စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထိုင်းဆန်ပုံနဲ့ ပြဿနာများ

အိမ်နီးချင်းကပေးတဲသင်ခန်းစ

မောင်သက်မွန် ( ငါ န်း ဇွ န် )

ထိုင်းဆန်ပုံနဲ့ ပြဿနာများ

ထိုင်းအစိုးရက လယ်သမားတွေ ဆီက ဆန်တွေဝယ်ခဲ့ပေမယ့် ဆန်ဖိုး မပေးနိုင်ဘဲ အကြွေးတင်နေလို့ လယ်သမားတွေက ထွန်စက်တွေ၊ ကုန်တင် ယာဉ်တွေ မောင်းတတ်လာကြပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဒါပေမဲ့ အစိုးရ ဆီက နောက်တစ်ပတ်ကြာရင် ပေးပါမယ်ဆိုတဲ့ ကတိစကားကိုရတော့ လယ်ကွင်းတွေဆီကို ပြန်သွားကြပါ တယ်။ အခုဆိုရင်ထိုင်းအစိုးရလက်ထဲမှာ ဆန်တန်ချိန် ၁၈သန်းကနေ သန်း၂ဝအတွင်းပိုက်မိနေပါပြီ။ အခုလို လယ်သမား တွေဆီကနေ ဈေးကွက်ပေါက်ဈေးထက်ပိုပေးပြီး ဝယ်တာ ၃နှစ်ရှိတဲ့အချိန်မှာ ဒီစနစ်ကို ဆက်ကျင့်သုံးနိုင်ပါ့မလား။ လယ်သမားတွေ ကျေနပ်အောင် ဘယ်လို လုပ်ကြမလဲဆိုတာ စဉ်းစားဆင်ခြင်စရာဖြစ်နေပါတယ်။

ပထမ ၂ နှစ်မှာ ဆန်တစ်တန်ကို ဘတ် ၁၅ဝဝဝ ခွဲ နှုန်းပေးဝယ်ခဲ့တဲ့အတွက် ဘတ်ငွေ ၄ဝဝ ဘီလီယံရှုံးခဲ့ပြီးပါပြီ။ အစတုန်းကတော့ ဆန်ကွဲ ၅% (၅ မှတ်) ဆန်ဖြူတစ်တန်ဟာ ၁၈၄၆၆ ဘတ်ဈေးရှိရာက ဒီဇင်ဘာရောက် တော့ ၁၄၆၃၄ ဘတ်အထိ ကျခဲ့ပါတယ်။ အစိုးရက ဘတ် ၁၅ဝဝဝ ပေးဝယ်ခဲ့ရာမှ နှစ်တိုင်း တန်သန်း ၂ဝ လောက် ဝယ်ရပါတယ်။ မနှစ်ကနှစ်လယ်လောက်မှာ ဈေးချဝယ်ရင်ကောင်းမလား၊ အရေအတွက် လျှော့ဝယ်ရင်ကောင်းမ လား စဉ်းစားတဲ့အခါမှာ ဒီမိုကရက်ပါတီက တောင် ဆန့်ကျင်တာကို ခံရပါတယ်။ ဒီမိုကရက်ပါတီက ဒီမူဝါဒကို မကြိုက်ပေမယ့် လက်ရှိပွေထိုင်းပါတီ အနေနဲ့ လယ်သမားတွေရဲ့ အကျိုး စီးပွားအတွက် မူဝါဒမပြောင်းလဲသင့် ဘူးလို့ ပြောပါတယ်။ အကြီးဆုံး အတိုက်အခံပါတီရဲ့ ထောက်ခံမှု ရထားလေတော့ ၂ဝ၁၃-၁၄ ရာသီမှာ အဆင်ပြေ နေပါတယ်။ ဒါပေမဲ့လွှတ်တော်ကို ဖျက်သိမ်းပြီးတဲ့အခါကျတော့ အခြေအနေပြောင်းသွားခဲ့ပါတယ်။ အငြင်းပွားစရာ လွတ်ငြိမ်း ချမ်းသာခွင့်ဥပဒေကြမ်းကိုအကြောင်း ပြုလို့ အစိုးရအပေါ် မယုံမကြည်ဖြစ် လာတာကြောင့် လက်ရှိအိမ် စောင့်အစိုးရဟာ ဘေးကျပ်နံကျပ်ဖြစ်လာခဲ့ ပါတယ်။

