အသည်းကွဲ ရင်ကွဲနေတာကတစ်ကြောင်း နိုင်ငံခြားသွားဖို့ အလုပ်တွေရှုပ်နေတာကြောင့် တစ်ကြောင်း နဲ့ဘလော့မတင်ဖြစ်တာတောင်ကြာပြီ။
ဒီနေ့တော့ ဘလော့တစ်ပုဒ်လောက်တင်အုံးမှပဲ ဆိုပြီးလာခဲ့တာပါ။
မိုးတွေကရွာ ကွန်ကမကောင်းတော့ စိတ်ညစ်တယ်ဗျာ။
ကိုယ်က အသက်လောက်ချစ်ပေမဲ့လည်း သူကပြန်မချစ်တော့လည်း စိတ်ညစ်တယ်ဗျာ။
ချစ်တယ်လို့ပြောပြီးမှ ဥပေက္ခာပြုခံရတော့ ရင်ကွဲတယ်ဗျာ။
သူငယ်ချင်းတို့ကိုလည်းကြုံတုန်းလေး သတိပေးလိုက်အုံးမယ်ဗျာ
အွန်လိုင်းပေါ်မှာ ချစ်သူမထားကြပါနဲ့လို့
မိန်းကေလးများကိုပြောချင်တာက ကိုယ်တစ်ကယ်ချစ်မှ ချစ်တယ်ပြောပါ
ယောကျာင်္းလေးများကိုပြောချင်တာက သူပြောတိုင်းအဟုတ်မှတ်ပြီး(ကျွန်တော့်လို )စွတ်မယုံလိုက်နဲ့နော်။
မိန်းကလေးများကလည်း မိန်းမကောင်းပန်းပန် တစ်ပွင့်တည်းစကား ကို နှလုံးသွင်းပြီး
မြန်မာမိန်းကလေးရဲ့ ဂုဏ်ကို ထိန်းကြပါ။သူက ကိုယ့်ကို ချစ်တယ် ပြောလာတိုင်း လိုင်းပေါ်မှာပဲလေ ဘာမှမဖြစ်ပါဘူးဆိုပြိး
ပေါ့သေးသေးတော့ မတွက်လိုက်နဲ့နော် ။တစ်ကယ်ချစ်နိုင်မှလည်း ချစ်ပါတယ်လို့ပြောပါ။
မချစ်ပဲနဲ့ မျှော်လင့်ချက်တွေ မပေးထားပါနဲ့။သူ့ဘက်က အတည်ဖြစ်နေရင် ကိုယ်က မိန်းကလေး ဖြစ်လာရင် အနာချည်းပဲဆိုတာ
မမေ့နဲ့ပေါ့နော် ။နှမချင်းစာနာပြီးပြောပြတာတွေပါ။
နိုင်ငံခြားသားတွေ မြန်မာပြည်ကို သိပ်မလာကြတော့ဘူးတဲ့။
ဟုတ်မှာပဲလေ။ မြန်မာ့ယဉ်ကျေးမှုကိုလာလေ့လာကြတာ ဒီရောက်တော့ ကောင်မလေးတွေက သူ့တို့နိုင်ငံကမိန်းကလေးတွေလိုပဲ
ဝတ်စားနေုထိုင်ကြနေပြီ ဆိုတော့ ဘယ်လာတော့မလဲနော်။ဒိစကားနဲ့ပတ်သက်ပြီး ကဗျာလေး တစ်ပုဒ်ကို သတိရမိတယ်ဗျာ။
ကျွန်တော်အရင်က သံယောဇဉ်စံအိမ်မှာ တင်ထားပါတယ် ။
မြန်မာမလေးများ ဖတ်ရအောင် လက်ဆောင်အနေနဲ့ ထည့်ပေးလိုက်အုံးမယ်။
ကျွန်တော်ရေးတာမဟုတ်ပါဘူး။စာရေးဆရာ မောင်လှမျိုး(ချင်းချောင်းခြံ)ရဲ့ အသည်းနှလုံး၏ ကြေညာစာတမ်း ၀တ္ထုလေးထဲကပါ။
ဘလော့ အတည်ပြု ဥယာဉ်မှုးများ မပယ်လိုက်ပါနဲ့ လို့တောင်းပန်ပါရစေ။နော် ။
မြန်မာဟာ
ကမ္ဘာမှာအယဉ်ကျေးဆုံး
အစဉ်ရှေးထုံး
သီကုံးပန်းသွင်
နေ့တိုင်းဆင်မြန်း
အံ့မခန်းအတိ
ဆံရစ်ဝိုင်းနဲ့ပါးကွက်ကြား
ခေတ်သမိုင်းရဲ့နောက်မှာထားခဲ့
ဒါပေမယ့်လည်း
မြန်မာဟာ မြန်မာပါပဲ ။
မြန်မာပါလို့
ကမ္ဘာပါ....လို့
ကမ္ဘာကိုကြေညာနေစရာမလို
ချိတ်ထမီနဲ့အပျိုမလေး
ရိုးရာပန်းချီကို
အသံမဲ့ရေးပေးတယ် ။
မြန်မာသီချင်းဆို
ဂါဝန်တိုတိုဝတ်
မက်ဒေါနားရဲ့ခေတ်သစ်ဗျူဟာ
ဘယ်ဘူတာကိုဆိုက်နေပြီလဲ
“ခေတ်ဟာ
စီးဆင်းနေသတဲ့”လား
သရုပ်ပျက်တချို့ရဲ့စကား
ကျုပ်ရှက်မိခဲ့တအား ။
(မက်ဒေါနားပေါက်စ
မြန်မာဗိုလ်မလေးတို့ရေ)
“ခြေသလုံးသားဟာ
အလှတစ်ပါးတဲ့”
ခုများတော့လေ
ခြေသလုံးမက
တစစနဲ့.......
