၁။ မေထုန် သံဝါသအမှုကို လျှို့ဝှက် သိုသိပ်စွာ ကျင့်သုံးနေထိုင်ခြင်း ။
၂။ အနှောက်အယှက် ရန်သူများကို အခါမလပ် ကြည့်ရှု ဆင်ခြင်နေတတ်ခြင်း ။
၃။ အစားအစာ တစ်ခုခုတွေ့သောအခါ တစ်ကိုယ်ကောင်း မဆန်ဘဲ အခြားသော ကျီးငှက်တို့ကိုပါ အော်ဟစ် ခေါ်ဝေါ်၍ အတူတကွ စားသုံးတတ်ခြင်း ။
၎။ အစားအစာ နှင့် ရန်သူ အနှောက်အယှက်တို့ကို တပြိုင်နက် ကြည့်ရှုနိုင်ခြင်း ။
၅။ အခြားသော ငှက်တို့ထက် သတိ ဝီရိယ ပိုကြီးခြင်း ။
လူတွေလည်း ကျီးငှက်တို့လိုသာ အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် ချစ်ခင် ညီညွတ်ကြပြီး အတ္တမဆန်ဘဲ မျှမျှတတ ကျင့်သုံးနေထိုင်နိုင်ကြမည်
ကျီးငှက်တို့ကား အချင်းချင်းအပေါ် သစ္စာစောင့်သိကြ၏ ။ အချင်းချင်း စာနာထောက်ထားကြ၏ ။ တစ်ကောင် ဒုက္ခရောက်သောအခါ အခြားငှက်များက ဝိုင်းဝန်းကူညီပေးကြ၏ ။ တစ်ကောင် နှင့် တစ်ကောင် လျှစ်လျှူရှုမနေကြပါ ။
တိရစ္ဆာန် -ဟု ဆိုကြပေမဲ့ အချို့သော တိရစ္ဆာန်တို့သည်ကား လူတို့ထက်ပင် အနေအထိုင် ကောင်းကြသေး၏ ။ လူတို့ထက်ပင် သစ္စာရှိကြ၏ ။ လူတို့ထက်ပင် စောင့်စည်းနိုင်ကြ၏ ။ လူတို့၏ အကျင့်ထက်ပင် ပိုကောင်းတဲ့ အချက်များ ရှိကြ၏ ။ ထို့ကြောင့် တိရစ္ဆာန် -ဟူ၍ အထင်သေး၍ မရ ။ သူရဲ့ အကျင့်က ကိုယ့်ထက်ပင် သာနေတတ်သည် ။
လူသား အားလုံး သတိပြု ဆင်ခြင်နိုင်ကြပါစေ ။
( Credit to ဝသုန္ဓရေ ဤမြေပံသု သိလာထုလည်း )
No comments:
Post a Comment