ဦးနှောက်ရဲ့  လုပ်ဆောင်ချက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စမ်းသပ်ချက်ကို အမေရိကန် MIT မှ စမ်းသပ်အောင်မြင် သွားပြီ ဖြစ်ကြောင်း သိရပါတယ်။
ယင်း လျှပ်စစ်ဓာတ်အားက မိုက်ခရိုဝပ်ထ် ပမာဏပဲ ရှိပါတယ်။ ဒီတော့ ဖုန်းနဲ့ အခြား အီလက်ထရောနစ် ပစ္စည်း အကြီးစားတွေကို အားသွင်းလို့မရ တာ သေချာပါတယ်။ သို့ပေမယ့် ရည်ရွယ်ချက်က ဦးနှောက်တွင်းမှာရှိတဲ့ Chip များကို ပြန်လည် အားသွင်းဖို့ ဖြစ်ပါတယ်။
ဦးနှောက် တစ်ခုတည်း မဟုတ်ပါဘူး။ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ဘယ် အားသွင်းစရာ လိုတဲ့ ပစ္စည်း အစိတ်အပိုင်း ကိုယ်မဆို အားသွင်း ပေးမှာ ဖြစ်ပါတယ်။ ယခု လက်ရှိ အသုံးပြုနေတာကတော့ ပြန်လည်ခွဲထုတ်ခြင်း သို့မဟုတ် ကြိုးမဲ့ ရေဒီယိုလိုင်းနဲ့ အားသွင်းခြင်းတို့ ဖြစ်ပြီး ဦးနှောက်တွင်းမှာ ထည့်ထားတဲ့ Chip များကို အသက်ရှင်စေပါတယ်။ ခွဲစိတ် ထားသူ အချို့  ဟာ အသက်ဆက်ရှင်ဖို့အတွက် လျှပ်စစ်ပစ္စည်းတွေ ကိုယ်တွင်းမှာ ထည့်သုံးတဲ့ နည်းပညာဟာ ပေါ်တာ ကြာပြီ ဖြစ်ပါတယ်။
ယခု ယင်းစက်တွေကို အပြင်ထုတ်စရာမလိုပဲ အတွင်းမှာပဲ သွင်းလို့ ရအောင် ဖန်တီးပေးမယ့် စနစ်ကတော့ အသစ်ပဲ ဖြစ်ပါတယ်။ ဦးနှောက်ထဲမှ cerebrospinal fluid ဆိုတဲ့ အရည်မှ ဂလူးကိုစ့်ဓာတ်ထုတ်ပါမယ်။ ယင်း ဂလူးကိုစ့်မှ အောက်ဆီဂျင်ကို ထုတ်ပြီး ယင်းအော်ကဆီဂျင်ကို အခြေခံလို့ လျှပ်စစ်ဓာတ်အားအဖြစ်သို့ ပြောင်းလဲပေးစေဖို့ ဖြစ်ပါတယ်။ အဆင့်တွေ များပေမယ့် ထပ်မယ့် ပစ္စည်းက မီလီမီတာ မျှသော အတိုင်းအတာ လောက်ထိကို သေးငယ်ပါတယ်။
ယင်း ပစ္စည်းကြောင့် ဦးနှောက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် နိုင်ပြီး ကိုယ်တွင်းမှ ကျန်းမာရေး အထောက်အပံ့ အီလက်ထရောနစ် ပစ္စည်းများကို အားသွင်းနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref:realitypod
Aung Kham (TSJ team)
********************************************************************
ဘုရင်ကြီးရဲ့ အပြာရောင်သွား (သို့) Bluetooth
"
ဟေ့ . . မင်းဖုန်းက Bluetooth ကိုဖွင့်လိုက် . . ငါ့ ဖုန်းထဲက Ringtone
အမိုက်စားလေးပေးမလို့ " အဲ့ဒီလို စကားမျိုးကို ကိုယ်တိုင်မပြောဖူး
မကြုံဖူးရင်တောင် ကိုယ့်ပတ်ဝန်းကျင်မှာ ပြောနေသံကိုလူတော်တော်များများ
ကြားဖူးပါလိမ့်မယ် ။
Bluetooth
လို့ နာမည်ဆန်းဆန်းလေးပေး ထားတဲ့ ကြိုးမဲ့ သတင်းအချက်အလက်
လွှဲပြောင်းပို့ဆောင်ရေး နည်းလမ်းလေးတစ်ခုကို နည်းပညာခေတ်ကြီးထဲမှာအတော်လေး
ရင်းနှီး ကုန်ကျပါပြီ ။Bluetooth Mouse , Bluetooth Headset , Bluetooth
