လက်ထပ်ပြီး သိပ်မကြာသေးတဲ့ အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းဖြစ်သူနဲ့ မကြာခဏရန်ဖြစ်လေ့ရှိတယ်။ ရန်ဖြစ်တိုင်း တစ်ယောက်ကိုတစ်ယောက် အနိုင်မခံ အရှုံးမပေးကြတာကြောင့် နှစ်ဦးနှစ်ဖက်လုံး နာကျင်ထိခိုက်ကြရတယ်။ ရုံးပိတ်ရက်တစ်ရက်မှာ လင်မယားနှစ်ယောက် စကားများရန်ဖြစ်ကြပြန်တယ်။ ဒီတစ်ခေါက်မှာတော့ ဇနီးဖြစ်သူက မခံမရပ်နိုင်ဖြစ်ပြီး ကွာရှင်းဖို့ ရှေ့နေတစ်ဦးဆီရောက်လာခဲ့တယ
“ကျွန်မရဲ့ အိမ်ထောင်ရေး အဆင်မပြေဘူး.. ကျွန်မဘယ်လိုလုပ်ရမလဲ”
အမျိုးသမီးရှင်းပြတာကို နားထောင်ပြီး ရှေ့နေကမဖြေခင် မေးခွန်းတစ်ခုထုတ်လိုက်တယ်။
“ကုန်အပြည့်တင်ထားတဲ့ ကုန်ကားတစ်စီးက တံတားတစ်ခုကို ဖြတ်မယ်ဆိုပါစို့.. ကားပေါ်မှာရှိတဲ့ ကုန်တွေက တံတားဘောင်ထက် နည်းနည်းမြင့်နေတယ်။ ကားပေါ်ကကုန်ကိုမချဘဲ တံတားကလွတ်အောင် ဘယ်လိုမောင်းမလဲ”
အမျိုးသမီးက ရှေ့နေရဲ့အမေးကို အတန်ကြာစဉ်းစားပေမယ့် အဖြေမထွက်ခဲ့ဘူး။ နောက်ဆုံး ရှေ့နေရဲ့ အရိပ်အမြွက်ကြောင့် “ဘီးကို လေနည်းနည်းလျှော့လိုက်မယ်” လို့ သူဖြေခဲ့တယ်။
“သိပ်မှန်တာပေါ့... ဘီးကို လေလျှော့လိုက်ရင် ကားနိမ့်သွားလိမ့်မယ်။ ဒါမှ တံတားကို ဖြတ်လို့ရမယ်။ ဒီလိုပဲ... အိမ်ထောင်ရေးအပေါ်ထားတဲ့ ကိုယ့်တောင်းဆိုမှုတွေ အရမ်းမြင့်နေသလား၊ အိမ်ထောင်ရေးဆိုတဲ့ ဒီကားကြီး အလွယ်တကူမောင်းနှင်နိုင်ဖို
ရှေ့နေပြောတာကို နားထောင်ပြီး အမျိုးသမီးက “ဟုတ်ကဲ့.. ဘယ်လိုလုပ်ရမယ်ဆိုတာ ကျွန်မသိပါပြီ” ဆိုပြီး ပြန်သွားခဲ့တယ်။ အဲဒီနောက်ပိုင်း အိမ်ထောင်ရေးအပေါ်ထားသင့်တဲ့
တကယ်တော့ အိမ်ထောင်ရေးက ကားတစ်စီးနဲ့တူပါတယ်။ အဲဒီကားပေါ်မှာ ကျွန်မတို့ဘဝရဲ့ မျှော်လင့်ချက်၊ အိပ်မက်တွေကို တင်ဆောင်ထားတယ်။ ကားက ကုန်အပြည့်နဲ့ ရှေ့ကိုမောင်းနှင်နေစဉ်မှာ ကျွန်မတို့က ဘီးကို လေဖြည့်ပေးတတ်ရမယ်။ ဒါမှ ကားက ရှေ့ကိုအလွယ်တကူသွားနိုင်မယ
အသေအချာစဉ်းစားကြည့်ရင် အိမ်ထောင်ရေးတင်မကပါဘူး... လူ့ဘဝရဲ့ အရာအားလုံးမှာလည်း အခက်အခဲ၊ အတားအဆီးတွေ ရှိနိုင်ပါတယ်။ လူအချင်းချင်းဆက်ဆံရာမှာလည်
မူရင်းလင့် -- http://www.duwenzhang.com/
နိုင်းနိုင်းစနေ
https://www.facebook.com/photo.php?fbid=506322802798889&set=a.351047714993
No comments:
Post a Comment