စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခြေထောက်မှ အရေပြားနှင့် အရိုးဖြင့် နှာခေါင်းသစ် တစ်ခု သြစတြေးလျ ဆရာဝန်များ ဖန်တီးနိုင်ခဲ့

ကင်ဆာ ရောဂါကြောင့် နှာခေါင်းဖြတ်ထုတ် ခဲ့ရသူ အမျိုးသား အတွက် ခြေထောက်မှ အရေပြားနှင့် အရိုးဖြင့် နှာခေါင်းသစ် တစ်ခု သြစတြေးလျ ဆရာဝန်များ ဖန်တီးနိုင်ခဲ့



သြစတြေးလျ နိုင်ငံ နယူးကာဆယ် မြို့ရှိ ဗစ်တိုးရီးယား တော်ဝင် ဆေးရုံမှ အထူးကု ဆရာဝန် များသည် ကင်ဆာ ရောဂါကြောင့် နှာခေါင်းဖြတ်ထုတ် ခံခဲ့ရသည့် အမျိုးသား တစ်ဦးအား အစားထိုး ခွဲစိတ်မှုများ နှစ်နှစ်ကြာခန့် ပြုလုပ် ပေးခဲ့ပြီး နောက်တွင် အဆိုပါ အမျိုးသား အတွက် နှာခေါင်းသစ် တစ်ခုကို ဖန်တီးပေးနိုင် ခဲ့သည်ဟု သိရသည်။

အသက် ၅၆ နှစ်အရွယ်ရှိ အာလန်ဒါ ဂလက်စ်သည် ၂ဝဝ၇ ခုနှစ် တစ်နှစ်တာ ကာလပတ်လုံး နှာခေါင်း သွေးယိုခြင်းကို ကြုံတွေ့ခံစား ခဲ့ရပြီး တစ်နေ့လျှင် အကြိမ် ၂ဝ ခန့်အထိ နှာခေါင်း သွေးယိုမှု ဖြစ်ပွား ခဲ့သည်ဟု သိရသည်။ နှာခေါင်း သွေးယိုမှု ဖြစ်ပွား ခဲ့သော်လည်း ဒါဂလက်စ်သည် နာကျင်မှု မခံစား ခဲ့ရခြင်းကြောင့် ဆေးရုံသို့ သွားရောက် စစ်ဆေးမှု မပြုခဲ့ဟု သိရသည်။

သို့ရာတွင် ၂ဝဝ၈ ခုနှစ် သြဂုတ်လ အရောက်တွင် ဒါဂလက်စ်၏ နှာခေါင်းသည် သာမန်အရွယ် အစားထက် သုံးဆခန့် ပိုမို ကြီးထွားခဲ့ပြီး ၎င်း၏ မျက်စိမှာလည်း ပိုမိုရောင်လာ ခဲ့ရာမှ ဆေးရုံသို့ သွားရောက်ပြသ ခဲ့ရာတွင် ၎င်း၏ နှာခေါင်း၌ ကင်ဆာ ဖြစ်နေသည်ကို စစ်ဆေး တွေ့ရှိ ခဲ့ခြင်းကြောင့် ကင်ဆာပိုး မပြန့်ပွား စေရန် ၎င်း၏ နှာခေါင်းကို ဆရာဝန် များက ဖြတ်ထုတ် ခဲ့ရခြင်း ဖြစ်သည်။ အထူးကု ဆရာဝန် များသည် ဒါဂလက်စ် အတွက် နှာခေါင်းသစ် တစ်ခုဖန်တီး ပေးနိုင်ရန် ၎င်း၏ ခြေထောက်မှ အရေပြားနှင့် အရိုး အချို့ကို ခွဲထုတ်ယူ၍ ကိုင်းဆက် ကူးနည်းဖြင့် နှာခေါင်းသစ် တစ်ခုကို ပြန်လည်ဖန်တီး ပေးခဲ့ရကြောင်း၊ ဒါဂလက်စ် အတွက် နှာခေါင်းသစ် ရရှိရန် နှစ်နှစ်ကြာခန့် အချိန် ယူခဲ့ရကြောင်း အထူးကု ဆရာဝန် တစ်ဦးဖြစ်သူ အိုမာအာမက်က ပြောကြားသည်။


https://www.facebook.com/photo.php?fbid=527320857365750&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...