လူတိုင်းလူတိုင်းဟာ ကိုယ့်သမိုင်းကို ရေးနေကြတယ်။ ဒါပေမဲ့ ဒေ၀ဒတ်သမိုင်းမျိုးတော့ မရေးမိစေနဲ့။ ဒေ၀ဒတ်သမိုင်းမျိုး ရေးမိရင်တော့ သားစဉ်မြေးဆက် အညွန့်တုံးသွားလိမ့်မယ်။ သခင်သန်းထွန်းတို့၊ ဂဠုန်ဦးစောတို့ဆိုရင် အဖတ်ဆယ်လို့ မရတော့ဘူး။ ဘာ့ကြောင့်လဲ၊ ဒေ၀ဒတ်သမိုင်းရေးခဲ့ကြလို့ပ
သမိုင်းသုံးမျိုး ရှိတယ်။
၁။ ဒေ၀ဒတ်သမိုင်း
၂။ အဂုင်္လိမာလသမိုင်း
၃။ ကဿပမထေရ်မြတ်သမိုင်း
ဒေ၀ဒတ်သမိုင်းဟာ အစလည်း မကောင်းဘူး၊ အဆုံးလဲ မကောင်းဘူး။ အရှင်ဒေ၀ဒတ်ဟာ
ရဟန်းဝတ်လာပေမဲ့ မြတ်စွာဘုရားကို အမျိုးမျိုး နှောက်ယှက်တယ်။ နောက်ဆုံးတော့
သေချင်းဆိုးနဲ့ သေရတာပဲ။ သေပြီးတော့လဲ ငရဲကျတယ်။ ဒါကြောင့် အစလည်းမကောင်း၊
အဆုံးလဲ မကောင်းဘူး။
ဒီလိုလူမျိုးတွေကတော့ ပြောမဆုံးပေါင် တောသုံးထောင်ပါပဲ။ ငယ်ငယ်တုံးကလည်း မကောင်းဘူး။ ကြီးတော့လည်း ဆိုးမြဲဆိုးဆဲပါ။ သံပုရာသီးများလို ကြီးလေချဉ်လေပါပဲ။ အဲဒီလိုလူစားမျိုးတွေဟာ ဒေ၀ဒတ်သမိုင်း ရေးနေသူတွေပါပဲ။
လောကကြီးကို ဖျက်ဆီးဖို့ ရောက်လာတာပါပဲ။ မွတ်စလင်အကြမ်းဖက်သမား အိုစမာ ဘင်လာဒင်တို့ကို ကြည့်လိုက်ပေါ့။ ဘယ်လောက် ကြောက်စရာကောင်းလဲ။ ဒီလိုသမိုင်းမျိုးရေးသူကတော့  ငရဲမင်းရဲ့ စက်ကွင်းထဲမှာ လည်စင်းပြီးတော့ ခံပေဦးတော့။
ကိုယ့် အတွက်လဲ ဘာမှ မလုပ်နိုင်၊ မိသားစုအတွက်လည်း ဘာမှ မလုပ်။ ကောင်းတာဆိုလို့ ဘာတစ်ခုမှ လုပ်မသွားဘူးတဲ့။ အဲဒါ လူ့ငနွားပဲတဲ့။ ဒီလိုလူစားမျိုးတွေကြောင့် လောကကြီးဟာ ချောက်ခြားနေတာပဲ။
“အင်္ဂုလိမာလသမိုင်း”
အင်္ဂုလိမာလသမိုင်းကျတော့ အစတော့ မကောင်းဘူး၊ ဒါပေမဲ့ အဆုံးကောင်းတယ်။ ကျောင်းသားအရွယ်မှာ ဆရာရဲ့ အထင်အမြင်လွဲမှားမှုကြောင့် သူ့ရဲ့သမိုင်းဟာ အမဲစက်ကျန်သွားတာ။ ဆရာက လူတွေ သတ်ခိုင်းတယ်လေ။ သူကလည်း ကျောင်းသားအရွယ်ဆိုတော့ ဘယ်သိမလဲ၊ ဆရာ့စကားကို အဟုတ်ထင်ပြီး လုပ်လိုက်တာ။ “လူသတ်သမားကြီး” ဖြစ်သွားတယ်။
ဆိုးသွမ်းနေတဲ့အချိန်မှာ ဘုရားမြတ်စွာနှင့်တွေ့တယ်။ မြတ်စွာဘုရားက တရားဟောလိုက်တော့ အဂုင်္လိမာလဟာ သူ့ရဲ့အမှားတွေကို သိသွားတယ်။ အမှောင်လမ်းမှာ မီးရှုးတန်ဆောင်ထွန်းပေးလိုက်သလို
တရားတွေသိပြီးတော့ ရဟန်းဝတ်၊ တရားကျင့်လိုက်တာ ရဟန္တာကြီး ဖြစ်သွားတယ်။
