Tuesday, July 23, 2013
ပူပင်သောကဆိုတာ လူတိုင်းမှာရှိ တတ်ပါတယ်။ ပူပင်သောက အနည်း အများပေါ်မူတည်ပြီး လူအများစုဟာ စိတ်ညစ်တာ၊ ပင်ပန်းတာ၊ စိတ်ဓာတ်ကျ တာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုစိတ် ပိုင်းဆိုင်ရာ ထိခိုက်မှုအထိ မဖြစ်စေဖို့ ပူပင်သောကတို့ ခံစားရတိုင်း ဖြေရှင်းပေးနိုင်မယ့် နည်းတွေကို ရေးသားလိုက် ရပါတယ်။
(၁) ကြိုတင်ပြင်ဆင်ပါ
အရာရာကို ကြိုတင်ပြင်ဆင်မှု ကောင်းကောင်း လုပ်ထားလေလေ၊ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုပိုရှိလေလေ ဖြစ်ပြီး ခံစားရတဲ့ ပူပင်သောကတွေ နည်းလေ လေ ဖြစ်နေပါလိမ့်မယ်။ ဥပမာ ပြောရရင် စာမေးပွဲမဖြေခင် ကောင်း ကောင်း လေ့လာထား သလိုမျိုးပေါ့။ စာမေးပွဲလို ရင်ဆိုင် ရတော့မယ့်အရာ တစ်ခုခု မကြုံတွေ့ခင်မှာ အိပ်ရေး၀၀ အိပ်စက်အနားယူပါ။ ဒါဆိုရင် ဥာဏ်ရည် ထက်မြက် နေမှာဖြစ်သလို အရာရာ ကို အကောင်းဆုံး ဖြေရှင်းနိုင်မယ်ဆိုတဲ့ သဘောထားလည်း ရှိနေပါလိမ့်မယ်။
(၂) ပူပင်သောကများကို ချရေးပါ
မိမိခံစားနေရတဲ့ ပူပင်သောက ဖြစ်စရာအကြောင်းအချက်တွေကို
(၃) အသက်ပြင်းပြင်းရှူပါ
အံ့အားသင့်စရာ ကောင်းတဲ့အချက် က တစ်ခုခုကို ရင်ဆိုင် ဖြေရှင်းရတော့ မယ့် အခြေအနေမှာ စိတ်ဖိစီးမှုရှိတာက အဆိုးကြီးတော့ မဟုတ်ပါဘူး။ စိတ်ဖိ စီးမှုရှိတာက သင်္ချာ ဖြေဆိုရတဲ့အခါ ကျောင်းသား၊ ကျောင်းသူတွေက ပိုပြီး ယုံကြည်မှုရှိရှိ ဖြေဆိုနိုင်တာကို တွေ့ရ တယ်လို့ စိတ်ခံစားမှုဂျာနယ်တစ်ခုမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ရင်ဆိုင် ဖြေရှင်းရမယ့်အရာတစ်ခုခုကို
(၄) စိတ်ခံစားချက်ကို ဆန်းစစ်ပါ
ရင်ဆိုင် ဖြေရှင်းရတော့မယ့် အရာ တစ်ခုအတွက် အဆိုးဆုံး အခြေအနေ ကိုလည်း ကြိုတင်တွေးတောပြီး အဲဒီအခြေအနေမှာ ကိုယ့်စိတ် ခံစားချက်က ဘယ်လို ရှိမလဲဆိုတာ ပြင်ဆင်ထားပါ။ အဲဒီ အခြေအနေကို ရင်ဆိုင်နိုင်ဖို့ စိတ်ကို ပြင်ဆင်ထား နိုင်တယ်ဆိုရင် ဘယ်လို စမ်းသပ်မှုမျိုးကို မဆို ဖြေရှင်းရဖို့ နောက်တွန့် နေတော့မှာ မဟုတ်ပါဘူး။ အကောင်းတွေကို မျှော်လင့်ထားပြီး အဆိုးဆုံးအတွက် ကြံ့ကြံ့ခံနိုင်အောင် စိတ်ကို ပြင်ဆင်ထားတာက ပူပင် သောကတွေ လျော့ပါးစေနိုင်တဲ့ အကောင်းဆုံးနည်း တစ်နည်း ဖြစ်ပါတယ်။
Pyimyanmar Journal
https://www.facebook.com/photo.php?fbid=446832695414567&set=a.351047714993066
No comments:
Post a Comment