ကျွန်တော်တို့တွေ YouTube video တွေကို full screen နဲ့ ကြည့်ချင်တဲ့ အခါမှာ
Button လေးတစ်ခုကို နှိပ်လိုက်ရုံနဲ့ ရတဲ့ အတွက် လွယ်ကူစွာလူတိုင်းလုပ်ဆောင်နိုင်ပါတယ်..
ဒါပေမယ့် Youtube က Offer လုပ်တဲ့ Full Screen ကြီးဟာ
ကျွန်တော်တို့ အချိန်တိုင်းဆိုသလို မလုပ်ထားချင်တဲ့ Desktop ကြီးတစ်ခုလုံးကို
နေရာ ယူထားတယ်ဆိုတာ အားလုံး သတိထားမိမှာပါ...။
ဒါဆိုရင် Youtube က Video တွေကို Default အနေနဲ့ Full Screen နဲ့ ကြည့်ဖို့
နည်းလေး ပြောကြည့်ရအောင်ပါ...
သူက ကျွန်တော်တို့ Browser Window ရဲ့ Screen တစ်ခုထဲပဲ ယူမှာပါ...။
လုပ်ကြည့်ချင်ရင်တော့
သူရဲ့ မူရင်းလင့် က watch?v= ဆိုတာလေးကို v/ လေးနဲ့ ပြောင်းလိုက်ပီး
Enter ခေါက်လိုက်ရုံပါ...။
မူရင်းလင့် -http://www.youtube.com/watch?v=y1WbOTKH2Ik
ဒါဆိုရင် ဒီလို ပုံမျိုးလေး Browser အတွင်းမှာပဲ Full Screen နဲ့ ကြည့်လို့ ရပါပီ ။
ကို့ရဲ့ သူငယ်ချင်းတွေကို Youtube က Video တွေကို Share တဲ့အခါ
Browser Window ရဲ့ Full Screen နဲ့တိုက်ရိုက် ကြည့်ရှု့နိုင်စေဖို့
Modified လုပ်ခဲ့တဲ့ Link လေးပို့ပီး ပျော်ရွှင်နိုင်ကြပါစေ...။
အားလုံးအဆင်ပြေကြပါစေ
အားလုံးအဆင်ပြေကြပါစေ
မျိုးကိုကို
No comments:
Post a Comment