စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လက်နှစ်ဘက် ချို့ယွင်းသော်လည်း ခြေထောက်ဖြင့် လက်ကဲ့သို့ စွမ်းဆောင်နိုင်သူ



*****************

မြိုင် - ဇန်န၀ါရီ - ၇

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ပေါင်းတည်ကျေးရွာ အုပ်စု၊ ကံစွယ်ကျေးရွာ တွင်အဘ-ဦးရဲဇော်+အမိ-ဒေါ်အေးနွယ် တို့မှမွေးဖွားသော သမီး(၃)ဦးအနက် အကြီးဆုံးသမီးဖြစ်သူ မယမင်းထူး(ခေါ်) မ၀င်းဝင်းနွယ် (အသက်-၁၁-နှစ်)၊စတုတ္ထတန်းကျောင်းသူသည် လက်နှစ်ဘက် ချို့ယွင်းသော်လည်း အခြားသူ၏ အကူအညီ မလိုအပ်ဘဲ ခြေထောက်ဖြင့် လက်ကဲ့သို့ အရာရာ လုပ်ဆောင်နိုင်ကာ စာရေးသားခြင်း၊ မိဘများမှာ ဆင်းရဲနွမ်းပါးသဖြင့် လက်လုပ် လက်စားဘ၀ဖြင့် ရပ်တည်နေရသော်လည်း သမီးဖြစ်သူ၏ ဘ၀တွင် ကိုယ်အင်္ဂါမပြည့်စုံသော်လည်း ဘ၀ကိုအရှုံးမပေးဘဲ 


စာကြိုးစားသဖြင့် စာတော်သူအဖြစ် သတ်မှတ် ခံရခြင်း၊ မိဘများ၏ စားဝတ်နေရေး အဆင်မပြေမှုအား သမီးဖြစ်သူက ကူညီ ဆောင်ရွက်ပေးခြင်း၊ ကျောင်းပိတ်ရက် ကာလ များတွင် ကျေးရွာ ဓလေ့ မြေပဲဆွတ်ခြင်း ကဲ့သို့မိသားစုဝင်ငွေ ရရှိအောင် လုပ်ကိုင်ဆောင်ရွက်နေသူ တစ်ဦးဖြစ်ကြောင်း သိရှိရသဖြင့် လူမှုရေး ကူညီစောင့်ရှောက် လှူဒါန်းလိုပါက ဦးအောင်ကျော်မြင့်၊မြို့နယ် သတင်းထောက်၊ ဖုန်း အမှတ်၀၆၂-၄၀၂၃၆နှင့် ၀၉-၄၀၁၅၃၀၀၄၈ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။


https://www.facebook.com/photo.php?fbid=523354564429046&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...