စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မင်းသားဝီလျံရဲ့ ဖခင်ဘဝ


                      
အင်္ဂလန်က အိမ်ရှေ့ နန်းလျာ မင်းသားဝီလျံကို ကွယ်လွန်သူ မင်းသမီးဒိုင်ယာနာ၏ ချစ်စဖွယ်သားတော် မင်းသားလေးအဖြစ်သာ လူတွေကမြင်ခဲ့ ကြပါသည်။ အရွယ်ရောက်လာသည့်မင်းသားဝီလျံက ကြင်ယာတော်ကိတ်မစ်ဒဲလတန်ခေါ် ကက်သရင်းမစ်ဒဲလတန်နှင့် မင်္ဂလာဆောင်နှင်းခဲ့ပြီး နောက်မှာ မင်းသားလေးဂျော့်ခ်ျကို ပြီးခဲ့သည့် ဇူလိုင်လ ၂၂ရက်နေ့ကဖွားမြင်ခဲ့ပါသည်။

မင်းသားလေးကိုသူဖွားမြင်သည့်စိန့် မေရီဆေးရုံကနေ အိမ်ကို
ခေါ်သွားသည့်နေ့ မှာ ဖခင်ဖြစ်သူမင်းသားဝီလျံက မင်းသား တပါးလို ကိန်းခန်းတကြီး မလုပ်ဘဲ ကားကို သူကိုယ်တိုင်မောင်းပြီး ကလေးပုခက်ကိုတင်ကာ အိမ်ကိုခေါ်သွာ့းသည့် အတွက် လူတွေ တအံတအားဖြစ်ခဲ့ရပါသည်။
ထို့ အပြင် မင်းသားဝီလျံနှင့်ကိတ်မစ်ဒဲလတန်တို့ တခြားတော်ဝင် စံနှုန်းတွေနှင့်ဆန့်ကျင်ကာ ကလေးကို အနှီးလဲပေးသည်ကအစ ကိုယ်တိုင်ပြုစုလုပ်ကိုင်ပေးခဲ့ ပါသည်။ တချိန်တွင်အင်္ဂလန့်ပြည့်ရှင်
ဘုရင်တပါးဖြစ်လာမည့် မင်းသားဝီလျံ၏ သားတယောက်ဖခင် တဦးရဲ့ ဘ၀ ဆိုသည်ကို

စီအန်အန်ရုပ်သံက မေးမြန်းခဲ့ရာတွင်

ဝီလျံ။ တကယ့်ကိုထင်ထားတာထက်ပို အံအားသင့်ရတာ၊
ခြောက်ခြားမိတာကတော့ ကျနော်ခံစားရတဲ့ ခံစားမှုပေါ့ဗျာ။ တကယ့်ကို ကြီးကျယ်ပါတယ်။ ကက်သရင်းလည်း အဲလိုဘဲဂျော့နဲ့ ပတ်သက်ပြီး ဘယ်သူကဘဲသူ့ ကိုတွေ့ ချင်တွေ့ ချင် ကလေးကို ပြရတာကို ကျနော်တို့ ကပျော်ကြတယ်။ အခုမှ ကလေးမိဘဖြစ်ဖူးတဲ့ လူတိုင်းသိပါတယ်။ ကိုယ့်ကလေးကို ပြရတာကိုဘဲ ပျော်နေတာလေ ။ အသေအချာပြောရရင်တော့ သားကလေးက ချောတယ်ဗျာ ။ ဒါမှမဟုတ်ရင် သူက အကောင်းဆုံးတွေရထားတယ်လို့ ပြောရမယ်။

မေး။ အခုလို အနေအထားနဲ့ ရောအဆင်ပြေရဲ့ လား။
ပြေပါတယ် ။ဒါက ကျနော်သဘောကျတဲ့  ပုံစံမျိုးတော့မဟုတ်ဘူး။ ဒါပေမယ့် ကျနော်လုပ်ဖို့ လိုတဲ့ အနေအထားပေါ့။ သိတဲ့ အတိုင်းဘဲ လူတွေကလည်း ဂျော့်ခ်ျကို တွေ့ ချင်ကြတယ်။ ကျနော်ကတော့ လမ်းမှာသူ အသံပြဲကြီးနဲ့ ငို မချတာဘဲ ၀မ်းသာနေရတယ်

မေး - ကလေးကားထိုင်ခုံလေးကိုသယ်ပြီး ဆေးရုံကထွက်လာတော့ ကလေးအဖေတွေက မင်းသားတန်မဲ့ ဒီအလုပ်ကို လုပ်ရသလား မေးငေါ့မှာကို မထည့်တွက်ဘူးလား။

