မြန်မာသီချင်းများကို ပြည်တွင်း ပြည်ပမှ အခပေး၍ ဝယ်ယူနားဆင်နိုင်မည့် myanmarmusicstore.com ကို ပထမဦးဆုံးအနေဖြင့် စတင်လုပ်ဆောင်နိုင်ခဲ့ကြောင
ပြည်တွင်းအနေဖြင့် တေးသီချင်းများဝယ်ယူရာတွင် မိုဘိုင်းဖုန်းဘီလ်ဖြင့် ဝယ်ယူခြင်း၊ Myan Pay စနစ်ဖြင့်ဝယ်ယူခြင်း၊ Y Pay စနစ်ဖြင့် ဝယ်ယူခြင်း၊ SMS စနစ်ဖြင့်ဝယ်ယူခြင်း၊ ၁၈၈၉၉ သို့ဆက်သွယ် ဝယ်ယူခြင်းတို့ ပြုလုပ်နိုင်ပြီး ပြည်ပနိုင်ငံများမှ ဝယ်ယူလိုပါက Paypal စနစ်ဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။ ထို့အပြင်တေးသီချင်း သီးသန့်ဝယ်ယူနိုင်မည့် ငွေဖြည့်ကတ်များကိုလည်း LEGACY Music Network မှ ရောင်းချသွားမည်ဖြစ်သည်။ တေးသီချင်းထုတ်လုပ်ရေးလုပ်င
တေးသီချင်းများ ရောင်းချရာ၌ ၂၀၁၃ ခုနှစ် အသစ်ထွက် တေးစီးရီး တစ်ခွေလျှင် ၁၈၀၀ ကျပ်နှုန်း သတ်မှတ်ထားညပီး တစ်ပုဒ်ခြင်းဝယ်ယူလိုပါက ၃၀၀ ကျပ် သတ်မှတ်ထားသည်။ တေးစီးရီးအဟောင်းများဆိုပါက
“အွန်လိုင်းမှာ သီချင်းတွေကို free share လုပ်နေတာတွေရှိတယ်။ အခုချိန်မှာ ကိုယ်တွေက တည်ဆောက်ရေးပိုင်းလုပ်နေရတေ
တေးသီချင်းများကို မဝယ်ယူခင်၌ တစ်မိနစ်အခမဲ့ နားဆင်နိုင်ပြီး ကြိုက်နှစ်သက်သည့်အခါ ငွေပေးချေ၍ ဝယ်ယူရမည်ဖြစ်သည်။ တစ်ကြိမ်ဝယ်ယူပြီးသည့် တေးသီချင်းကို ထပ်မံရယူလိုပါက ငွေကြေးပေးချေရန် မလိုအပ်ကြောင်း ဒေါက်တာကိုကိုလွင်က ပြောသည်။ “ဝက်ဘ်ဆိုက်မှာ ပထမဦးဆုံးအကောင့်တစ်ခုလုပ်
ဝက်ဘ်ဆိုက်စမ်းသပ် လွှင့်တင်သည့် ၂ ရက်တာကာလ အတွင်း ပြည်တွင်း ပြည်ပမှ တေးသီချင်းဝယ်ယူမှု ရာဂဏန်းနှင့်ချီ၍ ရှိခဲ့ကြောင်း တရားဝင်အနေဖြင့် ပထမဦးဆုံးရောင်းချမှုသည် မျှော်မှန်းထားသည်ထက် ပိုမိုအောင်မြင်ခဲ့ကြောင်း သိရသည်။ “ဒီမှာက ကော်ပီတွေများတယ်ပဲ ပြောနေတာ။ နယ်တွေလိုနေရာမျိုးတွေမှာ မူရင်းဝယ်ဖို့ဆိုတာလည်း ဆိုင်မရှိဘူး။ ဖုန်းရှိရုံ၊ အင်တာနက်ရှိရုံနဲ့ တရားဝင်ဈေးနှုန်း သက်သက်သာသာနဲ့ ဝယ်လို့ရမယ်ဆိုရင် လူတွေက အသုံးပြုကြလိမ့်မယ်ထင်တယ်” ဟု ဒေါက်တာကိုကိုလွင်ကဆိုသည်။
မြင့်ကျော်လှိုင်
internetjournal
https://www.facebook.com/photo.php?fbid=488216667942836&set=a.351047714993066
No comments:
Post a Comment