သင့်ခြေထောက်တွင် ဖြစ်တက်သော အနာတရများ
လူသားတစ်ယောက် အနေဖြင့် သွားလာလှုပ်ရှားရာမှာခြေဖဝါးသည် အရေးအကြီးဆုံး ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုအနေဖြင့် ရှိနေပါသည် ။
ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ခြေဖဝါးပေါ်ကျရောက်တဲ့ဖိအားက အနည်း ဆုံး ခန္ဓာကိုယ်အလေးချိန်ရဲ့တစ်ဆခွဲ ရှိနေပါသည်ကို သင့်သိပါသလားလို့ ဆိုရင် မသိပါလို့  အဖြေများများထွက်ရှိပါသည် ။
ဒါကြောင့် တခြားအစိတ်အပိုင်းတွေလိုပဲ ခြေဖဝါးကိုလည်း ဂရုစိုက်ပေးသင့်ပါတယ်။
လူအများစုသည့် မိမိ၏ ခြေဖဝါးမနာအချင်း ခြေဖဝါးကို ဂရုစိုက်ဖို့မေ့နေတတ်ကြပါတယ်။ မမေ့သင့်ကြောင်းကို ပြောကြားလိုပါသည် ။
ခြေထောက်တွင် ဖြစ်တက်သည့် အကြောင်းအရာများစွာရှိသည်အနက် အရေးကြီးသည့် အပိုင်း တချို့ ကို တင်ပြရမည်ဆိုလျှင် ….
ခြေစွယ်ငုပ်ခြင်းဘာကြောင့်ဖြစ်ပေါ်ရပါသလဲ။
ခြေသည်းထိပ်စွန်းလေးတွေဟာ ဘေးပတ်ဝန်းကျင်ရှိအသားတွေထဲ ထိုးဖောက် ဝင်ရောက်သွားတာကြောင့် နာကျင်ရောင်ရမ်းခြင်းဖြစ်ပေါ်လာပါတယ်။
ထိပ်ပိတ် ဖိနပ်စီးတဲ့အခါ အဲဒီနေရာမှာ ရောဂါပိုးဝင်တတ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ဘက်တီးရီးယားပိုးတွေက နွေးထွေးထိုင်းမှိုင်းတဲ့ပတ်ဝန်းကျင်ကို နှစ်သက်ကြခြင်းကြောင့် ဖြစ်ပါသည် ။
ခြေစွယ်ငုပ်ခြင်း မဖြစ်ပေါ်စေရန် ခြေသည်းပုံသဏ္ဌာန်အတိုင်း ခြေသည်းတွေကို
ပုံမှန်ပုံသွင်းညှပ်ပေးပါ။ ဘေးဘက်တွေကို အလွန်အကျွံမညှပ်မိပါစေနဲ့။
ခြေစွယ်ငုပ်နေကာ ရောဂါပိုးဝင်ပြီး ရောင်ရမ်းနေတက်ပါသည်။
ခြေဖနောင့်တွင် ကွဲအက်နာကျင်စေသည့် အကြောင်းရာတင်ပြရလျှင်
ခြောက်သွေ့တဲ့ရာသီဥတုမှာ နေ့စဉ်နဲ့အမျှ ခြေဖနောင့်တွေ ပွတ်တိုက်မိပါက
ခြောက်သွေ့အက်ကွဲကာ နာကျင်မှုခံစားရတတ်ပါတယ်။ခြေဖနောင့်အက်ကွဲခြင်းမဖြစ်အောင်
ကြိုတင်ကာကွယ်နိုင်ပါတယ်။ ရေချိုးရာမှာ ခြေဖနောင့်ကို ချေးတွန်းပေးခြင်း၊
ခြေဖဝါးလိမ်းလိုးရှင်း (Foot Lotion) နေ့တိုင်း လိမ်းပေးခြင်းဖြင့်
ကာကွယ်နိုင်ပါတယ်။
နောက်တမျိုးဖြစ်တက်သည်မှာ သင့်ခြေချောင်းလေးများကြားတွင်
မှိုတမျိုးကြောင့် ယာယံခြင်း ဖြစ်နေပါက မှိုပျောက်တဲ့လိမ်းဆေး (Anti
Fungal Cream) တွေလိမ်းပေးရင် ထိရောက်ပေမယ့် တော်ရုံနဲ့ မပျောက်ရင်
အရေပြားအထူးကုဆရာဝန်နဲ့ပြသပြီး ကုသင့်သင့်ကြောင်း mg mandalay အကြံပြု့ ပြောကြားလို ပါသည် ။
ဒီနေရာမှကူးယူမျှဝေပါသည်။
No comments:
Post a Comment