မြတ်ဘုရားရဲ့ ဓမ္မကြောင့် အဂုင်္လိမာလရဲ့ ဓားကိုင်တဲ့ လက်ဟာ ပုတီးကိုင်တဲ့လက်
ဖြစ်သွားတယ်။
အဲဒီလိုပဲ တချို့ကျတော့ ငယ်ငယ်တုံးကတော့ ဆိုးတယ်။ အသက်အရွယ် ရလာတော့ သံဝေဂတွေ ရလာပြီး ဘုရားနဲ့တရားနဲ့ ဒီလိုဖြစ်လာတယ်။ ဂေါပကလူကြီးတစ်ယောက်၊ သူ့အကြောင်းကို ပြောပြတယ်။ “ငယ်ငယ်တုန်းက မိုးလင်းကနေ မိုးချုပ်အထိ သောက်တယ်၊ အသတ်အဖြတ်ကလဲ လုပ်လိုက်သေး တာ”တဲ့။
တစ်ရက် သူငယ်ချင်းက ခေါ်တာနဲ့ ကျောင်းရောက်သွားတယ်။ တရားနာဖြစ်သွားတယ်။ စိတ်ထဲမှာ အငြိမ်းဓာတ်လေး ရလာတယ်။ ဒါနဲ့ ကျောင်းကို မကြာမကြာသွားပြီး တရားနာဖြစ်တယ်။ အဲဒီနောက် ကိုယ့်ကိုယ်ကို သုံးသပ်တယ်။ “ငါမဟုတ်သေးဘူး၊ ပြင်ဦးမှဘဲ”ဆိုပြီး စီးပွားရေး ဇောက်ချပြီး လုပ်တယ်။ အလုပ်တွေ အောင်မြင်လာတယ်။
လုပ်ငန်းအောင်မြင်လာတော့ ရှင်ပြုအလှူပွဲကြီးလုပ်တယ်။
ကျောင်းတွေလည်း ဆောက်တယ်။ တရားစခန်းတွေ ၀င်တယ်။ အခုတော့ သူကိုယ်တိုင်က
ရိပ်သာ အကျိုးဆောင်ကြီး ဖြစ်နေပါပြီ။ ဒါကြောင့် မှားတာက မဆိုးသေးဘူး၊
မှားမှန်းမသိတာက ဆိုးတာတဲ့။ အဲဒါ အဂုင်္လိမာလ သမိုင်း ရေးနေတာပဲ။
“လူတော်လူကောင်း”လို့ပဲ ပြောရမယ်။
“ကဿပမထေရ်မြတ်သမိုင်း”
အရှင်ကဿပကတော့ လူ့ဘ၀တုံးကလည်း လူတော်။ ရဟန်းဘ၀ ရောက်တော့လဲ ဧတဒဂ်ဘွဲ့ရ မထေရ်မြတ်တစ်ပါး။ ဘုရားနှင့် တွေ့တော့ သင်္ကန်းချင်းလဲတော်မူတယ်။ အဲဒီနောက် တရားတွေကျင့်လိုက်တာ ၈-ရက်မြောက်နေ့မှာ ရဟန္တာဖြစ်တော် မူတယ်။
အရှင်မဟာကဿပဟာ “အားငယ်သူများကို အားပေး ရမယ်”ဆိုတဲ့အတိုင်း နိမ့်ကျသူများကို ဦးစားပေးပြီးတော့ ချီးမြှောက်တယ်။ ပြီးတော့ ကိုယ်တိုင် ကျင့်ပြီးတော့ တပည့်တွေကို ဓမ္မအမွေ ပေးတော်မူခဲ့တယ်။ သာသနာအတွက် အရေးပါဆုံးအလုပ်ကတော့ သင်္ဂါယနာတင်ခြင်းပါပဲ။ အရှင်မဟာကဿပဟာ ဦးဆောင်ပြီးတော့ ပထမသင်္ဂါယနာတင်တော်မူတယ်။
ဒီလိုမထေရ်မြတ်တို့ကြောင့် လောကကြီးထဲမှာ “လောကနိဗ္ဗာန်”ကို တွေ့နေရတာပါ။ ငယ်ငယ်တုံးကလည်း တော်တယ်။ အသက်ကြီးတော့လည်း တော်တယ်။ ပညာလည်း တတ်၊ အများအကျိုးကိုလည်း သည်ပိုး၊ စေတနာကလည်း ကောင်းတယ်။
သူဋ္ဌေးကြီး ဆာဦးသွင်တို့ဆိုရင် သူဋ္ဌေးသား။ ဒါပေမဲ့ လိမ္မာတယ်။ အသက်ကြီးတောလဲ ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးကို ပစ္စည်းလေးပါးဖြင့် ထောက်ပံ့ပြီးတော့ ဘ၀သမိုင်းကို အကောင်းဆုံး ဖြစ်အောင် ရေးခဲ့တယ်။ အဲဒါ ကဿပမထေရ်မြတ်သမိုင်းပါပဲ။