ဝီလျံ။ တကယ်ပြောတာပါ။ ဒါကျနော့်အတွက်တော့ ပထမဆုံးအကြိမ်မဟုတ်ဘူး။ လူတွေလျှောက်ပြောနေမှာ ကျနော်သိပါတယ်။ ဒါမျိုးအလုပ်တွေ ကျနော်လုပ်ဖူးပါတယ် ။တကယ့်ကို လုပ်ဖူးတာပါ။ ကျနော်စိတ်ပူနေတာတခုဘဲရှိတယ် ကလေးပြုတ်ကျသွားမှာနဲ့ ကားတံခါးကောင်းကောင်း ကောင်းမပိတ်မှာကိုပါ။ ဒါမျိုးကို ကျနော် တခါလောက်ဘဲ အရင်က ကျင့်ထားဖူးတာ။

မေး အဲဒိတုန်းကဆေးရုံကနေ မင်းသားကကားကို ကိုယ်တိုင်မောင်းသွားတာကို ကျနော်ကောင်းကောင်းမှတိမိပါတယ်။ အဲဒိလို တွေ့ ရတာ တကယ့်ကို စိတ်လှုပ်ရှားစရာပါဘဲ။ ကိုယ့်မိသားစုကို အဲလို ကိုယ်တိုင်ကားမောင်းခေါ်သွားဖို့ 
ဘယ်လိုဆုံးဖြတ်ခဲ့ ပါသလဲ။

ဝီလျံ ။ ဒါကတော့ ကျနော့်ဖာသာ လုပ်ချင်တာကို လွတ်လွတ်လပ်လပ်လုပ်လို့ ရနိုင်တဲ့ ကဏ္ဍပါ။ ကက်သရင်းနဲ့ ဟယ်ရီလဲအဲလိုပါဘဲ။ ကျနော်တို့ က တခြားလူတွေနဲ့ မတူဘဲကြီးပြင်းလာရတယ်။ ဒီမှာကျနော်ကဘယ်လိုခံစားရသလဲဆိုတော့ ကျနော်ဖာသာလုပ်နိုင်တဲ့ အရာဆို ကိုယ့်ဖာသာဘဲလုပ်ချင်ပါတယ်။
တခါတလေ ကိုယ့်ဖာသာမလုပ်နိုင်တဲ့ အချိန်၊ စည်းမျဉ်းတွေက ခွင့်မပြုလို့ မသင့်တော်လို့ မလုပ်ရတဲ့ အခါတွေရှိတယ်။ အခုလို ကိုယ့်မိန်းမနဲ့ သားကို ဆေးရုံကနေ ခေါ်သွားဖို့ ဆိုတာက ကျနော့်အတွက်အရမ်းကို အရေးကြီးတယ်။ ကြီးကြီးကျယ်ကျယ် လုပ်နေရတာကိုကျနော်မကြိုက်ဘူး ဒါကြောင့်ကိုယ့်ဖာသာကိုယ် လုပ်ပလိုက်တာပါ။

မေး။ အဲဒါကို မြင်လိုက်ရတဲ့ ကျနော်တို့ တွေအတွက်ကတော့ ဒါဟာ မင်းမျိုးမင်းဆက်တွေ ခေတ်မှီလာတာလားပေါ့။ ဒါက ကိုယ့်ပုံစံနဲ့ ကိုယ်လုပ်တာလား ။မင်းသားနဲ မင်းသားရဲ့ ဇနီးက ဒါတွေကို ကိုယ့်ပုံစံနဲ့ ကိုယ်လုပ်မယ်ဆိုတဲ့ သဘောလား

ဝီလျံ။ ကျနော်ကတော့ ကိုယ်ဖာသာ ကိုယ်လုပ်လိုက်တာဘဲ။ မှန်တယ်ဆိုရင်လည်း ကောင်းတာပေါ့ ဒါဟာမှားနေရင်လည်း ပိုကောင်းလာအောင်လုပ်ရမှာပေါ့ ။ကျနော်ကတော့ ကျနော်ယုံကြည်တာအတွက် တာဝန်ယူရဲပါတယ် ။ကျနော့်အနားမှာလည်း ကုညီကြတဲ့ အကြံပေးကြတဲ့ လူတော်လူကောင်းတွေ အများကြီးရှိပါတယ်။ ကလေးကတော့ ခုနေခါမှာနည်းနည်းတော့ ဒုက္ခပေးနေတာပေါ့နော်။ သူက ကျနော်ဒါမှမဟုတ် ကျနော့်ညီ ငယ်ငယ်တုန်းကဘ၀ကို သတိရစေတယ်။ အခုနေတော့ သူကအေးဆေးပါဘဲ ။ သူ့ ရဲ့ အနှီးလဲပေးတာကိုလည်း လက်ခံလာပါပြီ

မေး။သူရဲ့ ပထမဆုံး အနှီးလဲပေးတာက မင်းသားကိုယ်တိုင်ဘဲလား

ဝီလျံ။ ဒါပေါ့ ကျနော်ကိုယ်တိုင်လဲပေးတာ။ သူနာပြုဆရာမတွေက ဒါမျိုးလုပ်ရသလားလို့ ကျနော့် ကိုစိုက်ကြည့်ကြတယ်။ သားလေးက ငယ်ပါသေးတယ်။ ဒါပေမဲ့ ထွားတာမြန်တယ်။ သူကတော့တကယ့်ကောင်ဘဲဗျာ။ သိပ်လဲ မအိပ်ချင်ဘူး ။အဲဒါလေးက တော့ နည်းနည်းပြသာနာရှိတယိ

