မနေ့က ကျွန်တော့် မွေးနေ့..... မွေးနေ့ပွဲကို ခမ်းနားကြီးကျယ်စွာ ကျင်းပဖြစ်ခဲ့ပါသည်....... ကျွန်တော့်ဘ၀၏ အကြီး
ကျယ်ဆုံးနှင့် အခမ်းနားဆုံ......။
ဒီမွေးနေ့မှာ.... မွေးနေ့ကိတ်.... မွေးနေ့ဝိုင်နှင့် ဂုဏ်ပြု ရှန်ပိန်များ၊ မွေးနေ့လက်ဆောင်များ မပါဝင်ခဲ့ပါ..... ။ သံဃာ
တော်များကို ဆွမ်းကပ်၍ လှူဘွယ် ၀တ္ထု အစုစုတို့ကိုလဲ လှူဒါန်းခြင်းလဲ မလုပ်နိုင်ခဲ့ပါ...။ ယုတ်စွအဆုံး ဘုရားသို့ပင် မရောက်ဖြစ်ခဲ့ပါ။
သို့သော် ကျွန်တော် ခံယူထား ခဲ့သည့်အတိုင်း... `` အသက်(၁၂၀)ရှည်စေရန်လည်း....´´ ဆုမတောင်း ဖြစ်ခဲ့ပါ..။
`` အောင်မြင်ပျော်ရွှင်သော ဘ၀ကို ချစ်သူနှင့်အတူ လျှောက်လှမ်းရပါလို၏ ´´ လို့လည်း ဆုမတောင်းဖြစ်ခဲ့ပါ....။
မနေ့က တစ်မနက်လုံး ကျွန်တော် မေမေနှင့် ဖေဖေ့ကို သတိရမိပါသည်။...... ထူးထူးခြားခြား အရမ်းပင် လွမ်းမိခဲ့ပါ
သည်......။
ဖေဖေနှင့် မေမေသည် ကျွန်တော့်အား ကောင်းမွန်စွာ..... မွေးဖွားပေးခဲ့ခြင်းနှင့် ကောင်းမွန်စွာ ရှင်သန် ကြီးပြင်း
ခွင့်ကို ပေးအပ်ခဲ့ခြင်းတို့ အတွက် ......... အနန္တဟူသော.... စကားလုံးဖြင့် အောက်မေ့သတိရခြင်း၊ ကျေးဇူးတင် ၀မ်းမြောက်ခြင်းနှင့်
လွမ်းဆွတ်တမ်းတရခြင်းများကို ကျွန်တော်ခံစားခဲ့ရပါသည်။
ကျွန်တော် တွေးနေမိပါသည်... ကျွန်တော်တို့ကို မွေးဖွားနိုင်စေရန် မိခင်များ ကိုယ်ဝန်ဆောင်ခဲ့ရသည်. (၁၀)လခန့်၊
အကြမ်းဖျင်း ရက်ပေါင်း (၃၀၀) ခန့်.... တစ်ရက်လျှင်(၂၄)နာရီ... စုစုပေါင်း နာရီများ၊ မိနစ်များ၊ စက္ကန့်များဖြင့် တင်စားလျှင်..။ ထိုစက္ကန့်
လေးများကို စိန်စီထားခဲ့လျှင်.....။ ထို... စိန်လေးများထက် နှိုင်းဆ မရအောင် သာလွန်ခဲ့သော... မိဘမေတ္တာများကို တွက်ချက်နိုင်ရန်
မဖြစ်နိုင်ခြင်းများ အပေါ်.. ``အနန္တ´´ ဟူသောစကားလုံးကိုသာ.... ငှားရမ်းသုံးစွဲရပါသည်...... ။ အမှန်တကယ်တွင် ထိုအနန္တထက်......
