တနေ့  ကျမတည်းတဲ့ မြို့ နားက ပင်လယ်ကမ်းစပ်လေးကို ရောက်ခဲ့တယ်။
ကလေးတွေကလည်းဆော့ ကစားလို့ 
ကြည့်ပါဦး--ပြာလွင်တဲ့ ကောင်းကင်ပြာမှာ ၀ါဂွမ်းဖြူ တိမ်စိုင်တိမ်လိပ်တွေကလွင့် မျော လို့ --
ပင်လယ်ရေ ကစိမ်းပြာပြီး လေညှင်းလေးက တဖြူးဖြူးနဲ့ ဂျပန်ရဲ့ နွေဦးညနေက သာယာလိုက်တာ။
ကလေးတွေကလည်းဆော့ ကစားလို့ 
လေညှင်းခံနေသူတွေ ၊ ခွေးလေးနဲ့  လမ်းလျှာက်ထွက်တဲ့သူတွေလည်းရှိတယ်
ဒီမြို့ လေးက ပင်လယ်ကမ်းစပ်မြို့လေးဆိုတော့  ပင်လယ်ပြင်ရဲ့  ရိုက်ခတ်မှုတွေ အမြဲခံရပါတယ်။
မိုးတွင်း ဆို မုန်တိုင်းတွေမပြတ်ပါဘူး။ လေတိုက်တာများ သိပ်ကြောက်ဖို့ ကောင်းတာပဲ။
အရင်နှစ် မိုးဦးလေဦး ကျမဒီမှာ မုန်တိုင်းတစ်ခု ကြုံဖူးတယ်။ တောင်ကျချောင်းရေစီးပြီး အိမ်တွေပြိုတယ်။
လေတိုက်တာများ
သိပ်ကြောက်ဖို့ ကောင်းတာပဲ။တ၀ီဝီနဲ့ မြည်ပြီး
မကောင်းဆိုးဝါးလာသလိုပဲ။လူတောင် လွင့် သွားနိုင်တယ်။သူတို့ အဆေက်အဦးတွေက
ငလျှင်ဒဏ်ခံနိုင်အောင် ဆောက် ထားကြလို့သာ မပျက်စီးတာပါ။
ဂျပန်နိုင်ငံ ဟာ ပင်လယ်ပြင်ရဲ့ နှိပ်စက်မှုဒါဏ် တော်တော်လေးခံရပါတယ်။
ဒါပေမယ့်  သူတို့ က ပင်လယ်ကို ချစ်ကြတယ် လို့ ကျမ ထင်တယ်။
စားတာတောင် ပင်လယ်ပြင်ကထွက်တဲ့ ကင်းမွန်၊ပုဇွန်၊ခရု စတဲ့ ပင်လယ်စာတွေကို မှ စားတာပါ။
ငါးဆိုလည်း
ကျမတို့ မြန်မာလို မြစ် ငါး ၊ချောင်းငါး ကို မသန့် ဘူးထင်ပြီး
ပင်လယ်ပြင်က ထွက်တဲ့ ငါးတွေကိုပဲ စားပါတယ်။ ကမ္ဘာပေါ်မှာ
ပင်လယ်စာအကြိုက်ဆုံး လူမျိုးပါ။
သူတို့ ဟာ ပင်လယ်ပြင်ရဲ့  နှိပ်စက်မှုကို ဘယ်လောက် ခံရပစေ မကြောက်ကြသလိုပဲ။
ဒီမြို
့က ဂျပန်ကြီး ကပြောတယ်---သူ့ အိမ်က ပင်လယ်ကမ်းစပ်နားမှာ ဆိုတော့ 
တစ်ကယ်လို့ ဆူနာမီ လှိုင်းလုံးကြီးတွေလာရင် သူ့ အိမ် နစ်မှာ တဲ့ ။
အမယ်--ပြောပြနေတာ အေးဆေးနော်----ဆူနာမီ လာမှာ သိပ်မကြောက်သလိုပါပဲ။
ခုပင်လယ်ကမ်းစပ် မှာအပန်းဖြေနေကြသူတွေလည်း မုန်တိုင်းတွေ ၊ ဆူနာမီတွေသူတို့ခေါင်းထဲမှမရှိကြဘူး။
ကျမ ကြုံဖူးသမျှနဲ့ ကောက်ချက်ချရမယ်ဆိုရင် ဂျပန်တွေရဲ့  လူနေမှု ပုံစံဟာ ရိုးရှင်းပါတယ်။
