ဘုရားအလောင်းတော် သုမေဓာရသေ့ကလေး ဘ၀တုန်းက ဒီပင်္ကရာ မြတ်စွာ ဘုရားထံမှောက် တံတားခင်းပြီး ဗျာဒိတ်ပန်တဲ့အခါ ဘဒ္ဒကမ္ဘာမှာ ဂေါတမ အမည်နှင့် သဗ္ဗညုဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မယ် လို့ ဗျာဒိတ်ပေးတော် မူခဲ့ပါတယ်။
အဲသလို ဗျာဒိတ်ပေးတာကို သူ့ ရဲ့ သူငယ်ချင်း သုမေဃကကြားတော့ ၀မ်းသာ သွားတယ်။ သူတစ်ဖက်သား ကြီးပွားမှာကို ၀မ်းသာနိုင်ဖို့  လွယ်ပါ့မလား။ သုမေဃမှာ ၀မ်းသာတဲ့ မုဒိတာစိတ် ဖြစ်သွားတယ်။ သူ့ မှာဖြစ်တဲ့ ကုသိုလ် စိတ်က ကြီးကြီးမားမား မဟုတ်ပါဘူး။ ဒီလောက်ကလေးပါပဲ။ဒီစိတ်ကလေး
သူငယ်ချင်း သုမေဃဟာ အဲဒီဘ၀မှာ လူမိုက်တွေနဲ့ ပေါင်းမိလို့  အမေကို သတ်တဲ့ အကုသိုလ် ကံကြောင့် အပါယ်ငရဲ ကျရတယ်။ လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း လုံးလုံး အပါယ်ငရဲ ဘ၀တွေမှာ ကျရတယ်။ ငရဲက လွတ်တော့လည်း ဒီဘုရား လက်ထက် ကျတော့ ပင်လယ်ထဲမှာ လူတွေကို ဒုက္ခပေးတဲ့ ပိင်္ဂလ ငါးကြီး ဖြစ်နေရှာတယ်။
ပိင်္ဂလငါးကြီးဟာ ပင်လယ်ထဲ ဖြတ်သွားတဲ့ သင်္ဘောတွေနောက် လိုက်လိုက်ပြီး အကုန် သတ်သတ် စားနေကျ။ တစ်နေ့တော့ သင်္ဘော တစ်စီးပေါ်က လူတွေက ပိင်္ဂလငါးကြီး လိုက်ဟပ်နေတာ မြင်ရတော့ ဂေါတမဘုရားရှင် ကယ်တော်မူပါလို့ အလန့်တကြား အော်ကြသတဲ့။
ဂေါတမ ဘုရားဆိုတဲ့ အော်သံလည်း ကြားရော၊ ငါးကြီးဆက်မလိုက် တော့ဘဲနဲ့  "သြော် ငါ့သူငယ်ချင်း သုမေဓာတောင် ဘုရားအဖြစ်သို့ ရောက်နေပါ ပကောလား " သတိရသွားတယ်။ နောက် ပိင်္ဂလငါးကြီးဟာ အဲဒီဘ၀က လွတ်မြောက်ပြီး လူ့ ဘ၀ရ၊ ဘုရားနဲ့ တွေ့ ပြီး ကျွတ်တမ်း ၀င်သွားတယ်။
ကြည့်လေ.. ဟို ဒီပင်္ကရာဘုရား လက်ထက်က ၀မ်းမြောက်ဖူးခဲ့တဲ့ မုဒိတာ စိတ်ကလေး ပျောက်ပျက် ဆွေးမြေ့မသွားဘူး။ ဒီဘုရား လက်ထက်အထိ အနန္တရသတ္တိနှင့် နိဗ္ဗာန်အထိ ပို့ပေးလိုက်တာ။
(မြေဇင်း ဆရာတော်ဘုရားကြီး)
--------------------------
မေတ္တာဖြင့် စုစည်းဝေမျှသူ - အနှိုင်းမဲ့စာတိုပေစများ
ဒီနေရာမှ ကူးယူမျှဝေပါသည်။
No comments:
Post a Comment