Pages

ပန်ကရိယကင်ဆာကို ကာကွယ်နိုင်မယ့် သစ်စေ့များ


Treenuts လို့ခေါ်တဲ့ သစ်စေ့ နွယ်ဝင် အစေ့အဆန်တွေဟာ ပန်ကရိယကင်ဆာ ဖြစ်ပွားမှုနှုန်းကို လျော့ ကျစေတယ်လို့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ပါဝင်တဲ့ အစေ့အဆန်တွေကတော့ ဗာဒံစေ့၊ သီဟိုသရက်စေ့ (cashews) ၊ သစ်အယ်စေ့၊ သစ်ကြားစေ့တွေ ဖြစ်တယ်လို့ သိရပါတယ်။
အစေ့အဆန်တွေ စားသုံးမှုနဲ့ ပန်ကရိယကင်ဆာ ကာကွယ်နိုင်မှုရဲ့ဆက်စပ်နေခြင်းကို လူဦးရေ၇၅၆၈၀ ဦးမှာ လေ့လာနိုင်ခဲ့ပြီး ပါဝင်သူများဟာ ယခင်က ကင်ဆာရောဂါဖြစ်ပွားမှု မရှိသူများဖြစ်တယ်လို့ သိရပါတယ်။ 


တစ်ပတ်ကို သစ်စေ့နွယ်ဝင် အစေ့အဆန် နှစ်အောင်စခန့် စားသုံးသူများဟာ အစေ့အဆန် မစားသုံးသူများထက်စာရင် ပန်ကရိယကင်ဆာ ဖြစ်ပွားမှုနှုန်း လျော့နည်းတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ လေ့လာမှုခေါင်းဆောင် ဟား ဗတ်ဆေးတက္ကသိုလ်၊ ဆေးပညာဌာနမှ သုတေသီ Dr.Ying Bao က “အစေ့အဆန် စားသုံးသူများမှာ ရောဂါဖြစ်ပွားနိုင်တဲ့ risk တွေ လျော့နည်းတာကို မိမိတို့ဖော်ထုတ် နိုင်ခဲ့ပါတယ်။ နောက်ပြီး ဆီးကျိတ်ကင်ဆာကို ဖြစ်စေနိုင်တဲ့ အခြားအကြောင်းရင်းခံတွေဖြစ်တဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း၊ အသက်၊ အရပ်အမောင်း၊ ဆေးလိပ်သောက် ခြင်းနဲ့ စားသောက်မှုပုံစံတွေကိုလည်း လေ့လာခဲ့ပါတယ်”လို့ ပြောကြားထားပါတယ်။

လေ့လာမှုမှာ ဖော်ပြထားချက်အရ အစေ့အဆန်တွေကို တစ်ပတ်ကို အနည်းဆုံးနှစ်ကြိမ်၊ တစ်ခါစားရင် တစ်အောင်စခန့် စားသုံးပေးခြင်းဟာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုနှုန်းကို လျော့ကျစေတယ်လို့ သိရှိရပေမယ့် အလွန်အကျွံ စားသုံးရင်တော့ ကိုယ်အလေးချိန် မြင့်တက်လာနိုင်တယ်လို့ Dr.Ying Bao က ထောက်ပြထားပါတယ်။
ယခုလေ့လာမှုကို British Journal of Cancer မှာ ဖော်ပြထားပါတယ်။
သန့်စင်
ref: ANI


https://www.facebook.com/photo.php?fbid=510071122424057&set=a.351047714993

No comments:

Post a Comment