Keyboard စတဲ့ အပြာရောင်သွားလေးတွေကိုသင့် ပတ်ဝန်းကျင်တနေရာရာ မှာတော့
တွေ့မြင်နေကျဖြစ်မှာပါ ။
အရင်ဆုံး
Bluetooth ဆိုတဲ့ နာမည် အကြောင်းကို အရင်ပြောပါရစေ -စကင်ဒီနေးဗီးယန်း
ဘာသာစကား Blåtand/Blåtann ကို အင်္ဂလိပ်ဘာသာအဖြစ် ပြောင်းလဲထားတဲ့ ဒီ
Bluetooth ဆိုတဲ့စကားလုံးဟာ ၁၀ ရာစုနှစ်များလောက်က ဒိန်းမတ်နိုင်ငံကို
တစုတစည်းတည်းဖြစ်အောင် တည်ထောင်ခဲ့တဲ့ ဘုရင် Harald Blåtand ရဲ့အမည်ကို
အတိုချုပ်ထားခြင်းဖြစ်ပါတယ် ။ ဒီ Bluetooth ဆိုတဲ့နာမည်ကိုအရင်ဆုံး
စဉ်းစားမိတဲ့ Jim Kardach က စာရေးဆရာ Frans Gunnar Bengtsson ရေးတဲ့The
Long Ships about Vikings and king Harald Bluetooth ဆိုတဲ့ သမိုင်းဝတ္ထု
တစ်အုပ်ကို ဖတ်ရာကနေ အကြံရသွားတယ်လို့ ဆိုပါတယ် ။ ဒဏ္ဍာရီတွေရဲ့ အဆိုအရတော့
အဲ့ဒီ ဘုရင်ကြီးဟာ Blueberry အသီးတွေကို ကြိုက်နှစ်သက်လို့ အမြဲစားရာကနေသူ့
ရဲ့ သွားတွေဟာ ပြာကုန်လို့ ဒီနာမည်တွင်သွားရတာပါတဲ့ ။
အက္ခရာတွေကို စုပေါင်းထပ်ပြီးရေးသားတဲ့ ရှေးခေတ်အရေးအသားတစ်ခု ကနေဆင်းသက်လာတဲ့ Bluetooth ရဲ့ Logo ကတော့ (Hagall) (ᚼ) နဲ့ (Bjarkan) (ᛒ) ဆိုတဲ့ စကားလုံးတွေကိုပေါင်းရေးထားတဲ့ Harald Bluetoothဆိုတဲ့အဓိပ္ပါယ်ပါ။ ဒါဆို Bluetooth ဘယ်လိုပေါ်ပေါက်လာတယ်ဆိုတာဆက်ပြီး ကြည့်ရအောင် -၁၉၉၄ မှာ Errison ဆိုတဲ့ Telecom ကုမ္ပဏီက စတင်တီထွင်ခဲ့တယ်လို့ဆိုပါတယ် ။ အဲ့ဒီနောက်တော့ ၁၉၉၈ မှာErrisonကုမ္ပဏီဟာ တခြား မိတ်ဖက်ကုမ္ပဏီတွေဖြစ်တဲ့ Intel , Nokia , Toshiba တို့နဲ့ ပူးပေါင်းပြီး Bluetooth Special Interest Group (SIG) ဆိုတဲ့ အဖွဲ့အစည်းတစ်ခုကို နည်းပညာပြန့်ပွားဖို့ တည်ထောင်ခဲ့ပါတယ် ။ SIG ဟာ Bluetooth နည်းပညာ ပြန့်ပွားရေးကို သာ အဓိကထားတဲ့အဖွဲ့အစည်းဖြစ်လို့ အခုဆိုရင် အသင်းဝင် ကုမ္ပဏီပေါင်း တစ်သောင်းခွဲလောက်တောင် ရှိနေပါပြီ ။Bluetoothရဲ့အလုပ်လုပ်ပုံကတော့ဒီလိုပါရေဒီယိုနည်းပညာကို အသုံးပြုထားပြီး Frequency 2.4 - 2.485 GHz အတွင်းမှာ အလုပ်လုပ်တဲ့ Personal Area Network (PAN) လို့ ပညာရှင်များအသိအမှတ်ပြုကြပါတယ် ။
ကွန်ပျူတာ နဲ့ ဖုန်း
ဒါမှမဟုတ် ဖုန်း အချင်းချင်း သတင်း ဒေတာ
အချက်အလက်တွေပေးပို့တဲ့နေရာမှာအဓိကအသုံးပြုပါတယ် ။ SIG ထွက်ပေါ်လာပြီး ၂၀၀၀
ပြည့်နှစ်လောက်မှာမှ ဖုန်းတွေမှာ တပ်ဆင်အသုံးပြုနိုင်ခဲ့ ပါတယ် ။ Version
အမျိုးမျိုးနဲ့ အဆင့်မြှင့်တင်ပြီး ထုတ်လုပ်ခဲ့တာဟာ အခုဆို Version 4
အထိတောင် ရောက်ခဲ့ပါပြီ ။ နာမည်ကြီး ဖုန်းအမျိုးအ စားဖြစ်တဲ့ iPhone 4s မှာ
Bluetooth 4.0 ကို အထောက်အပံ့ပေးထားပါတယ် ။ ဗားရှင်းတွေမြင့်လာတာနဲ့ အမျှ
