကို သုံးပါသည်။
ထိုသို့သုံးစွဲရာ တိထီရက်က သာဝနရက်ထက် ပျမ်းမျှ တရက် ၄၇-စက္ကန့်သာသာ၊ တစ်လ ၂၃-မိနစ်၊ ၁၆-စက္ကန့်ခန့်၊ တစ်နှစ် ၄-နာရီ၊ ၂၉-မိနစ်၊ ၁၅-စက္ကန့်ခန့် ပိုလွန်သဖြင့် ၅နှစ်၊ ၂-လ၊ ၂၃-ရက်၊ ၁၂-နာရီ၊ ၃၃-မိနစ် ခန့်ရှိသောအခါ ၂၄-နာရီ (တစ်ရက်လုံးလုံး) ပိုသွားသဖြင့် ရက်ငင်ရက်ထပ်ကိန်းကြုံပါသည်
ထိုသို့ ရက်ငင်ရက်ထပ်ကိန်း ကြုံသော်လည်း အမြဲကြုံရာနှစ်၊ ကြုံရာလ၊ ကြုံရာရက် ၌သာ ရက်ထပ်ရက်ငင်ကိစ္စ မပြုဘဲ ဝေါဟာရ သာဝနရက်၊ တိထီရက်၊ စန်းယှဉ်နက္ခတ်တို့နှင့် ညီ-မညီ ဆင်ခြင်ချင့်ချိန် ကြည့်ရှု၍ ၀ါလထပ်သော နှစ်မှာသာ နယုန်လ ရက်စုံသတ်လျက် ၀ါကြီးထပ် သမုတ်ပြီးလျှင် ရက်ငင်ရက်ထပ်ကိစ္စကို ရှေးမြန်မာပညာရှိတို့ ပြုလုပ်ခဲ့ကြပါသည်။ ယခုလည်း ဤနည်းအတိုင်း ကျင့်သုံးလျက်ရှိပါသည်။
စင်စစ်တော့ ရက်ထပ်ရက်ငင်ဆိုတာ ဝေါဟာရ သာဝနရက်- တိထီရက်- စန်းယှဉ်နက္ခတ်တို့ မကွဲမပြား ကိုက်ညီနိုင်သမျှ ကိုက်ညီအောင် ပြုပြင်ညှိနှိုင်းပေးလိုက်ခြ
အဲဒီလို ပြုပြင်ညှိနှိုင်းပေးလိုက်တဲ
- တိထီငဲ့လွန်းလျှင် နက္ခတ်နှင့် မကိုက်မညီ ဖြစ်တတ်သည်။
- နက္ခတ်ငဲ့လွန်းလျှင် တိထီနှင့် မကိုက်မညီ ဖြစ်တတ်ပါသဖြင့် ရံခါ ဦးနှောက်ရှုပ်စရာ အခက်အခဲတို့နှင့် ကြုံရပါသေးသည်။
အပြစ်အမျိုးမျိုးကို လွတ်နိုင်သမျှ လွတ်အောင် ရှောင်ခွါ၊ အရာရာအကြောင်းကြောင်းကို ထောက်ဆပြီး စီစဉ်ရသော မြန်မာပြက္ခဒိန်များ၌ မလွဲမရှောင်သာပါလာသော အပြစ်အနည်းငယ်ကို အကြောင်းပြကာ အချို့သူများက (ဆရာများက) . . .
