စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အသက် ၁၀၆ နှစ်တွင် အထက်တန်းကျောင်းအောင်လက်မှတ်ရသည့်အဖွား


Monday, 18 March 2013

အမေရိကန်၊ အိုဟိုင်းအိုးမှ အသက် ၁၀၆ နှစ်အရွယ်ရှိအဖွားတစ်ယောက်အား
အထက်တန်းကျောင်းအောင် လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို မတ်လ ၁၃ ရက်နေ့က သူမ၏နေအိမ်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ရီဘာ ဝီလျှံဆိုသည့် အဖွားတစ်ဦးသည် မောင့်ဗာရွန်ကျောင်းမှ ပေးအပ်
ချီးမြှင့်သည့် အထက်တန်း ကျောင်းအောင်လက်မှတ်ကို ရရှိခဲ့ခြင်းဖြစ်သည်။ ရီဘာ၏ သမီးဖြစ်သူ လာဗာတာကသတင်းထောက်များအား ပြန်လည်
ပြောကြားရာတွင် သူမမိခင်သည် မောင့်ဗာရွန် အထက်တန်းကျောင်းတွင် တက်ခဲ့စဉ်က ကျောင်းထွက် လက်မှတ်ပေးရန် ငြင်းဆိုးခြင်း ခံခဲ့ရကြောင်း၊ သူမသည် ကျောင်းရှိပြဋ္ဌာန်းထားသော စာအုပ်များကိုဖတ်ရန် ငြင်းဆိုမှု၊
ဝေဖန်ခဲ့မှုများကြောင့် ကျောင်းမှအထက်တန်းပြီးဆုံးကြောင်း လက်မှတ်ကို ထုတ်မပေးခဲ့ခြင်းဖြစ် ကြောင်းပြောကြားခဲ့သည်။

အဖွားရီဘာကမူ ကျောင်းသားကျောင်းသူများသည် သူ့လို လိုက်မလုပ်ကြရန်
တောင်းပန်ပြောကြားသည်။ အဖွားက “ကျွန်မက ကျွန်မကြုံခဲ့ရာတာတွေ
ကိုတော့ သူတို့ကို ပြောပြတယ်။ ဒါပေမယ့် ကမ္ဘာပတ်ချင်ရင်တော့ စာဖတ်
မှဖြစ်မယ်ဆိုတာလည်း အမြဲပြောတယ်” ဟုလည်း ပြောကြားခဲ့သည်။

      မောင့်ဗာရွန် အထက်တန်းကျောင်းမှ အင်္ဂလိပ်စာပြ အငြိမ်းစား ဆရာမကြီး ရီတာ ဒေးလေးကလည်း အဖွား ရီဘာ အဘယ်ကြောင့် ကျောင်းထုတ်ခံရသည်ကို ကြားသိပြီးနောက်၊ ကျောင်းဘုတ်အဖွဲ့သို့ချဉ်းကပ်ပြီး အဖွားကိုအောင်လက်မှတ်ပြန်ပေးရန် တိုက်တွန်းတောင်းဆိုခဲ့သည်။ ဒေးလေး၏
တောင်းဆိုချက်ကြောင့် ကျောင်းမှ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် အောင်လက်မှတ်ပေးရန် ပြန်လည်ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်သည်။

         အဖွားရီဘာက “ကျွန်မသက်တမ်းတစ်လျှောက် ကျွန်မလိုချင်တဲ့ပညာတွေကို အများကြီး လေ့လာဆည်းပူးခဲ့ပြီးပြီ။ ဒါပေမယ့် ခုလို အောင်လက်မှတ်
လာပေးတာကိုတော့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်” ဟု တိုတိုတုတ်တုတ်
မှတ်ချက်ပေးခဲ့သည်။ ကျောင်းမှ တာဝန်ရှိသူတစ်ဦးက “ဂုဏ်ယူပါတယ် ရီဘာ။ ခင်ဗျား ကျွန်တော်တို့ကို အများကြီး သင်ခန်းစာတွေပေးသွားပါတယ်” ဟုပြောကြားခဲ့သည်။

မောက္ခ

ဒီနေရာမှကူးယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...