သူတို့ ဟာ စာကောင်းကောင်းသင်တယ်။ အလုပ်ကြိုးစားလုပ်တယ်။သပ်ယပ်သန့် ရှင်းအောင်နေတယ်။
ချမှတ်ထားတဲ့ စည်းကမ်းတွေကို တသွေမတိမ်း လိုက်နာတယ်။
လှလှပပ၀တ်ပြီး ကောင်းကောင်းစားတယ် ။ကောင်းကောင်း ပျော်ကြတယ်။
သူများကို သိပ်မစပ်စုဘူး၊ မကဲ့ရဲ့ဘူး။ သူများအကြောင်းလည်း သိပ်စိတ်မ၀င်စားဘူး။
ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စဆို ၀င်မပါတတ်ကြဘူး။
လက်တွေ့ ဆန်တယ်လို့ ပြောရမလား--ဖြစ်ပြီးသားကိုလည်းပြန်မတွေးကြဘူး။
နောင်ဖြစ်မှာကြီးကိုလည်း စိုးရိမ်ပြီး ပူပင်ကြောက်ရွ့ံမှုလည်းမရှိဘူး။
သူတို့ အလုပ် သူတို့ လုပ်နေကြတာပါပဲ။
ပြောရရင် မြတ်စွာဘုရား ဟောကြားခဲ့တဲ့  "ပစ္စုပန်ကို တည့် တည့်ရှု " ဆိုတဲ့တရားလိုပါပဲ။
ကျောင်းသားတွေကလည်း ပျော်ပျော်ရွှင်ရွှင်စာသင်နေကြတာပဲ---
ဝန်ထမ်းတွေကလည်း အလုပ်ခွင် ကို အားမာန်အပြည့် နဲ့  သွားနေကြတာပဲ---
ဈေးဆိုင်တွေကလည်းစည်စည်ကားကား ရောင်းဝယ်နေကြတာပဲ---
အားကစားသမားတွေကလည်း နိုင်ငံ့ ဂုဏ်ဆောင်နိုင်အောင် လေ့ ကျင့် နေကြတာပဲ---
တကယ်ဆိုရင် သူတို့ ဟာကြိုးတန်းပေါ်လမ်းလျှေုာက်နေကြတာပါ။
ကမ္ဘာကြီးပူနွေးပြီး ပျော်ကျလာတဲ့ရေခဲမြစ်ရည်တွေ စီးဆင်းလို့ မြင့်တက်လာတဲ့ပင်လယ်ရေပြင်နဲ့ 
အရှိန်ပြင်းတဲ
့ မုန်တိုင်းတွေ ၊ မကောင်းဆိုးဝါး ဆူနာမီ ကြီး က ရေပတ်လည်ဝိုင်းနေတဲ
့ဂျပန်ကိုအချိန်မရွေး ဖျက်ဆီးတိုက်ခိုက်နိုင်ပါတယ်။
ကျမ တောင် သူတို့ အစား တွေးကြည့်ပြီး ကြောက်လိုက်တာ။
ကျမ ဂျပန်လာတဲ့ အချိန် မုန်တိုင်းသတင်းကြားရင်ကြောက်လိုက်ရတာ။
အန္တရယ်ကင်းဖို့  ဆုတောင်းပြီး ရွတ်ဖတ်လိုက်ရတာ။
သူတို့ ကတော့ ရှောင်လွှဲမရရင် ရင်ဆိုင်တွေ့ လိုက်ကြတာပါပဲ။
တွေးကြည့် တော့ ကျမဟာ မိုးပြိုမှာကြောက်တဲ့ တစ်တီတူးငှက် လိုများဖြစ် နေပြီလားပဲနော်။
ကြောက်စရာကောင်းပြီး မာယာများလှတဲ့ ပင်လယ်ပြင်ကြီး ၀ိုင်းရံထားတဲ့  ဂျပန်လူမျိုးတွေ ရဲ့ 
ဘာမထီ စိတ်ဓါတ် မျိုး ထားနိုင်အောင်တော့ ကျမ ကြိုးစားရပါဦးမယ်။
မေတ္တာမွန်ဖြင့် 
သန္တာအောင်
No comments:
Post a Comment