နာဂပူမြို့ လူတစ်သိန်းကျော် ဗုဒ္ဓဘာသာ ခံယူပွဲ ကျင်းပ (13 -10 -2013)
အိန္ဒိယနိုင်ငံ ဟိန္ဒူလူမျိုးအများစုနေထိုင်သော နာဂပူမြို့၌ လူတစ်သိန်းကျော်သည် ဟိန္ဒူဘာသာဝင်မှ ဗုဒ္ဓဘာသာဝင်သို့ ကူးပြောင်းခြင်းအခမ်းအနားကို အဆိုပါမြို့ ရှိ ဒေါက်တာအမ်ဘေဒကာ၏ အထိမ်းအမှတ် အဆောက်အဦဝင်းအတွင်း၌ (13 -10 -2013) ရက်က ကျင်းပရာ ဂယာမြို့ မဂဓတက္ကသိုလ်၌ တက်ရောက်နေသော အရှင်ဂုဏိဿရ(သာသနဓဇဓမ္မာစရိယ) အပါအဝင် မြန်မာရဟန်းတော်(၁၅)ပါး
ထိုင်းရဟန်းတော်(၁၀)ပါး နာဂပူမြို့ခံရဟန်းတော်(၂၀၀)ပါး နှင့် မြို့သူမြို့သား ပရိသတ်ရှစ်သိန်းကျော်တက်ရောက်ကြပါသည်။
ယခင် ပရိသတ်(၁၅)သိန်းခန့် တက်ရောက်ဖို့စီစဉ်ထားသော်လည်း အစ္စလာမ်ဘာသာဝင် အကြမ်းဖက်သမားအချို့က ဗုံးဖေါက်ခွဲမည်ဟု သတင်းလွှင့်မှုကြောင့် ထက်ဝက်ခန့်သာတက်ရောက်ရဲကြောင်းသိရပါသည်။
အခမ်းအနားမှာ သရဏဂုံဆောက်တည်ခြင်းဖြင့် ဘာသာခံယူကြပြီး သံဃာတော်များကလည်း
ပိဋကသုံးပုံအလှည့်ကျ ရွတ်ဆိုကာ နာဂပူမြို့တပ်မတော် မှလည်း
စစ်တီးဝိုင်းဖြင့်ဂုဏ်ပြုပါသည်။
နာဂပူမြို့သည် ရန်ကုန်မြို့ထက်ကြီးမားကြောင်းလည်းသိရှိရပါသည်။
https://www.facebook.com/photo.php?fbid=516469958436547&set=a.501060999977443.
No comments:
Post a Comment