နိုင်ငံရေးအရ ဆန္ဒပြမှုတွေ ကြောင့် စိုက်ပျိုးရေးသမဝါယမတွေဟာ နိုဝင်ဘာလမှာ ငွေချေးစာချုပ်တွေ ထုတ်ရောင်းပြီး ဘတ်ငွေ၇၅ဘီလီယံရအောင် မဆောင်ရွက်နိုင်တော့ဘူး။ ပေါ့ဆမှုတွေ၊ အကျင့်ပျက် မှုတွေကြောင့် နာမည်ပျက်လာတဲ့ အစိုးရဟာ ဘတ် ၁၃ဝ ဘီလီယံရဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဘဏ်တွေကလည်း ငွေထုတ် မချေးကြဘူး။ အစိုးရက ဘတ် ၇ဝဝ ဘီလီယံသုံးပြီးပြီဆိုတော့ ထပ်ချေးရင် နောက်အစိုးရအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မှာ စိုးရိမ်လာကြတယ်။ နောက် အစိုးရက အဲဒီအကြွေးအတွက် တာဝန် မယူရင်ဘယ်လိုလုပ်ကြမလဲ။ ဒီလိုနဲ့ကြားခံချေးငွေရဖို့ အစိုးရကကြိုးစားပြန်တယ်။ ပင်စင်ရန်ပုံငွေက ထုတ်ချေး မယ်ဆိုတဲ့ ကောလာဟလ ထွက်လာပေမယ့် ငြင်းပါတယ်။ အစိုး ရငွေစုဘဏ်က ဘတ်ငွေ ၂ဝ ဘီလီယံ ထုတ်ချေး မယ်ဆိုတဲ့ သတင်းထွက် လာတဲ့အခါ အပ်ထားတဲ့ ငွေတွေကို အပြေးအလွှားထုတ်ယူကြလို့ မချေးနိုင်တော့ဘဲဖြစ် သွားတယ်။ နိုင်ငံပိုင်ဘဏ်တွေမှာ အပ်ထားတဲ့ငွေတွေကို အစိုးရက အပြည့်အဝအာမခံထား တယ်ဆိုတာတောင်မှ ငွေစုတဲ့သူတွေ က အယုံမကြည်မရှိကြတော့ပါဘူး။ ကူးသန်းရောင်းဝယ်ရေးဘဏ်တွေကို တော့ ဘဏ်တစ်ခုကို ဘတ်သန်း ၅ဝ အထိ အာမခံရနိုင်ပါတယ်။

အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှု ကို လူလတ်တန်းစားတွေက ထောက် ခံပြီး အောက်ခြေက ဆန့်ကျင်တယ်။ အစိုးရကို ထောက်ခံသူတွေက အစိုးရငွေစုဘဏ်မှာ ငွေအပ်ချင်ကြတယ်။ အခုဆိုအစိုးရငွေစုဘဏ်နဲ့ ဘဏ္ဍာရေး စနစ်ဟာ အန္တရာယ်နဲ့ တွေ့နေပြီ။ ကောလာဟလတွေ အထင်အမြင်လွဲမှားမှုတွေကြောင့် အပ်ငွေတွေ အပြေး အလွှားထုတ်ကြ မယ့်အန္တရာယ်လည်းရှိနေတယ်။

