ဗမာ့လွတ်လပ်ရေး ရေတပ်မတော်(Burma Independence Navy - B.I.N)
ဗမာ့လွတ်လပ်ရေး တပ်မတော် (Burma Independence Army BIA) အား ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ (၂၇)ရက်နေ့ တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဂျပန်တပ်မတော်နှင့်အတူ မြန်မာပြည် စစ်မျက်နှာအား တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ဗြိတိသျှတို့ အိန္ဒိယသို့ ဆုတ်ခွာခဲ့ရသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်သည် ၁၉၄၂ ခုနှစ် မတ်လ(၈)ရက်နေ့တွင် ရန်ကုန်မြို့အား သိမ်းပိုက်နိုင်ခဲ့သည်။
ထို့အတူ ဗမာပြည်ဘုရင့်အပျော်တမ်း အရန်ရေတပ်သည် အိန္ဒိယသို့ ဆုတ်ခွာခဲ့ရာ ထိုစဉ်က မြန်မာတပ်ဖွဲ့ ဝင် အရာရှိ/ စစ်သည် အများစုသည် ရန်ကုန်မြို့တွင် ကျန်ရစ်ခဲ့ပါသည်။အရာရှိ/
ဂျပန်ခေတ်၌ ဗမာ့လွတ်လပ်ရေးတပ်မတော် (B.I.A) ကို အမြဲတမ်းတပ်အဖြစ် ပြန်လည်ဖွဲ့စည်းရန် အသေး စိတ်ဆွေးနွေးကြစဉ် မြန်မာပြည်ကာကွယ်ရေးအတွက် ဗမာ့လွတ်လပ်ရေး ရေတပ်မတော်(Burma Independence Navy - B.I.N) ကိုပါ ဖွဲ့စည်းရန် စီမံခဲ့သည်။ဗိုလ်မှူးကြီး ဆူဇူကီး (ဗိုလ်မိုးကြိုး)သည် ၁၉၄၂ ခုနှစ် ဇွန်လဆန်းတွင် ဘုရင့်အပျော်တမ်း အရန်ရေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်တင် ကြည်အား တွေ့ဆုံကာ ဂျပန်ခေတ် ရေတပ်ဖွဲ့စည်းရေးအတွက် တာဝန်ပေးအပ်ခဲ့သည်။ ယခင်ဗြိတိသျှေ ခတ် ရေတပ်ဖွဲ့ဝင်ဟောင်းများအား စုရုံးဖွဲ့စည်းခဲ့ရာ အရာရှိ(၆)ဦးနှင့် အခြားအဆင့် (၂၅) ဦး ရရှိခဲ့ပြီး ၁၉၄၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေး ရေတပ်မတော်အား စတင်ဖွဲ့စည်းခဲ့သည်။ ဗမာ့ လွတ် လပ်ရေး ရေတပ်မတော်ရုံးအား အမှတ်(၃၉၂-၃၉၆) ကုန်သည်လမ်း ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့ပြီး အင်အား တိုးချဲ့စုဆောင်းခဲ့ရာ အရာရှိ (၂၂) ဦးနှင့် အခြားအဆင့် (၈ဝဝ)ဦးအထိ စုဖွဲ့နိုင်ခဲ့သည်။ ဗမာ့လွတ်လပ်ရေး ရေတပ်မတော်တွင် ဗိုလ်မှူးကြီး တင်ကြည်သည် တာဝန်ခံဗိုလ်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အခြား အရာရှိများနှင့်အတူ ဗိုလ်ကြီး ချစ်လှိုင်သည်လည်း ပါဝင် အမှုထမ်းဆောင်ခဲ့သည်။ ဗမာ့လွတ်လပ်ရေး ရေ တပ်မတော်သည် ရေယာဉ်ငယ်များဖြင့် မြစ်ဝကျွန်းပေါ်ဒေသတွင် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ခဲ့ သည်။
