ဝတ္ထုတိုဆိုတာ..............
ဝတ္ထုတိုရေးမယ်ကြံရင် ၀တ္ထုတိုဆိုတာ ဘယ်လိုရေးဖွဲမျိုးလဲဆိုတာကိုသိထားနှင့်ဖို့ လိုပါတယ် .. ၀တ္ထုတိုဆိုတာ ရသစာပေအဖွဲ့ ထဲမှာ..
ပါဝင်ပြီး တိုတိုနဲ့လိုရင်းကိုရောက်အောင် ရေးရတဲ့ စာပေပုံစံတစ်မျိုးဖြစ်ပါတယ်။
ဝတ္ထုတိုအရေးအဖွဲ့ ကျွမ်းကျင်ပြီး ထင်ရှားကျော်ကြားတဲ့စာရေးဆရာကြီး အချို့ ရဲ့အဆိုအမိန့်များကို ကောက်နုတိတင်ပြချင်ပါတယ်။
ဆရာကြီးများက ၀တ္ထုတိုရေးတာနဲပတ်သက်ပြီး ဒီလိုဆိုထားပါတယ်။
၁။ ၀တ္ထုတိုရေးဖွဲ့ ရင် တိုတိုနဲ့လိုရင်းကိုရေးရမယ်။
(ရှည်ရှည်လျားလျားဖွဲ့ နွဲ့ ရေးနေရင်းဝေ့ ထွက်သွားတတ်လိုဖြစ်ပါတယ်)
၂။ အရေးအသားသွက်ရမယ်။
(အရေးအသားမသွက်ရင် ဖက်တဲ့လူငြီးငွေ့ သွားတတ်ပါတယ်)
၃။ပါဝင်တဲဇာတ်ဆောငိတွေရဲ့ ပြောဆိုလုပ်ရှားပုံတွေကို ပြကိပြက်ထင်ထင် မြင်လာအောင်သရုပ်ဖော်ရေးနိုင်ရမယ်။
၎။ မလိုအပ်တဲ့အကြောင်းနဲ့မဆိုင်တဲ့ အချက်တွေကို ထည့်ရေးဖို့ မလိုပါ ၊ စာဖက်သူအာရုံကျက်စားစေလိုတဲ့ သဘောတစ်ရပ်၊
အချက်တစ်ချက်ကိုသာ မူတည်ပြီးရေးသားသင့်တယ်။
( မလိုအပ်တာ မဆိုင်တာတွေကိုထည့်ရေးရင် စာဖောင်းပွပြီး စာဖက်သူအာရုံထွေပြားသွားမှာ ဖြစ်ပါတယ်)
၅။ သုံးနုန်းတဲ့စကားလုံးတွေက ကျစ်ကျစ်လျစ်လျစ်ထိထိမိမိရှိရမယ်။
သုံးသမျှစကားလုံးတွေဟာ ဇာတ်ဆောင် ဒါမှမဟုတ် ဇာတ်လမ်းကိုအထောက်အကူဖြစ်စေရမယ်။
( စကားလုံးတွေများပြီးဖောင်ပွနေရင်ဝတ္ထုဟာပေါ့ပျက်ပျက်ဖြစ်သွားတတ်ပါတယ်)
၆။ ၀တ္ထုတိုရေးရာမှာဇာတိလမ်းကအဓိကမဟုတ်ဘဲ လူ့ သဘောလူ့ သဘာဝနဲ့ လူ့ စရိုက်အဖွဲ့ တွေကို ပေါ်လွင်အောင်ရေးနိုင်ဖို့က
အဓိကဖြစ်တယ်။
၇။ ၀တ္ထုတိုကောင်းတစ်ပုဒ်ဖြစ်လာဖို့ အတွက် စာရေးသူရဲ့ ဘ၀အကြား အမြင် ဘ၀အသိနဲ့ စေတနာရှိဖို့ ကအရေးကြီးတယ်။
( လောကအတွေအကြုံတွေထဲက အကြောင်းအကျိုး အကောင်း အဆိုးတွေကို ခွဲခြားခံစားသိတတ်ပြီး စေတနာကောင်းနဲ့ ..
