စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့အသက် အကြီးဆုံး အမျိုးသမီး အသက် ၁၁၆ နှစ်ပြည့်မွေးနေ့

ဂျပန်နိုင်ငံမှ ကမ္ဘာ့အသက် အကြီးဆုံး အမျိုးသမီး အသက် ၁၁၆ နှစ်ပြည့်မွေးနေ့ ကို ပျော်ရွှင်စွာ ကျင်းပ

တိုကျို ၊ ၆-၃-၂၀၁၄

ဂျပန်နိုင်ငံ မှ ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသမီး သည် ယမန်နေ့ တွင် ၄င်း၏ အသက် ၁၁၆ နှစ်ပြည့် မွေးနေ့ကို ပျော်ရွှင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

Misao Okawa အမည်ရှိ ၄င်း အမျိုးသမီး ကြီးသည် နိုင်ငံ အနောက်ပိုင်း အိုဆာကာမြို့ မှ ဖြစ်ပြီး သူမ၏ မွေးနေ့ကို မိသားစုဝင် များ၊နှင့် အတူ ကျင်းပခဲ့ခြင်း ဖြစ်သည်။ အဆိုပါ မွေးနေ့ပွဲသို့ မြို့တော်ဝန် တာကေဟီရို အုဂူရာ တက်ရောက် ခဲ့ပြီး သူမကို ပန်းခြင်းတစ်ခြင်း မွေးနေ့ လက်ဆောင် အဖြစ် ပေးအပ် ခဲ့ကြောင်း သိရသည်။ Misao Okawa သည် ကီမိုနို ကုန်သည်များမှ ဆင်းသက် လာသူတစ်ဦး ဖြစ်ပြီး ယခုအချိန်ထိ ကျန်းမာရေး ကောင်းမွန်လျက် ရှိသည်။

သူမသည် နေ့စဉ် အမဲသား ပြုတ်ချက် ၊ အီတလီ ခေါက်ဆွဲ ၊ ဆူရှီ တို့ကို စားသုံးလေ့ ရှိကြောင်း နှင့် သူမ၏ အသက်ရှည် ကျန်းမာစွာ နေထိုင်ရေး လျှို့ဝှက်ချက် မှာ အစားအသောက် ကို ကောင်းစွာ စားသောက်၍ အနားယူခြင်း ဖြစ်ကြောင်း Misao Okawa က ပြောကြား ခဲ့သည်ဟု သိရသည်။ သူမသည် ၁၈၉၈ ခုနှစ် မတ်လ ၅ ရက်တွင် မွေးဖွားခဲ့ပြီး ၁၉၁၉ ခုနှစ်တွင် အိမ်ထောင်ပြု ခဲ့ကြောင်း လက်ရှိတွင် သူမထံ၌ သားသမီး ၃ ဦး ၊ မြေး ၄ ဦးနှင့် မြစ် ၆ ဦး ရှိကြောင်း နှင့် သူမကို ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသမီးကြီး အဖြစ် ဂင်းနက်စ် မှတ်တမ်း အဖွဲ့က လွန်ခဲ့သည့် နှစ်အတွင်းက တရားဝင် အသိအမှတ်ပြု ခဲ့ကြောင်း သိရှိရသည်။


 https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3510186

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...