Treenuts လို့ခေါ်တဲ့ သစ်စေ့ နွယ်ဝင် အစေ့အဆန်တွေဟာ ပန်ကရိယကင်ဆာ ဖြစ်ပွားမှုနှုန်းကို လျော့ ကျစေတယ်လို့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ပါဝင်တဲ့ အစေ့အဆန်တွေကတော့ ဗာဒံစေ့၊ သီဟိုသရက်စေ့ (cashews) ၊ သစ်အယ်စေ့၊ သစ်ကြားစေ့တွေ ဖြစ်တယ်လို့ သိရပါတယ်။
အစေ့အဆန်တွေ စားသုံးမှုနဲ့ ပန်ကရိယကင်ဆာ ကာကွယ်နိုင်မှုရဲ့ဆက်စပ်နေခြ
တစ်ပတ်ကို သစ်စေ့နွယ်ဝင် အစေ့အဆန် နှစ်အောင်စခန့် စားသုံးသူများဟာ အစေ့အဆန် မစားသုံးသူများထက်စာရင် ပန်ကရိယကင်ဆာ ဖြစ်ပွားမှုနှုန်း လျော့နည်းတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ လေ့လာမှုခေါင်းဆောင် ဟား ဗတ်ဆေးတက္ကသိုလ်၊ ဆေးပညာဌာနမှ သုတေသီ Dr.Ying Bao က “အစေ့အဆန် စားသုံးသူများမှာ ရောဂါဖြစ်ပွားနိုင်တဲ့ risk တွေ လျော့နည်းတာကို မိမိတို့ဖော်ထုတ် နိုင်ခဲ့ပါတယ်။ နောက်ပြီး ဆီးကျိတ်ကင်ဆာကို ဖြစ်စေနိုင်တဲ့ အခြားအကြောင်းရင်းခံတွေဖြစ်
လေ့လာမှုမှာ ဖော်ပြထားချက်အရ အစေ့အဆန်တွေကို တစ်ပတ်ကို အနည်းဆုံးနှစ်ကြိမ်၊ တစ်ခါစားရင် တစ်အောင်စခန့် စားသုံးပေးခြင်းဟာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုနှုန်းကို လျော့ကျစေတယ်လို့ သိရှိရပေမယ့် အလွန်အကျွံ စားသုံးရင်တော့ ကိုယ်အလေးချိန် မြင့်တက်လာနိုင်တယ်လို့ Dr.Ying Bao က ထောက်ပြထားပါတယ်။
ယခုလေ့လာမှုကို British Journal of Cancer မှာ ဖော်ပြထားပါတယ်။
သန့်စင်
ref: ANI
https://www.facebook.com/photo.php?fbid=510071122424057&set=a.351047714993
No comments:
Post a Comment