“ ဟိုးကောင်းကင်မှာ လှလှပပ ပျံဝဲနေတာ ဘာငှက်လဲ ”
“ လင်းယုန်လေကွဲ့ သူတို့က အမြင့်ပျံငှက်တွေပေါ့ မင်းက ကြက်ကလေးတစ်ကောင်ပဲလေ သူတို့လိုမပျံနိုင်ပါဘူး ”
ကြက်မကြီးပြောတာကို သူဘယ်တော့မှသံသယဖြစ်မသွားပါဘူး။ သူဟာ ကြက်ကလေးတစ်ကောင်လို့ပဲ ယုံကြည်နေပါတယ်။ ဒီလိုနဲ့ ကြက်တွေလိုပဲနေထိုင်သွားလိုက်တာ သေဆုံးတဲ့အထိပါပဲ။
ဒီနေရာမှာ သူဟာ သူ့ရဲ့ ပင်ကိုအရည်အသွေးကို ပိတ်ပင်ထားတာပါ။ အကြောင်းကတော့ အမြင်ချို့တဲ့လို့ပါ။ သူ့ကိုယ်သူ လင်းယုန်တစ်ကောင်လိုပျံသန်းနိုင်တယ်လို့ မမြင်ထားပါဘူး။ သူ့ရဲ့အမြင်ကပဲ သူ့ရဲ့ဖြစ်နိုင်စွမ်းကိုပိတ်ပင်သွားတာပါ။
ကျွန်တော်တို့ဟာ ကိုယ်မြင်တာကိုပဲ အမြဲတမ်းရပါတယ်။ ကျွန်တော်တို့ရဲ့ အောင်မြင်နိုင်မှုစွမ်းအားကို အတိုင်းအဆမရှိ မြင်ထားရပါမယ်။ သို့မှသာ ကျွန်တော်တို့ရဲ့ ဖြစ်နိုင်စွမ်းတွေလမ်းပွင့်သွားမှာဖြစ်ပါတယ်။
ဒါကြောင့် သင့်ရဲ့ အောင်မြင်နိုင်မှုကိုလျှော့တွက်မထားပါနဲ့။ များများအောင်မြင်ဖို့အတွက် များများမြင်ရပါမယ်။ သင့်ကိုယ်သင် အတိုင်းအဆမရှိအောင်မြင်နိုင်သူလို့မြင်ပါ။
အောင်မျိုးခန့် (မော်ကျွန်း)
No comments:
Post a Comment