ရေးသားခဲ့ရင် ရသစာပေကောင်း ဒါမှမဟုတ်စာကောင်းပေမွန်စာရင်းဝင် ၀တ္ထုတိုကောင်းတစ်ပုဒ်ဖြစ်လာမှာမလွဲပါ)
အဲဒီ(၇)ချက်က၀တ္ထုတိုရေးဖွဲ့ ခဲ့စာရေးဆရာကြီးများရဲ့ လမ်းညွန်ချက်များဖြစ်ပါတယ်။
ဒါပြီးရင်ဝတ္ထုတိုစရေးမယ့် ၀ါသနာရှင်များအတွက်သိထားသင့်တဲ့အခြေခံအချက်များကိုဆက်လက်ဖော်ပြသွားပါမယ်။
ဝတ္ထုတိုရေးရန်လမ်းညွှန်
တကယ်တော့ ၀တ္ထုတိုရေးသားနည်းဆိုတာပုံသေကားကျ မရှိပါဘူး သင်ကြားပေးလို့ အလွယ်တကူရနိုင်တဲ့ ပညာမျိုးမဟုတိပါဘူး
ဝါသနာကလည်းထက်သန်မှ ဇွဲလည်းရှိပါမှ ၀တ္ထုတိုကောင်းတစ်ပုဒ်ကို အောင်အောင်မြင်မြင် ဖန်တီးနိုင်မှာဖြစ်ပါတယ်လို...
ဆရာကြီးများကယူဆထားပါတယ်။
စာရေးနည်းသင်တန်းဆိုတာ ဂဏန်းသင်္ချာတွက်သလို နှစ်နဲ့ နှစ်ပေါင်းလေးရတယ်လို တိတိကျကျသင်ကြားပို့ ချပေးလို့ မရပေမယ့်
ဘယ်စာကို ဘယ်လိုတွေးလို့  ဘယ်စာကိုဘယ်လို ရေးဖွဲ့ ပြီး ဘယ်လိုအသိတရားမျိုးပေးနိုင်မယ်ဆိုတာမျိုးကိုတော့...
လမ်းညွှန်လို့ ပေးနိုင်ပါတယ် အသိတရားကြွယ်ဝလာအောင်အတွေးအခေါ်မြင်မားလာအောင် ရေးဖွဲ့ နိုင်ရင်ဖက်ရတဲ့ လူအတွက်လည်း
အကျိုးရှိမယ် ရေးသားတဲ့ လူရဲ့ရင်ထဲက စေတနာပေးချင်တဲ့ အသိတရားတွေကလည်း ပျံ့ နှံ့ သွားပြီးလောကကောင်းကျိုးကိုလည်း
ဆောင်နိုင်ပါတယ်။
ဒီနေရာမှာဝတ္ထုစမရေးခင်ကတည်းက ၀တ္ထုတွေကို စွဲစွဲမြဲမြဲမက်မက်မောမောဖက်ရှုခဲ့ တဲ့ အလေ့ အကျင့် ရှိပါတယ်
အဲဒီအလေ့ အကျင့် ကပဲစာရေးချင်အောင် လှုံ့ ဆော်ခဲ့ တာလို့ ထင်ပါတယ်။ ဇာက်ကြီးဆယ်ဘွဲ့ နဲ့ ငါးရာ့ ငါးဆယ်နိပါတ်တော်တွေကို
များများဖက်သင့်ပါတယ် အမှားနဲ့ အမှန် အပြစ်နဲ့ အကျိုး ပရနဲ့ အတ္တ စတာတွေကိုခပ်ရေးရေးခွဲခြားသိထားသင့်တယ်။
လူ့ ဘဝအတွေ့ အကြုံဆိုတာစာရေးသူတစ်ယောက်အတွက်ကုန်ကြမ်းတွေပါဘဲ။ အဲဒီလူ့ ဘဝအတွေ့ အကြုံဆိုတဲ့ အထဲမှာပတ်ဝန်း
ကျင်လောကကလဲပါဝင်ပါတယ်။အားလုံးသိကြပြီးသား ပုံပြင်လေးတစ်ပုဒ်ကိုဥပမာတင်ပြချင်ပါတယ်။လေပြင်းမုန်တိုင်းတိုက်လို့ 
တစ်နေရာစီရောက်ရှိသွားကြတဲ့ ကျေးညီနောင်ပုံပြင်ပါရသေ့ ရဟန်းသူတော်စင်တွေသီတင်းသုံးတဲ့ ကျောင်းသင်္ခမ်းကိုရောက်သွားတဲ့ 
ကျေးသားလေးဟာ ယဉ်ကျေးသိမ်မွေ့ တဲ့ ကျေးသားကလေးဖြစ်သွားတယ် သူခိုးဓားပြတွေဆီရောက်သွားတဲ့  ကျေးသားကလေးကတော့ မိုက်ရိုင်းကြမ်းတမ်းတဲ့ စကားတွေကိုသာဆိုတက်တဲ့ ကျေးသားကလေး
ဖြစ်သွားတယ် ကျွန်တော်ပြောချင်တဲ့အကြောင်းကပတ်ဝန်းကျင်ကလူကိုပြောင်းလဲစေတယ်ဆိုတာပါပဲ.
