စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဖွံ့ဖြိုးဆဲနိုင်ငံများက လူငယ်တွေဟာ ချမ်းသာကြွယ်ဝ တဲ့နိုင်ငံက လူငယ်တွေထက် ပိုဝလာ

                       

Overseas Development Institute (ODI) ရဲ့သုတေသနဌာနက အစီရင်ခံစာအရ ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများက လူငယ်တွေဟာ ချမ်းသာကြွယ်ဝတဲ့နိုင်ငံက လူငယ်တွေထက် ပိုပြီး အ၀လွန် လာကြောင်း ဖော်ပြထားပါတယ်။၎င်းတို့ရဲ့ စစ်တမ်းအရ ၁၉၈၀နဲ့ ၂၀၀၈ ခုနှစ်ကြားမှာ ဖွံ့ဖြိုးဆဲနိုင်ငံများက လူငယ်လူရွယ် တစ်ဘီလီယံခန့် ဟာ ချမ်းသာကြွယ်တဲ့နိုင်ငံများထက် ပိုပြီး အ၀လွန်ခဲ့တယ်လို့ဆိုပါတယ်။
လန်ဒန်အခြေစိုက် Overseas Development Institute (ODI) သုတေသနဌာနရဲ့ ထုတ်ပြန်ချက်မှာ ယနေ့ကမ္ဘာပေါ်မှာ အ၀လွန်နေတဲ့ လူငယ်လူရွယ်ပေါင်း ၁.၄၆ ဘီလီယံရှိနေပြီလို့ ဆိုပါတယ်။

ယနေ့ ကမ္ဘာပေါ်မှာ အ၀လွန်ခြင်းကြောင့် ဖြစ်တဲ့ ရောဂါတွေဟာ ကင်ဆာ၊ သွေးတိုး၊ လေဖြတ်ခြင်းနဲ့ နှလုံးရောဂါတွေဖြစ်ပြီး ဒီရောဂါတွေဟာ ကမ္ဘာ့လူသားတွေကို အဓိကခြိမ်းခြောက်နေတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ဖြစ်လာနေတယ်လို့လည်း ဆိုပါတယ်။

ယင်းတို့အစီရင်ခံစာထဲမှာ အဆိုပါ လူငယ်လူရွယ်များ အ၀လွန်မှုဟာ တရုတ်၊ မက္ကစီကိုနဲ့ တောင်အာဖရိကတို့မှာ ၁၉၈၀ ပြည့်နှစ်ထက် စာရင် နှစ်ဆတိုး လာနေပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ နေထိုင်စားသောက်မှုပုံစံ အသားစားသောက်မှု၊ သကြားနဲ့ အဆီအလွန်အကျွံစားသုံးမှုတွေကြောင့် အ၀လွန်လာတာဖြစ်လို့ အဆိုပါ စားသောက်နေထိုင်မှုပုံစံကို ပြုပြင်ဖို့လိုအပ်နေပါတယ်။ ဒီလိုစားသောက်နေထိုင်မှုပုံစံဖြစ်ပေါ်နေရတာလည်း ၀င်ငွေရရှိမှုနဲ့ တိုက်ရိုက် သက်ဆိုင်ပတ်သက်နေတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ အစိုးရအနေနဲ့ရော လူမှုပတ်ဝန်းကျင် အသိုက်အ၀န်းမှာပါ အဆီစားသုံးမှု လျော့ချခြင်း နဲ့ နေထိုင်စားသောက်မှုပုံစံ ကို ဂရုစိုက်ပြီး စီစဉ်ဆောင်ရွက်ရေးဟာ အဓိက အခန်းကဏ္ဍ ကို ရောက်ရှိနေကြောင်းနဲ့ ဆေးလိပ်သောက်ခြင်းကို လျော့ချနိုင်ဖို့ အထူးလိုအပ်ကြောင်း သုံးသပ်တင်ပြထားပါတယ်။


https://www.facebook.com/photo.php?fbid=522136847884151&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...