ရန်ကုန်လေဆိပ်မှာ ခရီးသွားပြည်သူများ စိတ်ငြိုငြင်အောင် ပြုမူဆောင်ရွက်နေတဲ့ အထုပ်ဆွဲတွေနဲ့ တက္ကစီ ယာဉ်မောင်းတွေကို စက်တင်ဘာ ၁၂ ရက်ကစပြီး လေကြောင်းရဲတပ်ဖွဲ့ဝင်တွေက ရှင်းလင်းဆောင်ရွက်နေပါတယ်။
ရန်ကုန်လေဆိပ်အတွင်း ခရီးသွားပြည်သူတွေထံကနေ အတင်းဝင်ရောက်အထုတ်ဆွဲပြီး ပိုက်ဆံတောင်းသူတွေ၊ ခရီးသည်လုယက်ခေါ်ယူနေတဲ့ တက္ကစီမောင်းသမားတွေကြောင့် ခရီးသည်တွေ စိတ်အနှောင့်အယှက်ဖြစ်ရတယ်ကြားလို့ အခုလို ရှင်းလင်း လုပ်ဆောင်တာလို့ ရန်ကုန်လေကြောင်းရဲ အင်တာနက်စာမျက်နှာက ဆိုပါတယ်။
Aviation Police-YGN အင်တာနက်စာမျက်နှာမှာ ပြည်တွင်းပြည်ပ လေကြောင်းခရီးစဉ် အချိန်ဇယားတွေကို နေ့စဉ် အချိန်မှန် ဖော်ပြပေးလေ့ရှိသလို အဲ့ဒီစာမျက်နှာမှာ ၀င်ရောက်ရေးသားကြတဲ့ ခရီးသည်တွေရဲ့ အသံကို နားထောင်ပြီး လိုအပ်သလို လိုက်လံ လုပ်ဆောင်ပေးလေ့ရှိပါတယ်။
လေကြောင်းခရီးသည်တချို့ကတော့ အိမ်နီးချင်း ထိုင်းလေဆိပ်တွေမှာလို တိုကင်စနစ်နဲ့ တက္ကစီ ငှားနိုင်တဲ့စနစ်တရပ် ထူထောင်ပေးဖို့ အကြံပြု ရေးသားထားကြတာ တွေ့ရပါတယ်။
dvb burmese
http://www.searchmyanmar.com/link/comment/cid/53874
No comments:
Post a Comment