ခင်မေဇော်(၀ါရှင်တန်ဒီစီ)
ယခင်က ဆေးလိပ်မသောက်ရဟု စာချိတ်ထားသောနေရာတွင် စီးကရက်သောက်နေသူများကို တွေ့ရသည်။ သို့သော် အနံ့ထွက်မလာပါ။ နောက်မှ သတိပြုမိသည်မှာ ဆေးလိပ်နှင့်တူပြီး ဆေးလိပ်အစစ်မဟုတ်သည့် အီးစီးကရက်ဖြစ်နေသည်။ ဆေးလိပ်ဖြတ်လိုသူများအတွက် နီကိုတင်းကို တိုက်ရိုက်ရှူခြင်းဖြင့် လိုအပ်နေသော နီကိုတင်းကို ဆေးလိပ်မပါဘဲရရန် စီစဉ်ထားခြင်း ဖြစ်သည်။ ဆေးလိပ်ဖြတ်သူများအတွက် အီးစီးကရက်ခေါ် လျှပ်စစ်စီးကရက်က အကူအညီများစွာဖြစ်စေကြောင်း
လက်မောင်းတွင်ကပ်သော နီကိုတင်းအကွက်ပြားလေးများန
ဆေးလိပ်သည် တစ်နှစ်ကို လူပေါင်းခြောက်သန်းသေဆုံးမှု
၂၀၁၁ ခုနှစ် ဧပြီလကထုတ်ပြန်ခဲ့သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အချက်အလက်များအရ မြန်မာနိုင်ငံတွင် အဆုတ်ကင်ဆာကြောင့် သေဆုံးသူ ၆၆၅၉ ဦးရှိခဲ့ပြီး အထွေထွေအဆုတ်ရောဂါကြောင့် သေဆုံးသူမှာ ၁၆၃၃၈ ဦး ရှိသည်။ ဆေးလိပ်ဟုဆိုလိုက်လျှင် အဆုတ်ရောဂါဖြစ်ပေါ်သည်ကိုသာ အသိများကြသည်။ သို့သော် အဆုတ်ရောဂါ၊ အဆုတ်ကင်ဆာနှင့် ကင်ဆာပေါင်းစုံကြောင့် သေဆုံးမှုများတွင် ဆေးလိပ်က အဓိကတရားခံဖြစ်သည်။ နှာခေါင်း၊ ပါးစပ်၊ လည်ချောင်း၊ အဆုတ်၊ အစာအိမ်၊ ကျောက်ကပ်၊ ဆီးအိမ်၊ အရိုးချဉ်ဆီ၊ သွေးကင်ဆာ အစရှိသည်တို့လည်း ပါဝင်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွက် ဆေးလိပ်၏အန္တရာယ်က ထင်ရ၊ မြင်ရသည်ထက်ကို ပိုဆိုးနေသည်။ အဆစ်အမြစ်ကိုက်ရောဂါသည်ပင် ဆေးလိပ်ကြောင့် နှစ်ဆတိုးလာနိုင်သည်ဟုဆို၏။
အာရှအမျိုးသမီးများတွင် အဖြစ်များသည့် အရိုးပါးရောဂါသည်လည်း ဆေးလိပ်ကြောင့် ကျန်ခန္ဓာကိုယ်တစ်ခုလုံးကို ထိခိုက်သလို မျက်စိအမြင်အာရုံကို ထိခိုက်စေပြီး တိမ်ဖြစ်ပေါ်စေသည်ဟုလည်း သိရသည်။ မြန်မာနိုင်ငံလို ဆေးဝါးကုသမှုနိမ့်ကျသော ဒေသတွင် မည်သည့်ရောဂါကြောင့်မှန်းမသ
ယခုအခါ အီးစီးကရက် ပေါ်ထွက်လာ၍ ဆေးလိပ်စွဲသူများအတွက် ဆေးလိပ်ဖြတ်ရန် သတင်းကောင်းဟု ဆိုနိုင်သော်လည်း ဆိုးကျိုးများကလည်း ရှိလာပြန်သည်။ အီးစီးကရက်ကလည်း စွဲစေသည်သာဖြစ်သည်။ ဆေးရွက်ပါသော ဆေးလိပ်လောက် အန္တရာယ်မများသော်လည်း လုံးဝအန္တရာယ်ကင်းသည်တော့လည်
နောက်ပြဿနာတစ်ခုမှာ ဆေးလိပ်ကို အသက်အရွယ်ကန့်သတ်ရောင်းချသည
အီးစီးကရက်ထုတ်လုပ်သူများက ကလေးနှင့် လူငယ်များအတွက် ထုတ်လုပ်ခြင်းမဟုတ်ပါဟု ဆိုနေသော်လည်း ချယ်ရီ၊ စတော်ဘယ်ရီ၊ ဗာနီလာ အစရှိသော ကလေးကြိုက်အနံ့များထည့်ပြီး
ဤအတောအတွင်း ဂရိနိုင်ငံသုတေသီများ၏ လေ့လာချက်အရ အီးစီးကရက်သုံးစွဲသူများတွင
ဆေးလိပ်စွဲသူများ ဆေးလိပ်ဖြတ်ရန် အထောက်အကူပြုစေသည်ဟု ဆိုသော်လည်း ဆေးလိပ်စွဲသူများမဟုတ်သည့် ကလေး၊ လူငယ်များအတွက် အီးစီးကရက် ကျယ်ကျယ်ပြန့်ပြန့်စွဲသည့် အချိန်တစ်ခုရောက်လာမည်ကို စိုးရိမ်နေရပေသည်။
ဓာတ်ပုံ- အင်တာနက်
7Day News Journal
https://www.facebook.com/MyawadyNews/photos/a.351047714993066.76926
No comments:
Post a Comment