များစွာ သာလွန်နေမည်ဟု.........။
ကိုယ်ဝန်ဆောင် မိခင်သည် တစ်နေ့လျှင် (၃)ကြိမ်ခန့်.... သုဿန်သို့ မျက်စောင်းထိုးခဲ့ကြောင်....၊ ကိုယ်ဝန်ဆောင်
မိခင်ကို လူမင်း၊ နတ်မင်းများ မပိုင်ဆိုင်ဘဲ..... သေမင်းကသာပိုင်ဆိုင်ကြောင်း..... ဆိုခဲ့ကြသည်.......။ ထိုသို့ မွေးဖွားလာခြင်း မရှိသေး
သော ရင်သွေးငယ်ကို အသက်နှင့်လဲ၍စောင့်ရှောက်ခဲ့ရသည် ဟု....အပေါ်ယံ မှန်းဆကြည့်နိုင်ပါသည်....... ။
ကိုယ်ဝန်ဆောင်စဉ် ``ကာလလ´´ ရေကြည် သန္ဓေတည်စ ဘ၀တွင် မိခင်၏ သတင်းပေးချက်အရ ဖခင်သည် ၀မ်း
မြောက်စွာ.... လက်သီး လက်မောင်း တန်းခဲ့မည်.. ထို့နောက် မိခင်ကို ယုယရမည်၊ မိခင်နှင့် ရင်သွေးလေးကို မှန်းဆ၍ ကျေနပ်နေမည်
... ရှိရင်းစွဲထက် အားထည့်၍ အလုပ် လုပ်ရမည်...... စိတ်ကူးလေးဖြင့် အနှီးမှ စ၍ ကလေးအသုံးအဆောင် ပစ္စည်းလေးများကိုတတ်သိ
နားလည်သမျှ ရှာဖွေ စုဆောင်းမည်၊ ထို့နောက်..... မောပန်းစွာ ပြန်လည်ရောက်ရှိလာပါကလည်း.... ယောင်ယောင်လေးမျှ မထွက်နိုင်
သေးသော ကိုယ်ဝန်ကို ယုယစွာ စမ်းသပ်ခြင်း၊ နားဖြင့်ကပ်၍ နားထောင်ခြင်း..... စသော မေတ္တာဖြင့် ရူးသွပ်ခြင်းများကို ဆောင်ရွက်ပါ
လိမ့်မည်.. မိခင်သည်လည်း ကျေနပ်စွာ... မြတ်နိုးစွာ... ရင်သွေးလေးအတွက် စဉ်းစားရင်း ပီတိဖြင့် အချိန်ကုန်လွန်ခဲ့မည်သာဟု..... ။
ထို့ထက်ပိုမိုကြီးပြင်းလာသော အခါ.... ကိုယ်ဝန်လှုပ်ရှားခြင်းအတွက်လည်း. ``ကျွတ်..... ကျွတ်...... ကျွတ် ..... ´´ဟူ
သော ငြီးငြူသံဖြင့် ရင်သွေး၏ လှုပ်ခတ်မှုအတွက် ကျေနပ်နေခဲ့ပါမည်။ မိမိ....စားသုံးခဲ့သော အစာအဟာရမှတဆင့်ရင်သွေးလေးများ
ထိခိုက်မည်ကိုလည်း စိုးရိမ်ခြင်းဖြင့် အပူအစပ်များကို ရှောင်ရှားရခြင်း၊ ကျန်းမာသန်စွမ်းစေရန် ကိုယ်ဝန်ဆောင် အားဆေးများ စားသုံးရ
ခြင်းတို့ကို အချိန်အခါနှင့် အခြေအနေအရ တတ်စွမ်းသမျှ ဆောင်ရွက်ခဲ့ကြမည်ဟု....။ ဖခင်သည်လည်း မိခင်၏ ကိုယ်ဝန်အားလက်ဖြင့်
ပွတ်သပ်၍ `` သားလေးရေ...... သမီးလေးရေ...... ဖေဖေပြန်လာပြီ..... ဘာတွေလုပ်နေလဲ...... မေကြီးကို ကန်ပစ်လိုက်ကွာ....´´
စသည်ဖြင့် ပီတိ စကားလေးများကိုလည်းကောင်း. `` ကိုရေ... ကိုယ့်သား အရမ်း ဆိုးနေတယ်နော်..... မအေကို ကန်နေတယ်... ´´
