-- အလှကို လူတိုင်းမက်၏။
-- အလှပြင်တတ်လျှင် ပြင်သူပါမက မြင်သူပါ မက်၏။
ထိုအလှသည် သီလဖြင့် ပြင်ဆင်သူ၏အလှက အသာဆုံးပင်။
-- သီလပြည့်သဖြင့် မာနမရှိသူ၏ အလှသည် သနားစရာ အကောင်းဆုံး။
-- သီလပြည့်သဖြင့် ဒေါသမရှိသူ၏အလှသည် ချစ်စရာ အကောင်းဆုံး။
-- သီလပြည့်သဖြင့် ရာဂမရှိသူ၏အလှသည် မြတ်နိုးစရာ အကောင်းဆုံး၊
-- သီလပြည့်သဖြင့် မောဟမရှိသူ၏အလှသည် ကြည်ညိုစရာ အကောင်းဆုံး။
သီလမပြည့်၊ စင်ကြယ်ခြင်းမရှိသူ၏အလှကား မည်မျှပင် အပြင်အဆင်ကောင်း
စေ အချောမှထွက် အလှဘက် မထွက်ပြီ။
မဟာဗောဓိမြိုင်ဆရာတော်
No comments:
Post a Comment