စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကြီးပွားချမ်းသာချင်ရင် ဒီနည်းလေးအတိုင်းကျင့်ကြမယ်



၁။ ကြီးပွားတိုးတတ်ရန် အားသည် ၊၀ီရိယ နှင့် ချွေတာခြင်း ဖြစ်သည်။

၂။ ၀ီရိယကို ထုပ်၍လုပ် ရသမျှလေးစု မကြာမီအထုပ်ဖြစ်မည်။

အထုပ်မဖြစ်မီ ထုပ်၍ မပြစ်ရ။

၃။ ကြီးပွားတိုးတတ်လိုလျှင် ပညာဥာဏ် လွန်စွာကြီးဖို့မလို
စေ့စပ်သေချာဖို့ လိုသည်။

၎။ ပေါ့ပေါ့စား။ ပေါ့ပေါ့နေ။ ပေါ့ပေါ့လုပ်နေသမျှ။ မတိုးတတ်နိုင်။
လူမှန်လျှင် အစွမ်းရှိ၏။

၅။ သူဌေးမြန်မြန်ဖြစ်လိုလျှင် မြန်မြန်ဆင်းရဲတတ်၏။

၆။ ငါသည်။ ငါ၏အဖော်။ ငါ၏ လမ်းစဖြစ်၏ ။ ငါ၏ ခိုကိုးရာဖြစ်၏ ။

ငါ၏ အဖော်ကောင်းဖြစ်၏ ။ ငါ့မှတစ်ပါး ဘယ်သူမှ ငါ့ကိုမကယ်နိုင်။

၇။ အခက်ခဲသည်။စိတ်သဘောထား။ကြီးမားရင့်သန်ခြင်းအတွက်။

အကောင်းသော ။ သင်ခန်းစာဖြစ်၏ ။

၈။ အပြစ်ကင်းသောစိတ်သည်။ စွပ်စွဲခြင်းကို မကြောက်။
.......................................


(၁) နှင်းဆီအပွင့်ပွင့်ဖို့ ဆူးပင်ကိုရေလောင်းပေးရတယ်။

(၂) သူငယ်ချင်းအတွက် အနစ်နာခံတဲ့အလုပ်က ခက်တဲ့အလုပ်တော့ မဟုတ်ဘူး။ ခက်တာက အနစ်နာခံရလောက်တဲ့ သူငယ်ချင်းမျိုး ရှိဖို့ပဲလိုတယ်။

(၃) အထီးကျန်တယ်ဆိုတာ လောကကြီးက ကိုယ့်ကိုမေ့သွားလို့
မဟုတ်ဘူး။ ကိုယ့်က လောကကြီးကို မေ့သွားလို့ဖြစ်တယ်။

(၄) တကယ်လို့ အကောင်းဆုံးငှက်ကိုပဲ သီချင်းဆိုခွင့်ပေးခဲ့မယ် ဆိုရင် တောအုပ်ကြီးက တိတ်ဆိတ် ခြောက်ကပ်နေတော့မယ်။

(၅) ရှေ့တိုးဖို့ ဆင်ခြင်တစ်ခုပဲ လိုအပ်တယ်။ နောက်ဆုတ်ဖို့ ဆင်ခြင် အခုတစ်ရာ လိုအပ်တယ်။ ဒါပေမယ့် လူအများက ဆင်ခြင်တစ် ရာပေးပြီး ပျော့ညံ့သူမဟုတ်ကြောင်း သက်သေပြကြတယ်။ ဆင်ခြင်တစ်ခုတည်းကိုသုံးပြီး သတ္တိရှိသူဖြစ်ကြောင်းကိုတော့ သက်သေပြဖို့ မေ့နေကြတယ်။

(၆) စိတ်နေသဘောထား ပြည့်ဝတဲ့အမျိုးသမီးက ဘယ်တော့မှ သူပိုင်ဆိုင်တာကို မကြွားဝါဘူး။ ပညာဘယ်လောက်တတ်သလဲ ထုတ်မပြောဘူး။ ဘယ်ကိုသွားခဲ့တယ်၊ အဝတ်အထည် ဘယ်လောက် ပိုင်ဆိုင်ကြောင်း၊ လက်ဝတ်ရတနာ ဘယ်လောက်ရှိကြောင်း မကြွားဝါတတ်ဘူး။ အကြောင်းက သူ့မှာ သိမ်ငယ်နိမ့်ကျတဲ့စိတ်
မရှိလို့ပါပဲ။

(၇) ထက်မြက်တဲ့ မိန်းကလေးတွေ တစ်ခါတလေမှာ ဘာမှမသိသလို တုံးတိတုံးအ ဟန်ဆောင်သင့်တယ်။

(၈) လောဘမကြီးနဲ့၊ ပစ္စည်းကောင်းတွေက ဘယ်တော့မှ တာရှည်မခံဘူး။

(၉) လူတွေသိနိုင်တဲ့ မှားယွင်းမှုမျိုးက တကယ့်အမှားမဟုတ်သေးဘူး။
တစ်ခြားလူ လုသွားနိုင်တဲ့ ချစ်သူမျိုးက တကယ့်ချစ်သူမဟုတ်သေးဘူး။