စပါးစိုက်လယ်သမားတွေ အနေ နဲ့ ဆန္ဒသာပြရတာ မကြာမီ ကြွေး ပြန်ရမယ့် အလားအလာက အလွန် နည်းပါတယ်။ ဆန်လက်ကျန်တွေကို လည်း သိပ်ပြီးမလျှော့နိုင်လို့၊ ခုထိ တန်ချိန် ၁၇ သန်းရှိနေသေးတယ်။ တရုတ်ဝန်ကြီးချုပ်က အစိုးရအချင်း ချင်း ဝယ်မယ်ဆိုပေမယ့် တရုတ်ကုမ္ပ ဏီက မဝယ်ခဲ့ဘူး။ တရုတ်အနေနဲ့ တကယ်တော့ အဲဒီဆန်ကို မလိုအပ် ဘူး။ အရှုံးပြမှာမှန်ပေမယ့် ခုအချိန် မှာ ဆန်ကိုထုခွဲပြီး လယ်သမားတွေရဲ့ အကြွေးကို ဆပ်ဖို့လိုအပ်သလို ဆန် တွေမရှိတော့ဘူးလို့ဖြစ်နေတဲ့ ကော လာဟလကိုလည်း ဖြေရှင်းဖို့လို တယ်။ ဆန်တွေကို ဖျက်ဆီးပစ်ဖို့ဆို တာကလည်း လူသန်း ၆ဝဝ လောက် ဆင်းရဲနွမ်းပါးချိန်မှာ မဖြစ်သင့်ဘူး။
ဒါကြောင့် လယ်သမားတွေကို ဓားစာခံလုပ်ပြီး နိုင်ငံရေးအရောင်ဆိုး တာခံရတယ်လို့ အိမ်စောင့်အစိုးရဝန် ကြီးချုပ် ပြောတာလည်း မှန်တယ်။ ဘယ်လိုမှ ပိုက်ဆံရှာမရရင်တော့ အတိုးမပေးဘဲ ခြောက်လကြာမှ လယ်သမား တွေကိုပြန်ပေးနိုင်မယ်။ လောလောဆယ်တော့ အစိုးရသာထိ ခိုက်တာမဟုတ်ဘဲ လယ်သမားတွေနဲ့ နိုင်ငံကိုလည်း ထိခိုက်တယ်။ ဒီတော့နိုင်ငံရေးပါတီတစ်ခုဟာ ရေရှည်မလုပ်နိုင်မယ့် မူဝါဒတစ်ခုကို မချမှတ်သင့်ဘူးဆိုတဲ့ သင်ခန်း စာယူဖို့ ရိုးရိုးသားသား ပြဿနာကို ဝိုင်းဝန်းဖြေ ရှင်းဖို့လိုတယ်။ လယ်သမားတွေရဲ့ဝင်ငွေမြင့်မားရေး ရည်ရွယ်တာ မှန်ပေမယ့် အကောင်အထည်ဖော်ရာမှာ အကျင့်ပျက်မှုတွေရှိနေတယ်။လက်ရှိအစိုးရကို ဖယ်ရှားရုံနဲ့လည်း အကျင့် ပျက်မှုတွေ ပျောက်သွားမှာမဟုတ်ဘူး။

ပြည်တွင်းမှာ အဲဒီပြဿနာတွေ ကြုံတွေ့နေရသလို ပြည်ပမှာ ထိုင်း နိုင်ငံက ဆန်တွေကို ကမ္ဘာ့ဈေးကွက် မှာ ဈေးလျှော့ရောင်းတယ်လို့ စွပ်စွဲ ချက်တွေနဲ့ ရင်ဆိုင်နေရတယ်။ တကယ်လို့ ဈေးလျှော့ရောင်းတယ်ဆိုရင် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ရဲ့ စည်း မျဉ်းစည်းကမ်းကို ချိုးဖောက်ရာ ရောက်တယ်။ ထိုင်းနိုင်ငံက ဆန် ရောင်းချရာ သိုလှောင်ရာတွေမှာ ပွင့် လင်းမြင်သာမှု မရှိဘူးဆိုပြီး အမေရိ ကန်နဲ့ တချို့အာရှနိုင်ငံတွေက သတိ ပေးခဲ့ကြတယ်။ အင်ဒိုနီးရှားက သူ့နိုင်ငံကို ဈေးလျှော့ရောင်းတယ်လို့ အထင်ရှိပေမယ့် ဘယ်ကုမ္ပဏီက ဘယ်လောက်ရောင်းတယ် ဆိုတာတော့ ထုတ်ဖော်ပြောပြတာမရှိပါဘူး။ 


လယ်သမားတွေက မတ်လမှာ ထွက်မယ့် သီးနှံကို အပြင်မှာ ချရောင်း ရင် အစိုးရက ဆန်ဆက် မဝယ်နိုင်ဘူးဆိုရင် ဈေးပေါမယ့် ထိုင်း ဆန်တွေ တန်ချိန်သန်းပေါင်းများစွာ ဝင်လာရင် ဆန်ဈေးကျမှာကို အာရှက ဆန်တင်ပို့တဲ့နိုင်ငံတွေနဲ့ ကုန်သည်တွေ စိတ်ပူနေကြတာကို တွေ့ရ တယ်။ ထိုင်းဆန်ပို့ ကုန်အသင်းကတော့ ထိုင်းဆန်ဈေးဟာ ကမ္ဘာ့ဆန်ဈေးကွက်ထဲက အခြားနိုင်ငံတွေထက် ဈေးကြီးနေသေးတယ်လို့ ဆိုတယ်။ ဆန်ဝယ်တဲ့သူတွေကလည်း ထိုင်းဆန်တွေဝင်ပြီးဈေးကျမယ့်အချိန်ကိုစောင့်နေတာဖြစ်လို့ကမ္ဘောဒီးယား နဲ့ တခြားနိုင်ငံတွေ ထိခိုက်စရာရှိတယ် လို့ တွက်ဆနေကြပါတယ်။

(နေးရှင်း)


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351018658

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...