စသည့် မေတ္တာ သံစဉ်များကို လည်းကောင်း...... မိခင်၏ ကိုယ်ဝန်အတွင်းမှ ကျွန်တော်တို့ ကြားသိခဲ့ရမည်ဆိုသည်မှာ သေချာပါသည်။
` `ဒါက တံတောင်လေး..... ဒါက ဒူးဆစ်လေးဖြစ်မယ်နော်.. ဒီကောင်ကြီးသန်တယ် မိန်းမရေ....မိန်းမနာနေလား....´´
စသဖြင့် ဗျာများနေသော ဖခင်ကိုလည်း စိတ်ကူးဖြင့် မြင်ယောင်မိပါသည်.... စူကားနေသော ကိုယ်ဝန်ကို လွယ်ပိုး၍ ကသိကအောက်
ပီတိဖြစ်နေသော မိခင်၏မျက်နှာအားလည်း မြင်ယောင်မိပါသည်.... ထို့အတူကျေနပ်နေကြသော မိခင်နှင့် ဖခင်တို့၏အပြုံးများကိုလည်း
စဉ်းစားရင်း စိတ်ကူးဖြင့် မြင်တွေ့ခဲ့ရပါသည်။
ကျွန်တော့်ကို မွေးဖွားစဉ်. ... မိခင်ကြီးသည် (၃)ရက်ခန့် ကမ္မဇ လှုပ်ခတ်မှုကြောင့်များစွာ နာကျင်ခဲ့ရကြောင်း၊
အားအင် ကုန်ခမ်း ခဲ့ရကြောင်း၊ အော်သံပင်ယဲ့ယဲ့လေးသာ ကျန်သည်အထိ ဝေဒနာကို ကြိတ်မှိတ် မြိုသိပ်ခဲ့ရကြောင်း.....၊ ဖခင်ကြီး
သည်လည်း..... ခြေမကိုင်မိ လက်မကိုင်မိ.... အိပ်စက်ခြင်းလည်း မပြုနိုင်ဘဲ ပျာယာခတ်နေခဲ့ကြောင်း၊ ဆရာဝန်နှင့် သူနာပြု ဆရာမ
များမှ စောင့်ကြည့် မိခင်အဖြစ် စာရင်းသွင်းခံခဲ့ရသည်မှ အားကုန်ထုတ်၍မွေးဖွားပေးခဲ့ကြောင်းများကို ငယ်စဉ်ကပင် သိရှိခွင့် ရခဲ့ပါသည်။
ကျွန်တော့်ကိုချစ်သော ချစ်ခြင်းများအကြောင်းကို မိခင်နှင့်ပတ်သက်သမျှဖခင်က ပြောပြခဲ့ပြီး၊ ဖခင်နှင့်ပတ်သက်
သမျှကို မိခင်က ဖောက်သည်ချခဲ့ပါသည်.... တစ်ကြိမ်နားထောင်တိုင်း တစ်ကြိမ်.... မိဘများကို ပိုချစ်၍ ပိုမြတ်နိုးခဲ့ရပါသည်။
ကျွန်တော်တို့ မွေးဖွားခြင်း ပြည့်စုံပြီးနောက်.... ရှင်သန်ကြီးပြင်းခြင်းတွင်လည်း မိဘများ၏ မျိုးရိုးဗီဇနှင့် ဆုံးမသွန်သင်မှု
များအရ ဘာသာရေး အခြေခံစိတ်ထားမှ အစကိုယ်ချင်းစာ တတ်စေရန်.....၊ လောကဓံကို ကြံ့ကြံ့ခံနိုင်စေရန်........၊ မေတ္တာထားတတ်စေ
ရန်.........၊ ရက်စက်တတ်သည့် စိတ်ထားများ နည်းပါးစေရန်.....၊ ခွင့်လွှတ်တတ်စေရန်.....၊ သီးခံနိုင်စေရန်.......၊ တဆင့်ပြန်လည်၍
ဆုံးမသွန်သင်တတ်စေရန်... ဆုံးမမှုကိုလည်း နာခံတတ်စေရန်.....။ လူအချင်းချင်း လေးစားတတ်စေရန်တို့ကိုလည်း သင်ကြားပေးခဲ့ကြ