ဗမာ့ လွတ်လပ်ရေး ရေတပ်မတော်အား ၁၉၄၃ ခုနှစ်တွင် ဖျက်သိမ်းခဲ့ရာ ဗမာ့ လွတ်လပ်ရေး ရေတပ်မေ တ်ာမှ တပ်ဖွဲ့ဝင်အချို့သည် ဗမာ့ ကာကွယ်ရေးတပ်မတော် (Burma Defence Army - BDA)သို့ ဝင်ရောက် အမှုထမ်းဆောင်ခဲ့ကြသည်။
တကြော့ပြန် ဗမာပြည် ဘုရင့်အပျော်တမ်း အရန်ရေတပ်
၁၉၄၅ ခုနှစ် ဇန်န၀ါရီလဆန်းတွင် စတင်ခဲ့သော မဟာမိတ်တပ်ပေါင်းစု၏ မြန်မာပြည် ပြန်လည်ထိုး စစ်နှ င့်အတူ ဗမာပြည် ဘုရင့်အပျော်တမ်း အရန်ရေတပ်မတော်သည် ရခိုင်ပြည်နယ် မေယုမြစ်ကြောင်းတွင် တိုက်ပွဲများဆင်နွှဲပြီး ရခိုင် ကမ်းရိုးတန်းတစ်လျှောက်အား တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ၁၉၄၅ ခုနှစ် မေလ (၁၀)ရက်နေ့တွင် HDML (၉) စင်းနှင့်အတူ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။
ဗမာပြည် ဘုရင့်အပျော်တမ်း အရန်ရေတပ်မတော်အား ပြန်လည်ဖွဲ့စည်းခဲ့ရာ ရက်သတ္တပတ် အနည်းငယ် အတွင်း လူအင်အား (၁၅၀၀)ကျော်မျှ လာရောက်လျှောက်ထားခဲ့သည်။ ရန်ကုန်မြို့ သိမ်ဖြူလမ်းနှင့် အေ န်ာရထာလမ်းထောင့်ရှိ စိန်ပေါကျောင်းဝင်းတွင် အရာရှိ (၄၅) ဦးနှင့် အခြားအဆင့် (၃၅၉)ဦးဖြင့် ဗမာပြည် ဘုရင့်အပျော်တမ်း အရန်ရေတပ်မတော်ရုံးအား ပြန်လည်စတင်ဖွင့်လှစ်ခဲ့သည်
ဗြိတိသျှ အစိုးရသည် ၁၉၄၇ ခုနှစ်တွင် ဗမာပြည် ဘုရင့်အပျော်တမ်း အရန်ရေတပ်မတော်အား အရာရှိ (၇၄)ဦးနှင့် အခြားအဆင့်(၇၆၃)ဦးဖြင့် အမြဲတမ်း ရေတပ်မတော်အဖြစ် ဖွဲ့စည်းပေးရန်၊ ဖရီးဂိတ် စစ်ရေ ယာဉ်(၂)စီးနှင့် HDML (၁၃)စီးတို့ဖြင့် ပါဝင်ဖွဲ့စည်းရန် စီမံခဲ့သည်။ Fair Mile ရေယာဉ်များမှာ အိုမင်းေ ဟာင်းနွမ်းနေပြီဖြစ်၍ တပ်တော်ဝင်စာရင်းမှ ဖျက်သိမ်းပြီး ဖရီးဂိတ်များ အစားထိုးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း လက်ခံခဲ့သော သမိုင်းဝင်စစ်ရေယာဉ်-မေယု