တနည်းအားဖြင့်ပြောရမယ်ဆိုရင် ပတ်ဝန်းကျင်ဟာ စာရေးမဲ့ သူရဲ့စိတ်ခံစားမှုကိုပြောင်းလဲစေပါတယ်။
ဆိုပါစို့  အနိဋ္ဌာရုံကိုတွေသာတွေမြင်ရတဲ့စာရေးသူတယောက်ဟာ ဒါမှမဟုတ်အနိဌာရုံတွေပြည့်နေတဲပတ်ဝန်းကျင်မှာ ကျင်လည်နေရတဲ့
သူဟာ အဲဒါတွေကိုပဲ စာရေးဖြစ်တောမှာသေချာပါတယ် အကယ်ရှ်ျစာရေးသူတစ်ယောက်ဟာက္ကုဋ္ဌာရုံတွေဝန်းရံနေတဲ့ပတ်ဝန်းကျင်မှာ..
ကျင်လည်နေရတဲ့သူဆိုရင် သူရေးဖွဲ့ တဲ့စာတွေဟာ ချမ်းမြေ့ တဲ့ပြည့်စုံတဲမေတ္တာတရားတွေနဲ့ပြည့်စုံနေတဲ့ က္ကုဋ္ဌာရုံအဖွဲ့ တွေဆီ..
ဦးတည်ထားတဲ့ဖြစ်လာပါလိမ့်မယ် ကျွန်တော်စဥိးစားမိတာတစ်ခုက လောကမှာနေနေကြတဲ့သူတွေဟာ အမြဲတမ်းပဲ အနိဋ္ဌာရုံတွေနဲ့သာ
ကြုံနေရတဲ့လူတွေလား မဟုတ်ပါဘူး အဲသလိုပဲအမြဲတမ်း က္ကုဌာရုံတွေနဲသာ ဆုံနေရတဲ့လူတွေလား ဒါလည်းမဟုတ်ပါဘူး
အဲသလိုသာဆိုရင် လောကဓံတရားရှစ်ပါးဆိုတာဘယ်မှာရှိနိုင်ပါတော့မလည်း တကယ်တော့လောကကြီးမှာ ချမ်းသာတာ ဆင်းရဲတာ
ချစ်တာ မုန်းတာ ယဉ်ကျေးတာ ရိုင်းစိုင်းတာစတဲ့ ၀ိရောဓိတွေရှိနေစမြဲပါ..အဲသလိုဆန့်ကျင်ဘက်အရာတွေပေါင်းစပ်ထားတဲ့လောကကြီးမှာ စာရေးတဲ့သူဟာနှစ်ဖက်ကိုမျှပြီး ...
တည့်မတ်တဲ့အမြင်နဲ့ကြည်တတ်ရပါမယ် မြင်တတ်ရပါမယ် စာရေးချင်တဲ့သူဟာ အကောင်းအဆိုး အကြောင်းအကျိုးတွေကို...