သြော်.........တစစနဲ့။
ကဲပြောချင်တာလည်းပြောပြီးပြီ ဆိုတော့ ခေါင်းစဉ်တင်ထားတဲ့ အကြောင်းအရာကို ရေးပါတော့မယ် ။ကမ္ဘာမှာအယဉ်ကျေးဆုံး
အစဉ်ရှေးထုံး
သီကုံးပန်းသွင်
နေ့တိုင်းဆင်မြန်း
အံ့မခန်းအတိ
ဆံရစ်ဝိုင်းနဲ့ပါးကွက်ကြား
ခေတ်သမိုင်းရဲ့နောက်မှာထားခဲ့
ဒါပေမယ့်လည်း
မြန်မာဟာ မြန်မာပါပဲ ။
မြန်မာပါလို့
ကမ္ဘာပါ....လို့
ကမ္ဘာကိုကြေညာနေစရာမလို
ချိတ်ထမီနဲ့အပျိုမလေး
ရိုးရာပန်းချီကို
အသံမဲ့ရေးပေးတယ် ။
မြန်မာသီချင်းဆို
ဂါဝန်တိုတိုဝတ်
မက်ဒေါနားရဲ့ခေတ်သစ်ဗျူဟာ
ဘယ်ဘူတာကိုဆိုက်နေပြီလဲ
“ခေတ်ဟာ
စီးဆင်းနေသတဲ့”လား
သရုပ်ပျက်တချို့ရဲ့စကား
ကျုပ်ရှက်မိခဲ့တအား ။
(မက်ဒေါနားပေါက်စ
မြန်မာဗိုလ်မလေးတို့ရေ)
“ခြေသလုံးသားဟာ
အလှတစ်ပါးတဲ့”
ခုများတော့လေ
ခြေသလုံးမက
တစစနဲ့.......
သြော်.........တစစနဲ့။
အရင်ကပေါ့ pdf စာအုပ်လုပ်ချင်လို့ ဟိုလူ့ မေးရ ဒီလူ့ မေးရနဲ့ တိုင်ပတ်နေခဲ့ဖူးပါတယ် ။
ဟော ဆော့ဝဲရတော့ လည်း မသုံးတတ်လို့ မေးရပြန်ရော။ တချို့ အမေးခံရသူတွေဆို စိတ်မရှည်လို့ နှာတင်းခံရသေးတယ် ။
နောက်တော့လည်း ကိုယ့်ပါကိုယ်ကလိရင်းနဲ့အဆင်ပြေသွားတာပဲ။
pdf creator တွေက ဆော့ဝဲ runရတာနဲ့ register လုပ်ရတာနဲ့ အလုပ်ရှုပ်တယ်ဗျာ။ဒီတော့
ဒီကျွန်တော်ပေးတဲ့ ဆော့ဝဲလေးကို သုံးကြည့်ပါ ။ တစ်ခါrun ယုံနဲ့ တသက်လုံးသုံးလို့ရပြီဗျာ။
pdf creator နဲ့ မတူတဲ့အချက်က pdf creator မှာ ဆို စာအုပ်လုပ်ရင် print လုပ်ရတယ် ။
ဒီဟာလေးကျတော့ save as pdf ကိုကလစ်ယုံနဲ့ စာအုပ်ဖြစ်ပါပြီ။
ကဲ စိတ်ဝင်စားသူများ စာအုပ်လုပ်ချင်နေသူများ အောက်မှာ ဒေါင်းလိုက်ကြဗျာ။
SaveAsPDF.exe
အဆင်ပြေရင် လက်ခုပ်သံလေး ကြားပါရစေဗျာ။
No comments:
Post a Comment