ရှေးအခါက တိုင်းပြည်တစ်ပြည်တွင် အလွန်ကြွယ်ဝချမ်းသာသော ဘုရင်ကြီးတစ်ပါး ရှိခဲ့တယ်..
ဘုရင်ကြီးသည် သူ၏အဖိုးတန်သော ၊ စိန် ၊ရွှေ၊ ရတနာ ပစ္စည်းများနှင့် ငွေတိုက်ကို ထိန်းသိမ်း စောင့်ရှောက်ရန်
သစ္စာရှိသော မင်းမှုထမ်း တစ်ဦးအလျင်အမြန် ခန့်အပ်ရန် အလိုရှိနေတော့၏။
ဘုရင်ကြီးသည် သစ္စာရှိသော မင်းမှုထမ်းရွေးချယ်ရန်အတွက် ကြံရာမရ ဖြစ်နေတာပေါ့…
မင်းမှုထမ်းရွှေးချယ်သည် မင်းမှုထမ်းသည် ဘုရင်ဘဏ္ဍာများကို အလွဲသုံးစားး မပြုမည့်သူဖြစ်ဖို့
အရေးကြီးသည် အထူးသတိပြုရမည့်  အချက်ဖြစ်သည်ဟု ဘုရင်ကြီးက တွေးဆထားတာပေါ့……
ဤသို့နှင့် ဘုရင်ကြီးသည် သူ၏ အမတ်များအား ရိုးသားသော ၊ သစ္စာရှိသော မင်းမှုထမ်း ရွေးချယ်ခန့်
အပ်နိုင်ရေးအတွက်..အကြံပြုချက်များ တင်သွင်းရန် မိန့်ကြားလိုက်တယ် အချိန်မှာ..........
အမတ်တစ်ဦး၏ အကြံပြုချက်အတိုင်း ရိုးသားသော သစ္စာရှိသော မင်းမှုထမ်း ရွေးချယ်ရန် စီစဉ်ကြတော့၏ ...
စီစဉ်ပုံမှာ ဘုရင်နန်းတော်ကြီးအတွင်း ..ခန်းနားသော ညစာစားပွဲကြီးတစ်ခု စီစဉ်ကြတော့၏..
ထိုညစာ စားပွဲသို့ မင်းမှုထမ်း တာဝန် ထမ်းဆောင်လိုသူတိုင်း တက်ရောက်ကြရန် ဖိတ်ကြားလိုက်သည်..။
တိုင်းသူ ပြည်သားများမှလည်း မင်းမှုထမ်း တာဝန်ထမ်းဆောင်လိုသူတိုင်းကိုလဲ ဘုရင်ညစာ စားပွဲသို့
တက်ရောက်ကြရန် ဖိတ်ကြားလိုက်သည် .......နန်းတော်ထဲရှိ ညစာ စားပွဲ တည်းခင်းထားရာ ခန်းမကြီးကို သွားရာလမ်းတစ်လျောက်သည် မှောင်မည်းနေတာပေါ့ .
အလှမ်းဝေးဝေးကလေးလျှောက်ရသည် ထိုလမ်း၏ ဘေးနှစ်ဘက်မှာ ရွှေဒင်္ဂါး ၊ ငွေဒင်္ဂါးများ ဖြန့်ကြဲချထားလေသည်.....ညစာ စားပွဲသို့ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တဖွဲ့ဖွဲ့ ရောက်ရှိလာကြ၏ - သို့နှင့် ညစာ
စားပွဲကြီး ပြီးဆုံးသောအခါဘုရင်ကြီးက ကြွရောက်လာသော ဧည့်ပရိတ်သတ်ကြီးအား သင်တို့စားသောက်ပြီးပါကပျော်ရွှင်စွာ ကခုန်ကြပါဟု မိန့်ကြားလိုက်သည်..။ သို့သော် မည်သူတစ်ဦးတစ်ယောက်မှ မကခုန်ကြဘဲ တစ်ဦးပြီး
တစ်ဦး နှုတ်ဆက်ကာ ခန်းမဆောင်ကြီးမှ အလျင်အမြန် ထွက်ခွါသွားကြ၏ ထိုဧည့်သည်များထဲမှ လူတစ်ဦးသည်စားသောက်ခန်းမကြီးမှ ဟိုဘက်ရွေ့လိုက် ဒီဘက်ရွေ့လိုက် ပျော်ရွှင်စွာ ကခုန်နေတော့ သည် ..။ ဘုရင်ကြီးအနားတွင် ခစားနေသော အမတ်ကြီးတစ်ဦးက ဒီလူက ရိုးသားသူပဲ သူကို အရှင်မင်းကြီး၏ ဘဏ္ဍာထိန်းအဖြစ် ခန့်ရန်သင့်တော်လှပါသည် သံတော်ဦးတင်လိုက်သည်..။
ထိုနောက် အမတ်ကြီးက အခြားသူတို့သည် အစားအသောက်တို့ကို ၀ဖြီးအောင် စားသောက်ပြီး ရွှေဒင်္ဂါး ငွေဒင်္ဂါးများကိုလည်း လိုချင်သလောက် အင်္ကျီ အိတ်ထဲသို့ ထည့်၍ယူသွားကြ၏ ။ ထိုရွှေဒင်္ဂါး ငွေဒင်္ဂါးများသည် သူတို့ကိုယ့်အိတ်ထဲတွင် ရှိနေကြ၍ သူတို့မကခုန်ရဲဘဲ ပြန်သွားကြခြင်း ဖြစ်သည်..။ ယခု ကခုန်နေသော သူမှာ ပစ္စည်း
ဥစ္စာများကို ယူထားသူမဟုတ်၍ ကခုန်နေခြင်း ဖြစ်သည်...ဤသူသည် ရိုးသားသော သူဟု အမတ်ကြီးက သံတော်ဦးတင်လိုက်လေသည်...။ အမတ်ကြီး၏ လျှောက်တင်ချက်ကို သဘောကျ၍ အမတ်ကြီးအားဆုတော်လက်တော်များပေးကာ ထိုသူအား ဘဏ္ဍာထိန်းအဖြစ် ခန့်အပ်လေသည်.......ရိုးသားခြင်းရဲ့အကျိုးရလာဒ်တစ်ခုပေါ့......
သူငယ်ချင်းတို့လဲ စဉ်းစားကြပါ....တကယ်တော့ မကောင်းမှုဆိုတာ လူတွေမသိကြပေမယ့် ကိုယ့်ရဲ့ အသိစိတ်ထဲကနေ လိပ်ပြာမယုံဖြစ်နေတာ.....ရိုးသားခြင်းဂုဏ်ဟာ လူသားတိုင်းမြတ်နိုးသင့်တဲ့ အရာတစ်ခုပါ.....သမုဒ္ဒရာဝမ်းတစ်တွာအတွက် ကြီုးစားရုန်းကန်
နေရသူတွေမို့ ..ရိုးသားခြင်းဂုဏ်ဖြင့် ...ကြီုးစားလုပ်ကိုင်ရင် ...ဘ၀ကိုကျေနပ်စွာဖြင့် သူငယ်ချင်းများ ဖြတ်သန်းနိုင်ကြပါစေ.............ဒီပုံပြင်လေးက ဆရာက စာသင်ရင်းနဲ့ပြောပြတာ ဖြစ်လို့......ဘယ်သူရေးတယ်ဆိုတာကို
လဲအတိအကျမသိပါဘူး........
No comments:
Post a Comment