စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကိုယ်သာလျှင် ကိုယ်ရဲ့အဖော်စစ်



                   

ကိုယ်သာလျှင် ကိုယ်ရဲ့အဖော်စစ်ပါ။ မိမိဘဝကို မိမိသာလျှင် ထိန်းကျောင်းသွားရမှာ ဖြစ်ပြီး မိမိမကောင်းလျှင် မိမိသာလျှင် မကောင်းတဲ့ အကျိုးကို ခံစားရမှာပါ။ သူငယ်ချင်း၊ မိတ်ဆွေ၊ ဆွေမျိုးသားချင်း၏ အဖော်ပြုပေးခြင်းသည် ခဏာတာဖြစ်ပြီး ကိုယ်လဲကျရင် ကိုယ့်ဘာသာပဲ ထူထရမှာ ဖြစ်ပါတယ်။

ဘဝမှာ တစ်စုံတစ်ယောက်ကြောင့် ဘဝပျက်သွားရခြင်းသည် ရူးမိုက်ခြင်းဖြစ်ပြီး သူမရှိရင် မနေတတ်ပါဘူးဟု ဆိုခြင်းသည်လဲ စိတ်ကိုအလိုလိုက်ခြင်းသာ ဖြစ်ပါတယ်။ လောက၌ဖြစ်ပျက်သမျှသည် သူ့သဘောသူဆောင်ခြင်းသာဖြစ်ပြီး အချိန်တန်လျှင် အရာအားလုံးကို ထားခဲ့ ခွဲခွာရမည်ကို သတိပိုက်ဖို့ အင်မတန်လိုပါတယ်။

လူဖြစ်လာရတဲ့ တန်ဖိုးကြီးမားပုံကို သိရမှာဖြစ်ပြီး တန်ဖိုးထားတတ်ဖို့ကိုလဲ ကြိုးစားရမှာ ဖြစ်ပါတယ်။ တိရိစ္ဆာန်လေးတွေရဲ့ အချုပ်နှောင်ထဲနေရပုံ၊ အသိဥာဏ်မရှိပုံ၊ သနားစရာကာင်းပုံတွေကို ကြည့်၍ မိမိ၏ လူဖြစ်ရခြင်း တန်ဖိုးတွေကို တွေးတတ်ရမှာဖြစ်ပြီး တန်ဖိုးထားကာ တန်ဖိုးရှိအောင် နေတတ်ရမှာ ဖြစ်ပါတယ်။

လူရယ်လို့ မွေးဖွားလာထဲက လောကီကျေးဇူး၊ လောကုတ္တရာ ကျေးဇူး ဆပ်ဖို့ တာဝန်နှစ်ရပ် ရှိသည်ကို မမေ့ဖို့လိုပါတယ်။ လောကီတာဝန်သည် မိဘကျေးဇူးဆပ်ရမှာဖြစ်ပြီး လောကုတ္တရာတာဝန်သည် မြတ်ဗုဒ္ဓ၏ ကျေးဇူးကို ဆပ်ရမှာ ဖြစ်ပါသည်။ မိဘကျေးဇူးဆပ်ဖို့ရာ ကိုယ်နိုင်ရာလုပ်ကျွေးပြုစုရမှာဖြစ်ပြီး၊လောကုတ္တရာတာဝန်ဟာ သာသနာ့ဝန်ကို နိုင်ရာဝင်ထမ်းပေးရမှာ ဖြစ်ပါတယ်။

အဆုံးအနေနဲ့ သာသနာနဲ့ကြုံခိုက်၊ လူဖြစ်၍ တိဟိတ်ပုဂ္ဂိုလ်ဖြစ်ခိုက် အချိန်ကို အကျိုးရှိရှိ အသုံးချကာ နိဗ္ဗာန်အတွက် အကောင်းဆုံး ပါရမီဖြည့်သွားသင့်ပါတယ်။

ဗုဒ္ဓဘာသာစောင့်ရှောက်သူများအသင်း
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...