ပထမဦးစွာ ဖရီးဂိတ်စစ်ရေယာဉ် HMS.Fal အား ၁၉၄၇ ခုနှစ်၊ မေလ(၂၅)ရက်နေ့တွင် ရန်ကုန်မြစ်လယ်၌ ဗြိတိသျှရေတပ်မတော်မှ ဗမာပြည် ဘုရင့်အပျော်တမ်း အရန်ရေတပ်သို့ လွှဲပြောင်းပေးအပ်ခဲ့ရာ ထိုအခမ်း အနားသို့ ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်လက်ခံ၍ မိန့်ခွန်းပြောကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းက Fal သင်္ဘောမှာ စစ်အတွင်းက အမှုထမ်းခဲ့သည့်အပြင် ရခိုင်ပြည် မေယုမြစ်တစ်လျှောက် ဗမာ့တပ်မတော် သားများ ဂျပန်အား နှိမ်နင်းခဲ့သည်ကို မမေ့နိုင်သည့်အတွက် နာမည်ထင်ရှားစေရန် “မေယု”ဟု အမည်ြေ ပာင်းလိုက်ကြောင်း၊ထို့အတွက
ထိုအခမ်းအနားကျင်းပရာတွင် ရေတပ်ထုံးစံအရ ရေယာဉ်ပိုင်ဆိုင်သောနိုင်ငံ
ဗမာ့ရေတပ်မတော် နှင့် မြန်မာ့တပ်မတော်(ရေ)နေ့
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန် ရက်ပိုင်းအလို “၁၉၄၇ ခုနှစ်၊ဒီဇင်ဘာလ (၂၄)ရက်နေ့”တွင် ဗမာပြည် ဘုရင့်အပျော်တမ်း အရန်ရေတပ်အား “ဗမာ့ရေတပ်မတော်” အဖြစ် စတင်ဖွဲ့စည်းခဲ့သည်။ ရေတပ်ဦးစီးချုပ် အဖြစ် ဒုတိယဗိုလ်မှူးကြီးခင်မောင်
လွှဲပြောင်းလက်ခံရာ၌ စစ်သည်အင်အား၊ ရေယာဉ်အင်အား၊ လက်နက်အင်အား အစရှိသည်တို့ပါဝင်ရာ စစ်ရေယာဉ်-မေယု၊ မိုင်းရှင်းရေယာဉ် (၂)စီးနှင့် တိုက်ရေယာဉ် (၁၂) စီးသာ လွှဲပြောင်းပေးခဲ့၏။ ကျန် တိုက်ရေယာဉ်များကိုမူ အိုမင်းယိုယွင်း ပျက်စီးနေသည်ဟု အကြောင်းပြလျက် လွှဲပြောင်းပေးအပ်ရာ၌ မထည့် သွင်းဘဲ ချန်လှပ်ထားခဲ့၏။ လက်ခံရရှိသော တိုက်ရေယာဉ်များဖြစ်သည့် Harbour Defence Motor Launches (HDMLs) များကို နောင်တွင် Motor Gun Boats (MGBs) များအဖြစ် သတ်မှတ်ခဲ့ သည်။ လူအင်အားအနေဖြင့် နုတ်ထွက်ခွင့်များ ပေးလိုက်၍ စစ်သည်အင်အား (၄၀၀) ကျော်ခန့်သာ ကျန် ခဲ့ပေသည်။
ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေးကာလ
လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းသောင်းကျန်းမှု အခြေအနေဆိုးများကြောင့် ဗမာ့ရေတပ်မတော် အေ နဖြင့် စစ်သည်စုဆောင်းခြင်း၊ ရေယာဉ်တိုးချဲ့ခြင်း ၊ ကမ်းတက်တိုက်ခိုက်ရေးတပ်မျာ
ဗမာ့ ရေတပ်မတော်အနေဖြင့် ပထမဆုံးဆင်နွှဲရသော စစ်ဆင်ရေးမှာ ဧရာဝတီမြစ်ဝကျွန်းပေါ် ဖျာပုံနယ် တ၀ိုက်၌ ထကြွနေသော ကွန်မြူနစ်သောင်းကျန်းသူမျာ
