စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အလံပြဘုရား(Signal Pagoda)



“ဤဘုရားမှနေ၍ မြို့နှင့် မြစ်တို့ ၏အလွန်ကျယ်သော မြင်ကွင်းကိုတွေ့ မြင်နိုင်သည်။ မြစ်ထဲတွင်တက်လာ သောသင်္ဘောက ရှင်းလင်းသိရှိနိုင်လောက်သည့်အကွာအဝေးရှိသောကြောင့်၊ ဘုရားကို အလံပြ(အချက်ပြ) စခန်းအဖြစ် အသုံးပြုသည်။

ပထမအင်္ဂလိပ်မြန်မာစစ်ပွဲကာလအတွင်း၊ ဤနေရာ၌ Sir Robert Henry Sale က စောင့်ကင်းနှင့်အတူစခန်းချခဲ့သဖြင့် Sale’s Pagoda ဟုလည်း ခေါ်ခဲ့ကြသည်။

သံအဖွဲ့ လာခဲ့စဉ်အခါက၊ ဆိပ်ကမ်းသည် တဟုန်ထိုးကြီးထွားနေသည်။ ဆိပ်ကမ်း၏အုပ်ချုပ်ရေးမှာ ကောင်းစွာမဖွံ့ ဖြိုးသေးပါ။ ရေကြောင်း ပြစနစ်မှာကောင်းစွာပီပြင်ခြင်းမရှိသေးသည့်အပြင်၊ ရေကြောင်းပြဝန်ဆောင်မှုမရှိပါ။ ရေကြောင်းပြခြင်းကို ပုဂ္ဂလိကအစီအစဉ်ဖြင့် ဆောင်ရွက်စေခဲ့ရသည်။

ကိုယ်ပိုင်ရေကြောင်းပြသင်္ဘောများရှိသော ပြိုင်ဘက် ရေကြောင်းပြအဖွဲ့ များရှိသည်။ နောင်သောအခါ စုပေါင်း၍ ရေကြောင်းပြကလပ်ကိုတည်ထောင်ကာ ရေယာဉ်များ၏ ပိုင်ရှင်များနှင့်ကပ္ပတိန်များ ၏ သဘောတူညီချက်ဖြင့် ရေကြောင်းပြခနှုန်းထားများကို ဤကလပ်ကသတ်မှတ်ခဲ့သည်။

Sale’s Pagoda ရှိသောနေရာရှိ Sale စစ်တန်းလျား၌ အလံပြ(အချက်ပြ)ရန် ကိစ္စအတွက်အသုံးပြုသော အလံပြ(အချက်ပြ) စခန်းရှိသည်ဖြစ်ရာ၊ ရန်ကုန်၏အလံပြဘုရား(Signal Pagoda of Rangoon)ဟု စတင်ခေါ်ဆိုခြင်းကို ခံရသည်။ ” ဟု ပုံတွင်ရေးသားထားသည်။

သခင်ဖြစ်သူကသူတို့ လူမျိုးကသာယဉ်ကျေးတဲ့လူ့ အဖွဲ့ အစည်းကလူတွေ ဖြစ်တယ်လို့ပြောချင်ရာပြောပြီး၊ ကျွန်တော်တို့ ကိုးကွယ်အလေးထားတဲ့ဘုရားကို တကဲ့အရိုင်းအစိုင်းစိတ်ဓာတ်နဲ့  အလံပြတဲ့တိုင်ဖြစ်အောင် လုပ်ချင်ရာလုပ်တာကို ကျွန်ဖြစ်တဲ့ ကျွန်တော်တို့က ခံခဲ့ရပါတယ်။

ဒီလိုနောက်ထပ်မဖြစ်ရအောင် မြန်မာတစ်မျိုး သားလုံးက နှလုံးရည်၊ လက်ရုံးရည် နဲ့  ကာကွယ်ကြရမှာပါ။

မြန်မာပြည်မှမြန်မာလူမျိုး


http://www.facebook.com/photo.php?fbid=393416177422886&set=a.35104771499306 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...