အချိန်သည် လူသားတိုင်းကို မျက်နှာမလိုက်ဘဲ(၂၄)နာရီဟူေ
ကျွန်တော်တို့ မြန်မာနိုင်ငံသည် သယံဇာတပေါကြွယ်ဝသော နိုင်ငံဖြစ်သည်။ ယခုအခါ နိုင်ငံတော်အစိုးရက ဈေးကွက်စီးပွားရေးကိုလည်း ဖွင့်လှစ်ထားပါသည်။ သို့သော်လည်း သယံဇာတပစ္စည်းတွေ ဘယ်လောက်များများ၊ ဈေးကွက်စီးပွားရေးတွေ ဘယ်လောက်ဖွင့်ဖွင့် အချိန်တွေ အလဟသဖြုန်းပြီး အလုပ်မလုပ်သရွေ့ ဘယ်သောအခါမှ ကြီးပွားတိုးတက်သော နိုင်ငံဖြစ်လာဖို့ ခဲယဉ်းမည်ဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် မြန်မာလူငယ် အတော်များများသည် လက်ဖက်ရည်ဆိုင်ထိုင်ပြီးတော
လူတိုင်းလူတိုင်း မိမိအသက်ကို တန်ဖိုးထားတတ်သည်။ မိမိအသက်ကို တန်ဖိုးထားတတ်သောသူသည် အချိန်ကို တန်ဖိုးထားတတ်ရမည်။ အချိန်ကို တန်ဖိုးထားသူသည် အချိန်မှန်သမျှထဲမှ ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်မျိုးမျိုးကို အမြဲရအောင် ယူနေရမည်ဖြစ်သည်။ မယူသူသည် အချိန်ကို အလဟဿဖြုန်းတီးသူပင်ဖြစ်သည်။
လောကတွင် အစားထိုး၍မရသောအရာနှစ်ခုမှာ
ထို့ကြောင့် အချိန်ကို မဖြုန်းတီးဘဲ တန်ဖိုးရှိရှိ အသုံးချတတ်ရန် တိုက်တွန်းလိုပါသည်။
အချိန်ဟူသော စက္ကန့်၊ မိနစ်၊ နာရီပေါင်းများစွာကို အကျိုးရှိရှိ အသုံးချ၍ လူသားတိုင်း အောင်မြင်မှုသရဖူကို ရယူ၍ ကြီးပွားတိုးတက်ကြပါစေကြောင
ဤစာလေးကို မဂ္ဂဇင်းတစ်အုပ်၌ ဖတ်မိကာ ကြိုက်နှစ်သက်၍ သူငယ်ချင်းများအား ဖတ်စေချင်ကာ ပြန်လည်ကူးယူထားခြင်းဖြစ်ပါ
နွေထနောင်း
https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351
No comments:
Post a Comment