ထိုအချိန်တွင် ဗမာ့ ရေတပ်မတော်၌ စစ်သည်အင်အား (၂၀၀၀)ခန့်ရှိ၍ စစ်ရေယာဉ်အင်အားအနေနှင့် တိုက်ရေယာဉ်များ၊ မြစ်တွင်းတိုက်ရေယာဉ်နှင့် နှစ်ထပ်သင်္ဘောများ၊ လက်နက်တပ်ဆင်ထားသော U.B တိုက်ရေယာဉ်များနှင့် ကမ်းတက်တပ်များ ရှိနေပါသည်။ ပြည်တွင်းသောင်းကျန်းမှုကို လက်နက်ကြီး များနှ င့်အတူ ရှေ့တန်းမှနေ၍ ကြည်းတပ်၊ လေတပ်တို့နှင့် ပူးပေါင်းလျက် တိုက်ခိုက်ဖြိုခွင်းခဲ့ကြသည
လွတ်လပ်ရေးရပြီးခေတ် ရေတပ်ကို အဘက်ဘက်မှ ကျားကန်တည်ဆောက်ခဲ့၇ာ ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေးကာလတွင် ဗမာ့ ရေတပ်မတော်သည် အင်အားအရ လည်းကောင်း၊ အတွေ့အကြုံအရ လည်းေ ကာင်း များစွာတိုးတက်ခိုင်မာ လာခဲ့ပါသည်။ လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းသောင်းကျန်းမှုများ
ထင်ရှားခဲ့သော တိုက်ပွဲစဉ်များ
လွတ်လပ်ရေးရပြီးခေတ် ရန်ကုန်နှင့် မြစ်ဝကျွန်းပေါ်ဒေသ၌ အင်းစိန်တိုက်ပွဲ၊ ၀က်ကော်တိုက်ပွဲ၊ ပုသိမ်တိုက် ပွဲ၊ တွံတေးတိုက်ပွဲ၊ သလပ်ခွာ ရွာသိမ်းတိုက်ပွဲ၊ တွံတေးမြို့သိမ်းတိုက်ပွဲ နှင့် တွံတေးဝ ရွာသိမ်းတိုက်ပွဲ၊ ကျိုက်ပါမြို့တိုက်ပွဲ၊ ထန်းတပင်တိုက်ပွဲ၊ ရွှေလောင်းတိုက်ပွဲ၊ လှိုင်းကာတိုက်ပွဲ၊ ညောင်တုန်း၊ ခေါင်ကြီး၊ ဇ လွန်မြို့တိုက် ပွဲများ၊ ဓနုဖြူတိုက်ပွဲ၊ ရခိုင်ကမ်းရိုးတန်းဒေသ၌ ရသေ့တောင်တိုက်ပွဲ၊ မြို့ဟောင်းတိုက်ပွဲ၊ ပလောင်ခေါင်းတုတ်တိုက်ပွဲ၊ တောင်ကုတ်တိုက်ပွဲ၊ မင်းဝံချောင်းတိုက်ပွဲ၊ ကျောက်တော်မြို့နယ် အပေါက်ဝ ရွာသိမ်းတိုက်ပွဲ၊ ဥဒေါင်းအင်းဒင်တိုက်ပွဲ၊ တနင်္သာရီကမ်းရိုးတန်းဒေသတွင်
အင်းစိန်တိုက်ပွဲ။ အင်းစိန်မြို့ကို သိမ်းပိုက်ထားပြီး ရန်ကုန်မြို့ကို ဆက်လက်ထိုးစစ်ဆင်သိမ်းယူရန်
ဝက်ကော်တိုက်ပွဲ။ ကြိုးပင်ကောက်အလွန် ၀က်ကော်တွင် တပ်စွဲထားသော KNDO တို့အား နှိမ်နင်းရာတွင် ကြည်းတပ်စစ်ကြောင်းများနှင်
တွံတေးတိုက်ပွဲ။ ၁၉၄၉ ခုနှစ် ဧပြီလ(၂၅)ရက်နေ့တွင် ဖြစ်ပွားခဲ့သော တွံတေးတိုက်ပွဲတွင် မြစ်တွင်း တိုက်ရေယာဉ်-ရွှေပုစွန်၊ တိုက်ရေယာဉ်(၁၄၅၆)တို့ ပါဝင်ခဲ့ရာ ရွှေပုစွန်စစ်ရေယာဉ်မှူး ဗိုလ်ကြီးထွန်း တင်မျက်နှာတွင် ရန်သူ့ကျည်ထိမှန်၍ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော်လည်း တိုက်ပွဲအောင်မြင်သည်အထိ သက်စွန့်ကြိုးပမ်းကွပ်ကဲနို
ဗမာ့ရေတပ်မတော်သည် ပြည်တွင်းသောင်းကျန်းသူများ
No comments:
Post a Comment