ခံစားပြီး ရေးဖွဲ့ တတ်သူဖြစ်ရပါမယ် လောကမှာကျင်လည်ဖြတ်သန်းလျှောက်လှမ်းကြုံတွေလာရတဲ့ အတွေအကြုံလေးတွေက.
ရင်ကိုထိသွားတယ်အခါ စားရေးချင်တဲ့အာရုံနိုးကြားသွားပါတယ်အဲလိုထိခိုက်တဲ့ရိုက်ခက်မှုကို ခံစားလိုက်ရတဲ့ခံစားချက် ..
တရားသဘောနဲပြောရရင်ဝေဒနာပေါ့ ဝေဒနာဆိုတဲ့အထဲမှာ ပျော်တာ ၀မ်းနည်းတာ စိတ်အားတတ်တာ စိတ်ဓာတိကျတာ
မနာလိုတာ မုဒိတာပွားတာစတဲ့ ခံစားမှုအမျိုးမျိုးအထွေထွေပါ ပါတယ် ပျေိာ်ရွှင်နေတဲ့သူတွေ့ ရင် သူတိုရဲ့ ပျော်ရွှင်မှုဟာ
ကိုယ့်ရင်ထဲကိုကူးစက်လာပြီး ခံစားလိုက်ရတယ် ပြီးတော့ဘာကြောင့် ပျေိာသလဲ အကြောင်းရင်းကိုကြည့်တယ်
ကြည့်တောမြင်တယ် အဲဒီတော့ဟာ ဒီအကြောင်းလေးဟာ သိပ်ကိုကောင်းတဲ့အကြောင်းလေးပါလားလိုခံစားလိုက်ရတဲ့ အခါ...
မျှဝေပေးချင်တဲ့ ဆန္ဒနဲ့ကျွန်တော်ဝတ္ထုရေးခဲပါတယ် အဲသလိုပါပဲ စိတ်ထိခိုက်စရာအကြောင်းနဲ့ ကြုံခဲ့ရင်လည်း စာနာထောက်ထား..
ပေးစေချင်တဲ ဆန္ဒနဲ့ တမင်ဖန်တီးမယူပဲရတဲ့ ၀တ္ထုမျိုးရေးဖြစ်ပါတယ်။
မှတ်သားထားရဖူးတဲ့ စကားတစ်ခုကိုပြန်လှည်မျှဝေပေးချင်ပါတယ် အဲဒီစကားကတော့ဒီလိုပါ..
ရသစာပေကို ရေးတဲ့အခါ ပထမဆုံးအတွေကို အခြေခံပါမယ် နောက်အတွေးနယ်ပယ်ကိုေ၇ာက်ပါမယ်
အဲဒီအတွေးကမှတစ်ဆင့် အရေးအဖွဲ့ ဆိုတာပေါ်လာမယ် ရေးဖွဲ့ လိုက်တဲ့အခါ ခံစားမှုရသကို ပေးစွမ်းနိုင်တဲ့စာဖြစ်သွားပါမယ်
အဲဒီကနေတစ်ဆင့် မြင့် တတ်သွားတာကတော့စေတနာအားပါတဲ့ စာပဲဖြစိပါတယ် စေတနာအားပါတယ်စာဆိုတာ..
ရည်ရွယ်ချက်ကောင်းတဲ့ စာဖြစ်ပါတယ် အဲဒီစေတနာဟာ ဒါမှမဟုတ်ရည်ရွယ်ချက်ကောင်းဆိုတာကစာရေးသူစာဖက်သူကို..
အဓိကပေးရမဲ့သဘောဖြစ်ပါတယ်။
စာရေးနည်းလမ်းညွန်စာအုပ်ထဲမှ ကောက်နုတ်တင်ပြပေးခြင်းဖြစ်ပါတယ်
သိစေချင်ရုံသက်သက်ပါ တကယ်စာဝါသနာပါတဲ့သူတွေကို ဒီလိုမျိုးလေးတွေကို သိသင့်တယ်လိုထင်လို..
ကျနော်တင်ရခြင်းဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်.........
နတ်ဆိုးလေး
No comments:
Post a Comment