Friday, January 10, 2014
ဆီးကျောက်တည်ခြင်းနဲ့ အစာအိမ်နာခြင်းဟာ အစာကြောင့် ဗိုက်အောင့်သလို ဆီးကျောက်ကြောင့် ဆွဲဆုပ်ကိုင်ပြီး အောင့်တတ်ပါတယ်။
အစာ သို့မဟုတ် အစာမရှိလည်း အောင့်တတ်တယ်။ အောင့်တဲ့နေရာက အစာအိမ် ဆိုရင် အရှေ့ဘက်၊ ဆီးကျောက်တည်တာဆိုရင် ခါးနောက်ကျောက အောင့်တတ်တယ်။ ဆီးကျောက်တည်ရင် ခါးနှစ်ဖက်လုံး နာပြီး ပျို့အန်တာ၊ဗိုက်နာတာ ဖြစ်လို့ အစာအိမ်နဲ့ မှားပြီး ကုကြတယ်။ ကျောက်တည်တာ သေချာအောင် တီဗွီဓာတ်မှန် ရိုက်ကြည့်ပြီး ခွဲခြား သိနိုင်ပါတယ်။ ဆီးပြွန်မှာ ကျောက်တည်ရင် အင်္ဂါစပ်အထိ နာတယ်။ ဝမ်းဗိုက်အောက်ပိုင်း ဆီးလမ်းကြောင်း တစ်လျှောက်နာတယ်။
ဆီးပြွန်ရဲ့အောက်ဆုံးပိုင်း
ဆီးနဲ့ပတ်သက်တဲ့ ဝေဒနာမပေးဘူး။ဆီးကျောက်တည်တ
ကျောက်တည်ရင် ကျောက်ကြောင့် ကျောက်ကပ် ပျက်စီးတတ်တယ်။ကျောက်တည်လို
ထုံးဓာတ်၊ သံဓာတ်များတဲ့ ဒေသမှာနေတဲ့ သူတွေ ထုံးဓာတ် ပါတဲ့ရေ သောက်မိတာကြောင့် ဆီးထဲအနည်အမှုန် များပြီး ဆီးကျောက် တည်တတ်တယ်။ ကွမ်းစားပြီး ထုံးများလို့ ကျောက်တည်နိုင်သလို တခြားရောဂါတွေ ဖြစ်နိုင်တယ်။ ကွမ်းစားတာ ကျောက်ကြောင့် ကျောက်ကပ် ပျက်စီးသလို လည်ပင်းမှာရှိတဲ့ ပါရာသိုင်းရွိုက်ဂလင်းကို ကယ်လ်ဆီယမ် မြင့်တက်ြပီး ဆီးကျောက်ဖြစ်နိုင်တဲ့ အန္တရာယ် ရှိသေးတယ်။
ဆီးကျောက်တည်တာကို ယခင်က ခွဲစိတ် ဖြတ်တောက်သော်လည်း နောက်ပိုင်းခန္ဓာကိုယ် အပြင်ကနေ တီဗွီက ကြည့်ပြီး အသံလှိုင်းသုံး စက်နဲ့ ကျောက်ချေတဲ့နည်း၊ ကိုယ်ခန္ဓာအတွင်းထဲ မှန်ပြောင်းထည့်ပြီး ချေတဲ့နည်း သုံးပြီး ကုသကြတယ်။
ဆီးကျောက်တည်ခြင်း မဖြစ်အောင်၊ ဆီးလမ်းကြောင်း ပိုးမဝင်ရအောင် သန့်ရှင်းစွာ နေထိုင် စားသောက်ရမယ်။ မှို၊ မျှစ်၊ တညင်းသီး တို့လို ယူရစ်အက်စစ်များတဲ့ အစားအစာ၊ ဟင်းနုနယ်၊ စတော်ဘယ်ရီတို့လို အောက်ဇာလိတ် များတဲ့ အစားအစာ၊ ကယ်လ်ဆီယမ်ဓာတ် များတဲ့အစားအစာတွေ အလွန်အကျွံ မစားရဘူး။ ရေကို ကျိုချက် သောက်သင့်တယ်။ တစ်နေ့ကိုရေနှစ်လီ တာသောက်ပြီး ချွေးထွက်များရင် သည့်ထက် ပိုသောက်သင့်တယ်။
ရေများများ သောက်လို့ ဆီးသွားရင် ဆီးထဲ အနည်အနှစ်တွေ ကျောက်မဖြစ်တော့လို့ ကြိုတင်ကာကွယ်နိုင်ပါတယ်။ ။
https://www.facebook.com/photo.php?fbid=524573187640517&set=a.351047714993066.7
ReplyDeleteကျေးဇူးပြု၍ဖြေပေးပါခင်ဗျား။ ကျတော့မှာ ဆီးလမ်းကြောင်းပြဿနာဖြစ်နေပါတယ်။ လိင်တံအလယ်လောက် ဆီးလမ်းကြောင်းမှာ အကြိတ်လိုလိုဖြစ်နေပါတယ်။ အစတော့ အကြိတ်လို့ထင်နေခဲ့တယ်။ အခုတော့ ကျောက်တည်နေလားလို့ သံသယဖြစ်လာတယ်။ ဆီးသွားရင် ဆီးလမ်းကြောင်းပိတ်နေသလိုနဲ့ ဆီးပူဆီးအောင့် ဖြစ်ပါတယ်။ ဆီးအနည်းငယ်ကျန်နေတာမျိုးဖြစ်နေပါတယ်။ ဝေဒနာခံစားနေရတာ ၈ လလောက်ရှိပါပီ။ ကျေးဇူးပြု၍ဖြေကြားပေးပါ ခင်ဗျား။