ဒီတော့ ကဿပမထေရ်မြတ်သမိုင်း မရေးနိုင်ရင်တောင် အဂုင်္လိမာလသမိုင်းလောက်တော့ ရေးနိုင်အောင် ကြိုးစားရမယ်။ ဒါကြောင့် ကိုယ့်ရဲ့အမှားလေးတွေကို ပြင်ပေးကြပါ။ မှားတာက မဆန်းဘူး။ ဘာ့ကြောင့်လဲ၊ လူတိုင်းမှားတတ်လို့။
အရေးကြီးတာက အမှားကို အမှားမှန်းသိအောင် ကြိုးစားရမယ်။ သိပြီဆိုရင်လည်း ပြင်နိုင်ရမယ်။ ဒါဆိုရင် ကိုယ့်ရဲ့သမိုင်းလေးဟာ အကောင်းဆုံး မဟုတ်တောင် လောကကြီးကို အကျိုးပြုတဲ့သူအဖြစ် သမိုင်းကျန်ရစ်မယ်။
သီတဂူ အရှင်ဒေဝိန္ဒာလင်္ကာရာဘိဝံသ
ဒီလိုလူမျိုးတွေကတော့ ပြောမဆုံးပေါင် တောသုံးထောင်ပါပဲ။ ငယ်ငယ်တုံးကလည်း မကောင်းဘူး။ ကြီးတော့လည်း ဆိုးမြဲဆိုးဆဲပါ။ သံပုရာသီးများလို ကြီးလေချဉ်လေပါပဲ။ အဲဒီလိုလူစားမျိုးတွေဟာ ဒေ၀ဒတ်သမိုင်း ရေးနေသူတွေပါပဲ။
လောကကြီးကို ဖျက်ဆီးဖို့ ရောက်လာတာပါပဲ။ မွတ်စလင်အကြမ်းဖက်သမား အိုစမာ ဘင်လာဒင်တို့ကို ကြည့်လိုက်ပေါ့။ ဘယ်လောက် ကြောက်စရာကောင်းလဲ။ ဒီလိုသမိုင်းမျိုးရေးသူကတော
ကိုယ့် အတွက်လဲ ဘာမှ မလုပ်နိုင်၊ မိသားစုအတွက်လည်း ဘာမှ မလုပ်။ ကောင်းတာဆိုလို့ ဘာတစ်ခုမှ လုပ်မသွားဘူးတဲ့။ အဲဒါ လူ့ငနွားပဲတဲ့။ ဒီလိုလူစားမျိုးတွေကြောင့် လောကကြီးဟာ ချောက်ခြားနေတာပဲ။
“အင်္ဂုလိမာလသမိုင်း”
အင်္ဂုလိမာလသမိုင်းကျတော့ အစတော့ မကောင်းဘူး၊ ဒါပေမဲ့ အဆုံးကောင်းတယ်။ ကျောင်းသားအရွယ်မှာ ဆရာရဲ့ အထင်အမြင်လွဲမှားမှုကြောင့် သူ့ရဲ့သမိုင်းဟာ အမဲစက်ကျန်သွားတာ။ ဆရာက လူတွေ သတ်ခိုင်းတယ်လေ။ သူကလည်း ကျောင်းသားအရွယ်ဆိုတော့ ဘယ်သိမလဲ၊ ဆရာ့စကားကို အဟုတ်ထင်ပြီး လုပ်လိုက်တာ။ “လူသတ်သမားကြီး” ဖြစ်သွားတယ်။
ဆိုးသွမ်းနေတဲ့အချိန်မှာ ဘုရားမြတ်စွာနှင့်တွေ့တယ်။ မြတ်စွာဘုရားက တရားဟောလိုက်တော့ အဂုင်္လိမာလဟာ သူ့ရဲ့အမှားတွေကို သိသွားတယ်။ အမှောင်လမ်းမှာ မီးရှုးတန်ဆောင်ထွန်းပေးလိုက
အဲဒီလိုပဲ တချို့ကျတော့ ငယ်ငယ်တုံးကတော့ ဆိုးတယ်။ အသက်အရွယ် ရလာတော့ သံဝေဂတွေ ရလာပြီး ဘုရားနဲ့တရားနဲ့ ဒီလိုဖြစ်လာတယ်။ ဂေါပကလူကြီးတစ်ယောက်၊ သူ့အကြောင်းကို ပြောပြတယ်။ “ငယ်ငယ်တုန်းက မိုးလင်းကနေ မိုးချုပ်အထိ သောက်တယ်၊ အသတ်အဖြတ်ကလဲ လုပ်လိုက်သေး တာ”တဲ့။