- မြန်မာပြက္ခဒိန်များမှာ လပြည့်ခေါ်တဲ့နေ့ လမပြည့်ဘူး။
- လကွယ်ခေါ်တဲ့နေ့ လကိုမြင်နေရတယ်။ လဆန်း ၁-ရက်လို့ သတ်မှတ်တဲ့နေ့ လကိုမမြင်ရဘူး။
- တန်ခူးလဆန်း ၁-ရက်နေ့မှာ ဘာကြောင့်နှစ်ဆန်း ၁-ရက်မဖြစ်တာလဲ။
- အင်္ဂလိပ်ပြက္ခဒိန်မှာ ဇန်န၀ါရီလ ၁-ရက်နေ့ နှစ်ဆန်း ၁-ရက်ဖြစ်သလို တန်ခူးလဆန်း ၁-ရက်နေ့ကို နှစ်ဆန်း ၁-ရက်ဖြစ်အောင် လုပ်ပါတော့လား စသည်ဖြင့် အမျိုးမျိုးဝေဖန် ပြောဆိုကဲ့ရဲ့ကြပါသည်။
အဲဒီလို အပြစ်တင်လာတဲ့ အပြစ်မျိုးကို အကြောင်းအရာတစ်ခု၌ ကဲ့ရဲ့ခြင်း၊ ချီးမွှမ်းခြင်း ပြုလုပ်လိုလျှင် ထိုအကြောင်းအရာကို ပြည့်ပြည့်၀၀ စေ့စေ့ငင လေ့လာပြီးမှ ပြုလုပ်ပြောဆိုကြပါ။ စုံစုံလင်လင် မလေ့လာဘဲ ပြုလုပ်ပြောဆိုလျှင် ပြုလုပ်ပြောဆိုသူမှာသာ အပြစ်မကင်းပါဘူးလို့ ယဉ်ကျေးသိမ်မွေ့စွာ မေတ္တာရပ်ခံတောင်းပန် ဖြေကြားရမှာဘဲ။
သိဒ္ဓါန္တသိရောမဏိကျမ်းကို ရေးသားစီရင်ခဲ့တဲ့ ဘာကရဆရာကတော့ အရမ်းတင်တဲ့ အပြစ်မျိုးကို အောင့်အီးမျိုသိပ်မထားဘဲ ပွင့်ပွင့်လင်းလင်း မငဲ့မညှာ ချေပပြောဆိုတတ်တယ်။
ဒါကြောင့် သူ့ရဲ့ သိဒ္ဓါန္တသိရာမဏိကျမ်းအစ ၅-ခုမြောက် ဂါထာမှာ . .
တုဿန္တုသုဇနာဗုဒ္ဓါ၊ ၀ိသေသေ မယုဓိရတေ။
အဗောဓေန စသန္တောမံ၊ တောသမေဿန္တိဒုဇ္ဇနာ ။ ။
အနက်
မယာ-ငါသည်၊ ဥဓိရိတေ-မိန့်ဆိုအပ်သော၊ ၀ိသေသေ- အထူးထူးအပြားပြားသော အနက်အဓိပ္ပါယ် အသွယ်သွယကို၊ ဗုဒ္ဓါ- အဟုတ်တကယ်သိကြကုန်သော၊ သုဇနာ- ပညာရှိသူတော်ကောင်းတို့သည်၊
ဒုဇ္ဇနာ-သေးငယ်ဖျင်းသိမ် ဥာဏ်လိမ်ဥာဏ်ရွဲ့ ဥာဏ်နုံနဲ့ ငမိုက်သားတို့သည်ကား၊ အဗောဓေန- အဟုတ်အမှန်ကို ခြေငံစေ့ငုံ မသိမှုကြောင့်၊ မံ- ငါ့ကို၊ ဟသန္တော- ပြုံးစပ်စပ်မျက်နှာပေးနှင့်
အဲဒီ ဘာကရဆရာ ပြောထားခဲ့တဲ့စကားအတိုင်း မကျရလေအောင် နှလုံးသွင်းသန့်ရှင်းစင်ကြယ
ဆရာတော်-ဦးသီလာစာရ (အဂ္ဂမဟာပဏ္ဍိတ)
နိုင်ငံတော်ပြက္ခဒိန်အကြံပေး
ပုသိမ်ကျောင်း၊ ဘုရားကြီးတိုက်၊ မန္တလေး
(၁၉၇၉- မတ်လ- ၁၀-ရက်)
အထက်ပါနေ့စွဲဖြင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တင်သွင်းပြီးဖြစ်သည်။ ၎င်းတင်သွင်းသော စာမူကို အချောရေးသားပြီး ဆရာကြီး ဦးသန်းညွန့်၏ လက်ရေးမူဖြင့် တင်သွင်းခဲ့ပါသည်။ ။
https://www.facebook.com/astro603/photos/a.217666298375881.1073741827.216567645152413/452991094843399/?type=1&theater
No comments:
Post a Comment