၁။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ
ယင်းတို့ထဲမှာ ပါဝင်တဲ့ ဆာလဖာဟာ အရေပြားက ကော် လာဂျင်ထွက်ရန် ကူညီပေးပြီး ဆံပင် တွေဖွံ့ဖြိုးရန်ကူညီပေးနိုင
အသုံးပြုပုံ - ပါးပါးလှီးပါ။ အရေညှစ် ပါ။ ယင်းအရည်ကို ဦးရေပြားမှာ ၁၅ မိနစ်ခန့်ထားပြီး ခေါင်းလျှော်ပါ။ ကြက်သွန်ဖြူဆိုရင် အမြွှာလေးတွေ ကို ကြိတ်ပါ။ အုန်းဆီနည်းနည်း ရောပါ။ ပြီးနောက် မိနစ်အနည်း ငယ်ခန့် ဆူပွက်အောင်ထားပါ။ ထို့ နောက် အအေးခံပြီး ခပ်နွေးနွေး၌ ဦးရေပြားသို့ ဖြေးညှင်းစွာ နှိပ်ပေးပါ။ တစ်ပတ်ကို ၂ ကြိမ်မှ ၃ ကြိမ်ထိ လုပ်ပေးသင့်ပါတယ်။
၂။အုန်းသီး
အုန်းနို့တွင် ပါဝင်သော ပရို တင်း၊ အဆီနဲ့ ပိုတက်ဆီယမ်၊ သံစာဓာတ်တို့က ဆံပင်ကျိုးခြင်း၊ ကျွတ်ခြင်းကိုသက်သာစေပြီး ဆံပင် ကိုလည်း အမြစ်မှစပြီး အားပြည့်စေပါတယ်။အသုံးပြုပံ
၃။ ဒန်းပင်
ဒန်းပင်ဟာ ဆံပင် အရောင်ကို ထိန်းပေးနိုင်ရုံသာမက ဆံပင်ကို ပိုမိုသန်စွမ်းစေပါတယ်။
အသုံးပြုပုံမှာ မုန်ညှင်းဆီ 250ml အား ရေဆေး အခြောက်ခံထားသော ဒန်းရွက် ၆၀ g ခန့်တွင် ရောနှောပါ ။ ထို့နောက် ယင်းအရောအား ဆူပွက်လာသည် အထိပြုတ်ပါ။ အဆီအား အဝတ်ပါး ဖြင့် စစ်ထုတ်ပါ။ ယင်းအဆီအား လေလုံသောဘူးဖြင့် သိမ်းထားပြီး ဦးရေပြားအား ယင်းအဆီဖြင့် နေ့စဉ် နှိပ်ပေးပါ။ တချိUKကတော့ ဒန်းရွက် ခြောက်အမှုန့်အား ဒိန်ချဉ်ဖြင့် ရော ပြီး လိမ်းပေးလေ့ရှိပါတယ်။
၎။ ခေါင်ရမ်းပင်
အုန်းဆီနဲ့ ခေါင်းရမ်းပွင့်ဟာ ဆံပင်ထူတဲစေတဲ့လျှိုဝှက်ချက
အသုံးပြုပုံ - ခေါင်းရမ်းပွင့်အချိUKအား နှမ်းဆီ (သို့မဟုတ်) အုန်းဆီဖြင့် ရော ပြီး အနှစ်ရအောင် ပြုလုပ်ပါ။ ယင်း အား ဦးရေပြားပေါ်တွင် လိမ်းထား ပြီး နာရီအနည်းငယ်ခန့်ထားပြီး ဆေး ပစ်ပါ။
၅။ ဥ
ဥတွေဟာ ဆာလဖာကြွယ်ဝရုံ သာမက ပရိုတင်း၊ ဆယ်လီနီယမ်၊ အိုင်အိုဒင်း၊ ဖော့စဖရပ်၊ သံနဲ့ ဇင့် တွေ ပါဝင်တဲ့အတွက် ဆံပင်ပေါက် ရန် အားပေးပြီး ဖွံ့ဖြိုးမှုကို ကူညီပါ တယ်။
အသုံးပြုပုံ- ကြက်ဥ (သို့မဟုတ်)ဘဲဥ အစိမ်းရဲ့အနှစ်ကိုဖယ် အကာအား သံလွင်ဆီ၊ တစ်ဇွန်းဖြင့်ရောပါ။ အနှစ်ရသည်အထိ မွှေပါ ။ ထို့နောက် ဦးခေါင်းအား လိမ်းပေးပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ထားပြီးနောက် ခေါင်း လျှော်ချပါ။
Credit to နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351018
No comments:
Post a Comment