ပါသည်.....။
ကျွန်တော်၏ မွေးနေ့နှင့် ပတ်သက်သော....... ဤ အကြောင်းအရာများကို စဉ်းစားမိရင်းမှ လွန်ခဲ့သော နှစ်များစွာ၏
အထက် (၁၀)လတာ ကာလကို ရောက်ရှိသွားခဲ့မိပါသည်။ ထို အချိန်ကာလများကို ဖြတ်သန်းရင်း.. ကျွန်တော် ကျေနပ်ခြင်း၊ လွမ်းဆွတ်
တမ်းတခြင်းများဖြင့် ပျော်ရွှင်နေမိပါသည်..... ကျွန်တော့်ကို မွေးဖွားချိန်သည်..... ညနေ(၅)နာရီနှင့်(၂၅)မိနစ်......။
ကျွန်တော် ဖြတ်သန်းခဲ့သမျှ ဘ၀တစ်ခုလုံး၏ အခမ်းနားဆုံးနှင့် အကြီးကျယ်ဆုံး မွေးနေ့ပွဲကို ဆင်နွှဲလိုက်ပါသည်။
ညနေ(၅)နာရီတွင် ရေမိုးချိုး၊ သပ်သပ်ရပ်ရပ် ၀တ်ဆင်ပြီး... ဘုရားကျောင်းဆောင်တွင် သောက်တော်ရေ၊ ဆီမီး၊ ပန်းနှင့် အမွှေးတိုင်
များကို ပူဇော်၍ ငါးပါးသီလ ဆောက်တည်ကာ.... ကျန်းမာစေရန်အတွက် လည်းကောင်း၊ ရောဂါဆိုးများ ကင်းဝေး၍ သူတော်ကောင်း
တရားကို ပွါးများ အားထုတ်စေနိုင်ရန်အတွက် လည်းကောင်း..... ထို့ထက်ပို၍ သူကောင်းတရား အားထုတ်ခြင်း၏ အကျိုးကို ခံစားရရှိ
စေလိုကြောင်းတို့အား မိခင်နှင့် ဖခင်တို့အတွက် ရည်စူးကာ......... နှစ်နှစ်ကာကာ ဆုတောင်းလိုက်မိပါသည်......။
ကျွန်တော် မေတ္တာပို့ အမျှဝေ၍ ဘုရားရှိခိုးပြီးချိန်တွင်... ညနေ(၆)နာရီ မထိုးသေးသော်လည်း ကျွန်တော်၏မိခင်ကြီး
ကျွန်တော့်အတွက် အသက်နှင့်လောင်းကြေးထပ်ပေးခဲ့သောအချိန်..... ဖခင်ကြီး စိုးရိမ်သောကဖြင့် ဗျာများခဲ့ရသော အချိန်တို့ကို ရှိခိုး
ပူဇော် အောက်မေ့ခြင်း၊ ဆုတောင်းမေတ္တာပိုသခြင်းဖြင့် တာဝန်တစ်ခုကို ကျေပွန်ခဲ့သူတစ်ဦး၏ .... ပီတိ စိတ်အား ခံစားရရှိခဲ့ပါသည်။
ကျွန်တော်..... ဒီနှစ် ပျော်ရွှင်ဖွယ်ရာ အကောင်းဆုံး မွေးနေ့ပွဲကို ကျင်းပဖြစ်ခဲ့ပါပြီ... ကျွန်တော် နောက်တစ်ခုကိုလဲ
သတိရမိသေးသည်... ကျွန်တော် မွေးဖွားချိန်ကို နာရီဝက်ခန့်ကျော်လွန်ခဲ့သော ဤအချိန်တွင် မေမေသည် ပင်ပန်းလွန်းသဖြင့် နွမ်းလျစွာ
ပြုံး၍ ကျွန်တော့်ကိုကြည့်ရင်း အမောတွေ ပြေပျောက်ခဲ့သလား..၊ ဖေဖေသည်လည်း ကျွန်တော့်ကို တစိမ့်စမ့်ကြည့်ရင်းဖြင့် ပီတိတွေဝေ
နေခဲ့သလား.........လို့။
No comments:
Post a Comment