အဘိဓမ္မာအလိုအရ စုတိစိတ်နှင့် ပဋိသန္ဓေစိတ်တို့မှာ အလွန်နီးကပ်စွာ ဆက်
စပ်နေသော်လည်း ယင်းတို့ကို တစ်ခုတည်းသောအရာအဖြစ် မရေတွက်သည့်
ပြင် တရားကိုယ်သဘောအရ တစ်ခုနှင့်တစ်ခု ဆက်စပ်မှုမရှိသော်လည်း ဖြစ်
စဉ်သဘောအရ တစ်ဆက်တည်းဖြစ်သည်။ ဟေတုဖလ အနေဖြင့် နောက်ဘ၀ဆီသို့ ဘ၀တစ်ခု၏ကံကို ဆောင်ကျဉ်းလျက် စုတိစိတ်အဖြစ်မှ ဘ၀သစ်၌ပဋိသန္ဓေစိတ်ဖြစ်လာ ရန် အကျိုးဖြစ်စဉ်က ကမ္မသတ္တိအား ဆောင်ရွက်ပေးသည်။
ယင်းကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် တမလွန်ဘ၀ကောင်းရေးအတွက် ကု
သိုလ်ကောင်းမှု ပြုလုပ်ကြခြင်းဖြစ်သည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည်
အပါယ်လေးဘုံသို့ တစ်ဖန် မရောက်ရရေးအတွက် မိမိကိုယ်ကိုကာကွယ်ရန် မကောင်းမှုမှ ရှောင်ကြဉ်ကြသည်။ ယင်းယူဆချက်အပေါ်တွင်အခြေခံ၍
ဝါဒီများအဖို့ သေခါနီးပုဂ္ဂိုလ်အား ၎င်းင်း၏ကုသိုလ်ကောင်းမှုများကိ
ရန် သို့မဟုတ် ကမ္မဋ္ဌာန်းအားထုတ်ဖူးသူဖြစ်ပါ
ယင်းသို့ပြုရသည်မှာ ဤဘ၀မှ မခွဲခွာမီ နောက်ဆုံးအခိုက်အတံ့၌ စိတ်ငြိမ်းချမ်းမှု ရရှိရေးအတွက်ဖြစ်သည်။ အမှန်စင်စစ် အသက်ရှင်ခြင်းနှင့် သေခြင်းဖြစ်စဉ်သည် လူ့ဘ၀တွင် အမှန်တကယ် ထူးခြားဆန်းပြားသည့်အရာ မဟုတ်သော်လည်း လူသားတို့ မသိကျိုးကျွံပြုထားသော အစစ်အမှန်တရားတစ်ခုသာဖြစ်သည်။
ဗုဒ္ဓ၀ါဒရှုထောင့်အရ သေခြင်းသည် ဤပစ္စုပ္ပန်ဘ၀၏အဆုံးဖြစ်သော်လ
ဘ၀သစ်တစ်ခု၏အစလည်းဖြစ်သည်။
ဆရာတော် ဦးဓမ္မပိယ Ph.D
(နိဗ္ဗာန်အယူအဆကို ထေရဝါဒရှုထောင့်မှလေ့လာသုံးသ
Buddhavasa Tiloka
https://www.facebook.com/photo.php?fbid=712918098748831&set=a.57278505276213
No comments:
Post a Comment