မြန်မာဆိုရိုးစကား၌ "လူကိုဖျက် အရက်"ဟု
ဆိုရိုးစကားရှိ၏။လူတွေကို မပျက် ပျက်အောင် ဖျက်ဆီးသောအရာမှာ အရက်ဖြစ်သည်ဟု
ဆိုလိုပါသည်။ အရက်သည် လူကို ဖျက်ဆီးသော အကြောင်း တရား မှန်သော်လည်း နီးသော
အကြောင်းတော့ မဟုတ်ပါ။ ဝေးသော အကြောင်းတရားပင် ဖြစ်ပါသည်။ အနီးဖြစ်သော
အကြောင်းတရားကို ထိန်းသိမ်းနိုင်သော် အဝေးဖြစ်သော ပျက်ဆီးစေသော အကြောင်း
တရားတို့သည် မည်မျှပင်များစေကာမူ အားလုံးကိုပင်
ထိန်းသိမ်းပြီးသားဖြစ်တော့၏။ ထို့ကြောင့် အနီးဖြစ်သော ပျက်ဆီးစေတတ် သော
အကြောင်းတရားကို ဦးစွာပထမ ထိန်းသိမ်းကြပါရန် တိုက်တွန်းလိုက်ပါသည်။
လူကို
ပျက်ဆီးစေတတ်သော နီးသော အကြောင်းတရားမှာ မိမိ၏ စိတ်ပင် ဖြစ်ပါသည်။ ဤစိတ်သည်
မကောင်းမှန်း သိရက်နှင့် ဇွတ်တိုး၏။ လုပ်၏။ မကောင်းကျိုး ကိုယ်တိုင်
ခံစားလိုက်ရ၏။ ဤစိတ်သည် မကောင်းသော အလုပ်မှန်း သိ၏။ ထို့ကြောင့် မလုပ်။
ထိုသူသည် မကောင်းကျိုး မရ။ ကောင်းကျိုးရ၍ ချမ်းသာ၏။ ထိုကြောင့်
ချမ်းသာလိုလား အမျိုးကောင်သား အမျိုးကောင်းသမီးတို့သည် လူကို ဖျက်ဆီးတတ်သော
နီးစွာသော အကြောင်း ဖြစ်သော စိတ်ကို ဦးစွာပထမ ထိန်းသိမ်းစေ လိုပါသည်။
မြတ်စွာဘုရားသည် သိင်္ဂါလသုတ် ပါကထိဝဂ် ဒီဃနိကာယ်၌ လူကို ဖျက်ဆီးစေသော
အကြောင်းတရား ရှစ်ပါးကို ဟောတော်မူ၏။
(၁)လောင်းကစားလေ့ရှိခြင်း လည်းကောင်း
(၂)မိန်းမလိုက်စားလေ့ရှိခြင်း လည်းကောင်း
(၃)သေရည် သေရက်
သောက်စားလေ့ရှိခြင်း လည်းကောင်း
(၄)ကခြင်း သီးဆိုခြင်းကို အစဉ်
ကြည့်ရှုနားထောင်လေ့ရှိခြင်း လည်းကောင်း
(၅)နေ့အခါ၌ အလွန်အိပ်လေ့ရှိခြင်း
လည်းကောင်း
(၆)အခါမဲ့၌ ခရီးသွားလာလေ့ရှိခြင်း လည်းကောင်း
(၇)မကောင်းသူတို့ကို အဆွေခင်ပွန်း ဖွဲ့ လေ့ရှိခြင်း လည်းကောင်း
(၈)အလွန်ကပ်စေးနှဲခြင်း လည်းကောင်း
ဤအကြောင်းတရားတို့သည် လူနှင့် လူ၏
အကျိုးစီးပွားတို့ကို ပျက်ဆီးစေသော အကြောင်းတရားများ ဖြစ်ပါသည်။
***သတ္တဝါမှန်သရွေ့ ၊ အမှန်တွေ့ ၊ ချမ်းမြေ့သာယာရှိပါစေ။
No comments:
Post a Comment