မေး- ဒါဆိုမင်းသားညဘက်မအိပ်ရဘူးပေါ့

ဝီလျံ- ကျနော်ကတော့ နည်းနည်းပါပါးပါဗျာ။ ကက်သရင်းလောက်တော့ မဟုတ်သေးဘူး ။သူကတော့ တကယ့်ကို တော်တဲ့ မိခင်ပါ။

မေး- ကက်သရင်းရေ နေကောင်းရဲ့ လားခင်ဗျာ
ဝီလျံ ကောင်းပါတယ်ခင်ဗျာ။ ကက်သရင်း ရယ်အခုေ၈ျာ့ခ်ျရယ်ကတော့ ကျနော့်အတွက် ဦးစားပေးရမယ့်သူတွေပေါ့ ။အော် …လုပို ( ခွေး) လည်းပါသေးတယ်ခင်ဗျ

မေး အော်ကျနော်လည်းမေးမလို့ လုပိုရောဘယ်လိုနေလဲ ။အသားကျနေပလား

ဝီလျံ .။ လုပို က ကျနော်တို့ နဲ့ အသားကျနေပါပြီ။ခွေးမွေးတဲ့ လူတွေ သိတဲ့  အတိုင်းဘဲ ခွေးအသစ်တကောင်မွေးရတာတော့ နည်းနည်း အလေ့အကျင့်ဖြစ်ဖို့ အချိန်ယူရတယ် ။ကျနော်ခွေးကတော့ အခုထိအဆင်ပြေပါတယ်။ သူကတော့ အိမ်ပတ်ပတ်လည်
လျှောက်တူးနေတာဘဲ။ ကြည့်ရတာသူ ပျော်ပုံရပါတယ်

မေး။ - မင်းသားရော ဘယ်တော့ အလုပ်ခွင်ပြန်ဝင်မလဲ

ဝီလျံ။ အင်း။ ကလေးအဖေတချို့ တော့ သိကောင်းသိကြပါလိမ့်မယ်။ ကျနော်တကယ်ကို အလုပ်ကို ပြန်သွားချင်နေတာပါဗျာ ( ရယ်လျှက်)

မေး။ အိပ်ရဖို့ အတွက်လား

ဝီလျံ။ အိပ်ရဖို့ အတွက်ပေါ့။ တကယ်ပါ။ ကျနော်တော့ ပထမဆုံးအလုပ်အဆိုင်းကျရင် ညပိုင်းအလုပ်မကျပါစေနဲ့ လို့ 
မျှော်လင့်တာဘဲ

မေး။ မင်းသားငယ်ငယ်တုန်းက မင်းသားအဖေမင်းသားချာလ်းစ်က နားထဲကိုတိုးတိုးကပ်ပြီး စကားပြောချင်ယောင်ဆောင်ပြတာလေးကို မှတ်မိမှာပေါ့ ။အဲဒါမျိုးလေးကို မင်းသားက အတုယူပြီး မင်းသားလေးဂျော့် ခ်ျကို လုပ်ပြအုန်းမှာလား

ဝီလျံ။ ဒီအရွယ်မှာ အဲလို မျိုးလည်းလုပ်ကောင်းလုပ်မယ်။ ကျနော့် အခန်းထဲမှာ ဆင်ရုပ်နဲ့ ကြံရုပ်တွေထားမယ်ဗျာ အဲဒါတွေကို ခြံပုတ်လိုပုံစံတွေနဲ့ ကာမယ်။ သူ့ ကို တောခြုံထဲမှာကြီးလာတာမျိုးဖြစ်လာအောင်လုပ်မယ်။ အခုလောလောဆယ်တော့ ကျနော်ကတော့ သားကို ပိုပြီးအိပ်စေချင်တယ်။ အနှီးကိုလည်း ခဏခဏမလဲပေးချင်ဘူး။ ပြီးခဲ့ တဲ့ ရက်ပိုင်းတွေတုန်းက ကျနော်အတွက်တော့ စိတ်လှုပ်ရှားရတဲ့ အတွေ့ အကြုံတွေပါ။ ကျနော်ဒါမျိုးတွေ့ ကြုံခံစားရမယ်လို့ ကို ဘယ်လို မှမထင်ခဲ့ တာ။အချိနိတိုအတွင်းမှာ တော်တော်များများက ကျနော့် ကို ပြောင်းလဲသွားစေတယ်။

(ထားထားမြင့်ဘာသာပြန်ဆိုသည်)


 https://www.facebook.com/photo.php?fbid=520928661338303&set=a.3510477149930

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...