စိတ်ကူးပျော်ရာ
Pages
စိတ်ကူးအိမ်
ဘာသာရေး
ကျန်းမာရေး
သတင်း
နည်းပညာ
ထူးထူးဆန်းဆန်း
ဗဟုသုတ
မိဘမေတ္တာ
တရားတော်များ
ပန်းချီ
အနုပညာ
အလှအပ
စာအုပ်၊စာပေ
စားဖိုဆောင်
ဟာသ
ရသ
ပုံရိပ်
သံဝေဂ
စိုက်ပျိုးရေး
ပညာရေး
ပုံပြင်
တီးဝိုင်း
တက်ကျမ်း,
စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...
မှတ်ထား . . . မန္တလေးသားကွ . . ကမ္ဘာတုန်သွားမယ်
March 3, 2012 ရက် ၊ 8:46pm တွင်
Kaung Khant
ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။
စာပို့ရန်
View Blog
ကြက်ပျံမကျ. . .ကြိုကြသည်. . ။ ... တချို့တွေက အာဏာရှင်စနစ် ပြန် အသက်မွေးနေတာ၊ လူတယောက်ထဲကိုပဲ မျက်စိ မှိတ်ထောက်ခံနေတာ စသဖြင့် ပြောဆိုကြနေလို့ပါ။ ဒီပုံကို မြင်ရင် သိစေချင်တယ်။ ပြည်သူလူထု ဘာကို ထောက်ခံတာလည်း ဆိုတာ။ ခု ဒေါ်အောင်ဆန်းစုကြည်နေရာမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သား ဦးအောင်ဆန်းဦးလာရင် ခု လိုပဲ ကြိုဆိုကြမလားလို့။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို အစောပိုင်းကာလ တွေမှာ လူထုက ကြည်ညိုတယ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းသမီးမို့လို့၊ ဗိုလ်ချုပ်ကို ကြည်ညိုတဲ့အရှိန်အ၀ါနဲ့ ကြည်ညိုကြတာ ဖြစ်ကောင်းဖြစ်မယ်။ ခုချိန်မှာတော့ နှစ်၂၀ လုံးလုံး လင်သေသားဆုံး ဒုက္ခဆင်းရဲခံ၊ စည်းစိမ်ဥစ္စာတွေကော ဘ၀ကိုပါ တိုင်းပြည်အ တွက် ပေးဆပ်ခဲ့တဲ့ ပေးဆပ်မှုကို ကြည်ညိုလို့၊ အဘက်ဘက်က ချွတ်ချုံကျနေတဲ့ တိုင်း ပြည် ကို ပြန်ဆည်နိုင်ဖို့ရာ အပ်နှံဖို့အတွက် ယုံကြည်ကြလို့ ဆိုတာ သိစေချင်တယ်။ သိပ်ဝေးဝေးမကြည့်ပဲ ဒီနှစ် ၂၀မှာ ဘယ်သူတွေ ဘယ်လိုပေးဆပ်ခဲ့ကြသလဲ ဆိုတာ ဖုံးမရ၊ ဖိမရ အထုတ်အထည်တွေနဲ့ မြင်နေရတယ်။ သဘောထားတင်းမာလှပါချည်ရဲ့ ဆို တဲ့ ကြံ့ဖွံ့ဝန်ကြီးတွေ၊ အမတ်တွေ ဘယ်လိုအိမ်တွေနဲ့နေ၊ ဘယ်လိုကားတွေကို စီး၊ ဘယ် လို စီးပွားရေးတွေ မြှုပ်နှံလုပ်ကိုင်နေကြသလဲ ဆိုတာ တတိုင်းပြည်လုံးသိတယ်။ သူတို့ ပါတီအတွက်သုံးနေတဲ့ငွေတွေ၊ ဖွင့်ထားတဲ့ တိုင်းရုံးနေရာတွေက ဘယ်ကရတာလဲ။ မိုးပေါ်ကကြလာတာလား . .. ဒေါ်အောင်ဆန်းစုကြည်ကို မျိုးစုံ ကော် ဆဲ နေတဲ့သူတွေဟာ လက်ရှိ ဒီနှစ် ၂၀ အတွင်း မှာ သူ့လောက်ပေးဆပ်ထားတဲ့ ကြံ့ဖွံ့ခေါင်းဆောင်တယောက်ယောက်များတွေ့ရင် ပြ ကြစေချင်တယ်။ သူရတဲ့ ဆုကြေးဒေါ်လာသိန်းချီကို သားအရင်းတွေတောင်ပေးမစားဘဲ၊ ဒီတိုင်းသူပြည်သားလူငယ်တွေကို ပညာသင်ထောက်ပံ့ကြေး တပြားမကျန်ပေးခဲ့တယ်။ အကျယ်ချုပ်ကလွတ်တဲ့အချိန်မှာ အဲဒီ ခင်ဗျားတို့ကြည်ညိုပါတယ်ဆိုတဲ့ ခေါင်းဆောင်မှာ ပိုက်ဆံတပြားမှ မရှိဘူး၊ NLD ပါတီရုံးခန်းမှာ. အသံချဲ့စက်ငှားဖို့ ပိုက်ဆံငါးသောင်းတောင် မပြည့်ဘူး၊ အန်တီစု အိမ်မှာ ရေခဲသေတ္တာပျက်နေတာတောင် မပြင်နိုင်ဘူးတဲ့။ ဒါတွေကို အန်တီစုက ဘယ်သူ့ကိုမှ မပြောစေချင်ပေမယ့် အတွင်းသိ သိရတာကို ကျနော် ဖွင့်ချပါတယ်။ ပြည်သူ သိစေချင်လို့။ အထူးသဖြင့် ကြံ့ဖွံ့ပါတီဝင်တွေ မျက်စိမှိတ်ကုန်း မုန်းနေ၊ ကုန်းအော် ကုန်းကန့်ကွက်နေတာ အဓိပ္ပါယ်ကော ရှိရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြစေချင်တယ်။ အခွင့်အရေးရလို့ နီးရာဓါးကြောက်ရလို့အကြောင်းကြောင်းငဲ့ လို့ ကြံဖွံ့ထဲဝင်ရတာပါ ဆိုလည်း မြန်မာပြည် ရာဇ၀င်ရှိပြီးသားပါ။ “ လူတည်မြဲ မဲ သန့်ရှင်း” တဲ့ဗျ။ ဒေါ်အောင်ဆန်းစုကြည် ကို ဘာ“မ”၊ ညာ“မ” ခင်ဗျားတို့ကို ရန်လာတိုက်ပေးသွားတဲ့ ပုဂ္ဂိုလ်ကြီးတွေ ဘယ်လိုနေတယ် ဆိုတာနဲ့ ပဲ နှိုင်းယှဉ်ပြီး ဆင်ခြင်ကြပါ။ တပ်မတော်သားတွေကိုလည်း မျက်စိပိတ်၊ နားပိတ်မနေပါနဲ့၊ မျက်မှန်စိမ်းအတပ်မခံကြ ပါနဲ့ လို့သာ ပြောချင်ပါရဲ့ဗျာ။ တကယ်တော့ ပြည်သူလူထု က ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံတယ် ဆိုတာ တိုင်းပြည်ရဲ့ အနာဂါတ်ရေး ငြိမ်းချမ်းစွာ ပြောင်းဖို့ကောင်းဖို့ကို ထောက်ခံတာ၊ မတရားဖိနှိပ်မှုကို ဆန့်ကျင်ပြီး ဒီမိုကရေစီ ကို ထောက်ခံတာ၊ အာဃာတကင်းတဲ့ မေတ္တာဓါတ် ကို ထောက်ခံတာ၊ ကိုယ်ကျိုးစွန့်အနစ်အနာခံမှုကို ထောက်ခံတာ ဆိုတာ. . နားလည်ဖို့ကောင်းပြီ။ (ရေးသားသူ -ချိုတူးဇော်)
No comments:
Post a Comment
Newer Post
Older Post
Home
View mobile version
No comments:
Post a Comment