၁။ ဗုဒ္ဓက ဒါနပြုလျှင် လောကကောင်းစားရေးကို ကြည့်ပြီး လိုအပ်သောနေရာတွင် လှူခိုင်း၏ ။ ဗုဒ္ဓဘာသာဝင် အများစုက ငါကောင်းစားရေးကို ရှေ့ တန်းတင်ပြီး မလိုအပ်သော နေရာတွင် ပုံ၍ လှူတက်ကြ၏ ။
၂။ ဗုဒ္ဓက စီးပွားရှာလျှင် သမ္ပဒါတရားပါးနှင့် ပြည့်စုံရမည် ဟုညွှန်ပြ၏ ။ ဗုဒ္ဓဘာသာဝင် အများစုကား တစ်ပါးမျှ မပြည့်စုံကြ ။
၃။ ဗုဒ္ဓက ဘာသာရေးအပေါ်မှာထားသော မေတ္တာစေတနာမျိုး စီးပွားရေးအပေါ်မှာ ထားခိုင်း၏ ။ ဗုဒ္ဓဘာသာဝင် အများစုက မလိုက်နာကြ ။
၎။ ဗုဒ္ဓက ကြီးပွားတိုးတက်ရန် မိမိကိုယ်ကို မပျက်စီးအောင် ထိန်းသိမ်းသော '' အတ္တမသာပဏီဓိ'' မင်္ဂလာနှင့်ပြည့်စုံရန် ညွှန်ပြခဲ့၏ ။ အများစုကမလိုက်နာကြ ။
၅။ ဗုဒ္ဓဟောကြားသော ရောင့်ရဲခြင်း အစစ်ကို မကျင့်သုံးကြပဲ အကုသိုလ်တွင် ပါဝင်သော "ကောသဇ္ဇ" ခေါ် ပျင်းရိခြင်းကို ရောင့်ရဲခြင်းဟု မှားယွင်း ကျင့်သုံးနေမိကြ၏ ။
၆။ ဗုဒ္ဓက ကြီးပွားတိုးတက်လိုသူများသည် အချိန်မှန်သမျှထဲမှ ကုသိုလ် ၊ ပညာ ၊ ဥစ္စာ တစ်မျိုးမျိုးကို အမြဲရအောင် ယူရမည် ဟုညွှန် ပြ၏ ။
၇။ နိုင်ငံတကာ မဟုသုတမရှိခြင်း ။
၈။ စာပေ ဗဟုသုတ မရှိခြင်း ။
၉။ ကိုယ်ထက်သာလျှင် မနာလိုခြင်း ။
၁၀။ ခေါင်းဆောင်စိတ်နည်းပါးခြင်း ။
၁၁။ မိမိကိုယ် မိမိ အားကိုးလိုစိတ်မရှိခြင်းများသည် ဗုဒ္ဓဘာသာဝင် မြန်မာ အများစု မကြီးပွားခြင်း၏ အကြောင်းများပင်ဖြစ်၏ ။
ဒါနနှင့်ပတ်သက်တဲ့ ဒဿနလေးတစ်ခုရှိတယ် ။ အဲ့ဒါက ....“မျှော်လင့်ချက်ဖြင့် ပေးကမ်းလျှင် အမြတ်ရဖို့ အရောင်အ၀ယ် လုပ်ခြင်းတစ်မျိုးဖြစ်၏။ မျှော်လင့်ချက်မပါဘဲ ပေးကမ်းလျှင် ကိလေသာကုန်ရာ နိဗ္ဗာန်ရဖို့ ဒါနပါရမီ ဖြည့်ဆည်းခြင်းဖြစ်၏ ”
စာရေးသူ - မြတ်ကို
No comments:
Post a Comment