(၁ဝ) သူတစ်ပါး အောင်မြင်၊ ပျော်ရွှင်နေတာကို ကြည့်ပြီး မနာလိုမဖြစ်နဲ့။ အောင်မြင် ပျော်ရွှင်ဖို့ သူတို့လည်း လက်နှစ်ဖက်နဲ့ရင်းပြီး ကြိုးပမ်းခဲ့ရတယ်။
.............................................................................


valuable words(ဦးဇောတိက)

• လူကောင်းတစ်ယောက်ရဲ့ဘ၀မှာ အကောင်းဆုံး အစိတ်အပိုင်းဆိုတာ မကြီးကျယ်တဲ့၊ အမည်မဖေါ်တဲ့၊ အမှတ်တရပြုမနေတဲ့ အကြင်နာ၊ မေတ္တာ အပြုအမူလေးများပါ။

• ရယူခြင်းအရသာထက်၊ ပေးရခြင်းကြောင့်ဖြစ်သော ပီတိက ပို၍ နှစ်သက်ဖွယ် ချိုမြိန်လှ၏။

• သင် တတ်နိုင်မည် ထင်သလား၊ မတတ်နိုင်ဘူး ထင်သလား၊ မည်သို့ထင်သည်ဖြစ်စေ သင့်အထင် မှန်ပါလိမ့်မည်။

• ဒေါသဖြင့်လည်း နောက်ကြောင်းပြန်မကြည့်နှင့်၊ ကြောက်စိတ်ဖြင့်
လည်း ရှေ့ရေးမတွေးတောနှင့်၊ ပညာသတိဖြင့်သာ ၀န်းကျင်ကို ရှုမြင်ပါ။
-----------------------------------------------------------------


လူ့ဘဝနဲ့ ပတ်သက်ရင်

ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့တူတယ်။ နှစ်လရာသီတွေက အညှာတာ
ကင်းမဲ့တယ်။ အတိတ်ကိုပြန် မှန်းမျှော်ကြည့်တော့ လူတွေ အသက်ရှင်
တာက စိတ်ခံစားမှုတစ်မျိုးလို့ ဆိုနိုင်တယ်။ ဆင်းရဲတာပဲဖြစ်ဖြစ်၊ ချမ်းသာ တာပဲဖြစ်ဖြစ်၊ ရယူတာပဲဖြစ်ဖြစ်၊ ဆုံးရှုံးတာပဲဖြစ်ဖြစ် အရာအားလုံးက
လျှပ်တစ်ပြက်အတွင်းမှာဖြစ်ပြီး လျှပ်တစ်ပြက်အတွင်းမှာ ပျောက်သွားနိုင် တယ်။

မနေ့က၊ ဒီနေ့၊ မနက်ဖြန် ဘာနေ့ပဲဖြစ်ဖြစ် စိတ်ရွှင်လန်းတဲ့နေ့က အလှ ဆုံးနေ့ဖြစ်တယ်။ မိသားစုအချစ်၊ သူငယ်ချင်းအချစ်၊ ချစ်သူအချစ် ဘာ အချစ်ပဲဖြစ်ဖြစ် တန်ဖိုးထားမြတ်နိုးနိုင်ရင် ခံစားချက်ကောင်းတွေပေးတယ်။

စကားတစ်ခွန်းက ဒီလိုဆိုပါတယ်။

"ပိုင်ဆိုင်ခဲ့ဖူးတာကို မမေ့နဲ့၊ လက်ရှိပိုင်ဆိုင်တာကို ပိုတန်ဖိုးထားပါ။
ကိုယ့်အတွက် သတ်မှတ်ထားတဲ့အရာကို လက်မလွတ်နဲ့၊ ဆုံးရှုံးခဲ့ဖူးတာကို
အမှတ်တရထားပါ။ လိုချင်တာကို ရအောင်ကြိုးစားပါ။ မောပန်းလာရင် စိတ်ကိုကမ်းကပ်ဖို့ မမေ့ပါနဲ့။ ရွေးချယ်ပြီးနောက် နောင်တမရနဲ့၊
အပင်ပန်းခံမှ ပြည့်ဝတာကို နားလည်မယ်၊ အနာခံမှ ဘဝကိုနားလည်မယ်။ စိတ်ထိခိုက်အားငယ်မိမှ ကြံ့ခိုင်တာကိုနားလည်မယ်။

လေတိုက်တဲ့မနက်ဆိုတာသလို လှပတဲ့ညနေဆည်းဆာလည်း ရှိမယ်။ ကြယ်ကြွေညတွေလည်း ရှိနိုင်မယ်။ ဘဝဆိုတာ အပြန်မရှိတဲ့ လက်မှတ် တစ်စောင်နဲ့တူတယ်။ ဘဝဆိုတာ အစမ်းလေ့ကျင့်မှုတွေမရှိတဲ့ တိုက်ရိုက် သရုပ်ဆောင်မှုတွေဖြစ်တယ်။ သရုပ်ဆောင်မှုတိုင်းကို ပိုင်ပိုင်နိုင်နိုင်လုပ်နိုင် တာက လူ့ဘဝကို အကောင်းဆုံး တန်ဖိုးထားနည်းပဲဖြစ်တယ်"

Credit to >> You'realways Onmymind
Like This Page · 10 hours ago

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...