တစ်ရက် သူငယ်ချင်းက ခေါ်တာနဲ့ ကျောင်းရောက်သွားတယ်။ တရားနာဖြစ်သွားတယ်။ စိတ်ထဲမှာ အငြိမ်းဓာတ်လေး ရလာတယ်။ ဒါနဲ့ ကျောင်းကို မကြာမကြာသွားပြီး တရားနာဖြစ်တယ်။ အဲဒီနောက် ကိုယ့်ကိုယ်ကို သုံးသပ်တယ်။ “ငါမဟုတ်သေးဘူး၊ ပြင်ဦးမှဘဲ”ဆိုပြီး စီးပွားရေး ဇောက်ချပြီး လုပ်တယ်။ အလုပ်တွေ အောင်မြင်လာတယ်။
လုပ်ငန်းအောင်မြင်လာတော့ ရှင်ပြုအလှူပွဲကြီးလုပ်တယ်။
“ကဿပမထေရ်မြတ်သမိုင်း”
အရှင်ကဿပကတော့ လူ့ဘ၀တုံးကလည်း လူတော်။ ရဟန်းဘ၀ ရောက်တော့လဲ ဧတဒဂ်ဘွဲ့ရ မထေရ်မြတ်တစ်ပါး။ ဘုရားနှင့် တွေ့တော့ သင်္ကန်းချင်းလဲတော်မူတယ်။ အဲဒီနောက် တရားတွေကျင့်လိုက်တာ ၈-ရက်မြောက်နေ့မှာ ရဟန္တာဖြစ်တော် မူတယ်။
အရှင်မဟာကဿပဟာ “အားငယ်သူများကို အားပေး ရမယ်”ဆိုတဲ့အတိုင်း နိမ့်ကျသူများကို ဦးစားပေးပြီးတော့ ချီးမြှောက်တယ်။ ပြီးတော့ ကိုယ်တိုင် ကျင့်ပြီးတော့ တပည့်တွေကို ဓမ္မအမွေ ပေးတော်မူခဲ့တယ်။ သာသနာအတွက် အရေးပါဆုံးအလုပ်ကတော့ သင်္ဂါယနာတင်ခြင်းပါပဲ။ အရှင်မဟာကဿပဟာ ဦးဆောင်ပြီးတော့ ပထမသင်္ဂါယနာတင်တော်မူတယ်။
ဒီလိုမထေရ်မြတ်တို့ကြောင့် လောကကြီးထဲမှာ “လောကနိဗ္ဗာန်”ကို တွေ့နေရတာပါ။ ငယ်ငယ်တုံးကလည်း တော်တယ်။ အသက်ကြီးတော့လည်း တော်တယ်။ ပညာလည်း တတ်၊ အများအကျိုးကိုလည်း သည်ပိုး၊ စေတနာကလည်း ကောင်းတယ်။
သူဋ္ဌေးကြီး ဆာဦးသွင်တို့ဆိုရင် သူဋ္ဌေးသား။ ဒါပေမဲ့ လိမ္မာတယ်။ အသက်ကြီးတောလဲ ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးကို ပစ္စည်းလေးပါးဖြင့် ထောက်ပံ့ပြီးတော့ ဘ၀သမိုင်းကို အကောင်းဆုံး ဖြစ်အောင် ရေးခဲ့တယ်။ အဲဒါ ကဿပမထေရ်မြတ်သမိုင်းပါပဲ။
ဒီတော့ ကဿပမထေရ်မြတ်သမိုင်း မရေးနိုင်ရင်တောင် အဂုင်္လိမာလသမိုင်းလောက်တော့ ရေးနိုင်အောင် ကြိုးစားရမယ်။ ဒါကြောင့် ကိုယ့်ရဲ့အမှားလေးတွေကို ပြင်ပေးကြပါ။ မှားတာက မဆန်းဘူး။ ဘာ့ကြောင့်လဲ၊ လူတိုင်းမှားတတ်လို့။
အရေးကြီးတာက အမှားကို အမှားမှန်းသိအောင် ကြိုးစားရမယ်။ သိပြီဆိုရင်လည်း ပြင်နိုင်ရမယ်။ ဒါဆိုရင် ကိုယ့်ရဲ့သမိုင်းလေးဟာ အကောင်းဆုံး မဟုတ်တောင် လောကကြီးကို အကျိုးပြုတဲ့သူအဖြစ် သမိုင်းကျန်ရစ်မယ်။
သီတဂူ အရှင်ဒေဝိန္ဒာလင်္ကာရာဘိဝံသ
No comments:
Post a Comment