ပါဝါ စားသုံးမှုတွေကိုလည်း တဆင့်ပြီးတဆင့် လျော့ချနိုင်ခဲ့သလို
အာရုံခံတဲ့အပိုင်းမှာလည်းပိုမိုအဆင့်မြင့်လာပါတယ် ။ အခုဆိုရင် SIG
အဖွဲ့အစည်းမှာ အသင်းဝင်တွေများ လာလိုက်တာ နည်းပညာလောကရဲ့ နာမည်ကြီး Apple
တောင် Board of Directors ဖြစ်လို့နေပါပြီ။ အချုပ်ဆိုရရင်တော့ ဒီ Bluetooth
ဟာ နည်းပညာလောကအတွက် အထောက်အကူ
အများကြီးဖြစ်ခဲ့သလိုကိုယ်ကျိုးမဖက်တဲ့အဖွဲ့အစည်းများကောင်းမှုကြောင့်
ဆက်လက်ပြီးလည်း ရှင်သန် တိုးတက် အသုံးဝင်နေမှာ မလွဲပါပဲ ။
*************************************************************
ကမ္ဘာအပါးဆုံ..
ပုံသေတော့ သတ်မှတ်လို့ မရပါဘူး။ နောက်လည်း သူ့ထက် ပါးတဲ့ Laptop တွေ ကြိမ်းသေပေါ်လာအုံးမှာ ဖြစ်ပါတယ်။ သို့ပေမယ့် လောလော ဆယ် လက်ရှိ ကာလမှာတော့ အပါးဆုံး Laptop က Samsung မှ ထုတ်တဲ့ Seires 9 ဖြစ်ပါတယ်။ အထူက ၀.၆ လက်မပဲ ရှိပါတယ်။ လက်မဝက် ကျော် ရုံလေးပဲ ဖြစ်ပါတယ်။
Apple ကထုတ်တဲ့ MacBook Pro တောင် လက်ရှိ အပါးဆုံးက ၀.၇၁ လက်မ အထိပဲ Slim ဖြစ်ပါသေးတယ်။ ဒီတော့ Samsung ရဲ့  Series 9 ကို အပါးဆုံးလို့ သတ်မှတ်ထားနိုင်ပါသေးတယ်။ သူ့ရဲ့  Specification အကြမ်းဖျင်းကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။
• တတိယမျိုးဆက် Intel Core processor - Core i7 ကို အသုံးပြု ပါတယ်။
•4GB Ram
•128GB SSD, memory ထပ်တုန်းရန် SSD slot ပါဝင်ပါတယ်။
•Windows 7 operating system ( Windows 8 သို့ Upgrade လုပ်ပေး ပါတယ်။)
• ဘက်ထရီက Photoshop တို့လို ပါဝါစားတဲ့ ပရိုဂရမ်ကို သုံးရင် ၈ နာရီခံပြီး အလင်းရောင် တစ်ဝက် ထားသုံးရင် ၁၀ နာရီခံပါတယ်။
• gaming system ရတယ်လို့ မဟုတ်ပေမယ့် အင်ဂျင်ကောင်းကောင်း သုံးတဲ့ Diablo 3 တို့လို ဂိမ်းကို နိုင်ပါတယ်။
•LCD, HD+, 400 nit screen. သာမန် Laptop တစ်လုံးထက် အလင်းရောင် ၄၀ ရာခိုင်နှုန်းပို တယ်လို့ ဆိုပါတယ်။
•Boots up in 10 seconds, 3 seconds from sleep mode
• USB 3.0 နှင့် USB 2.0 ပေါက်များ ပါရှိပါတယ်။
၁၃ လက်မ၊ ၁၅ လက်မ အရွယ်နှစ်မျိုး ထုတ်ပြီး ဈေးနှုန်းကတော့ ၁၂၉၉ ဒေါ်လာနဲ့ ၁၄၉၉ ဒေါ်လာ ဆီ ရှိကြောင်း သိရပါတယ်။
--
Ref: Samsung
Aung Kham (TSJ team)
Related Posts:
http://blog.techspace.com.mm/2013/01/blog-post_21.html မှ....
မြ၀တီ သတင်းမှ..
နွေည(ခေတ္တထိုင်း)
9/3/2013
မူရင်း=http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A1232654&xgs=1&xg_source=msg_share_post
No comments:
Post a Comment